ပဲခူးတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ဘဏ်ချေးငွေမူစနစ်
၁။ (က) တောင်သူလယ်သမားများ၏ဆန္ဒ(Demand)အရသာချေးယူစေရမည်။
(ခ) လုပ်ကွက်ငယ်လုပ်ကိုင်သော တောင်သူလယ်သမားများအား ဦးစားပေးသည့် အနေဖြင့် သီးနှံ(၁၀)ဧကအထိ လုပ်ကိုင်သူများကို ချေးငွေထုတ်ချေးပေးရမည်။ ငွေထုတ်ချေးရာတွင် ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသူများကိုသာ ချေးငွေစီစစ်ရေး အဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် ငွေချေးယူသည့်အဖွဲ့၀င်များအချင်းချင်း စုပေါင်း အာမခံချက်ဖြင့် ထုတ်ချေးရမည်။
(ဂ) မြို့နယ်ဘဏ်ခွဲများသို့ ကိုယ်တိုင်လာရောက်ချေးယူရမည်၊ ပေးဆပ်ရမည်။
ချေးငွေစည်းကမ်းသတ်မှတ်ချက်များ
၂။ (က) အချိန်စေ့ရောက်ပြီးနှစ်စဉ်ချေးငွေ၊ နှစ်တိုချေးငွေ၊ နှစ်ရှည်ချေးငွေ၏ အရစ်ကျ ငွေအရင်း၊အတိုး များပြေကျေရမည်။
(ခ) သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ရရှိပြီးသူဖြစ်ရမည်။
(ဂ) ဘဏ်တွင်ငွေစုစာရင်းဖွင့်လှစ်ထားပြီးသူဖြစ်ရမည်။
(ဃ) တောင်သူလယ်သမားဆန္ဒအရ ပါ၀င်သော တောင်သူလယ်သမား(၃)ဦးပါ၀င် သည့်အဖွဲ့ဖြင့်ထုတ်ချေးရမည်။
(င) ချေးငွေကိုဘဏ်ကသတ်မှတ်သည့် ကောက်ခံရေးကာလအတွင်း ကျသင့်အတိုး နှင့်တကွ ပြေကျေစွာပေးဆပ်ရမည်။
(စ) ချေးငွေပြေကျေရန်အတွက် ကိုယ်စီကိုယ်ငှဖြစ်စေ၊ တွဲဖက်၍ဖြစ်စေတာ၀န်ယူရ မည်။ ငွေချေးယူသူတစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင်ချေးယူငွေအတွက်သာ မက မိမိအဖွဲ့ပါကျန်(၂)ဦး၏ ချေးငွေအရင်းနှင့်ကျသင့်အတိုး၊ ဒဏ်တိုးများပြေ ကျေရေးအတွက်လည်း စိုက်လျော်ပေးသွင်းရန် အပြည့်အ၀တာ၀န်ယူကြောင်း ၀န်ခံကတိပြသူဖြစ်ရမည်။
(ဆ) မိမိကိုယ်တိုင်ချေးယူသော ချေးငွေအရင်း၊ အတိုးများပြေကျေပြီးဖြစ်စေကာမူ ကျန်(၂)ဦးချေးယူသော ချေးငွေအရင်း၊ အတိုးများပြေကျေခြင်းမရှိပါက အဖွဲ့၀င် (၃)ဦးလုံးသည် ချေးငွေသစ်ထုတ်ချေးရန် ဘဏ်သို့တင်ပြတောင်းဆိုခြင်းမပြုရ ပါ။
ချေးငွေနှုန်းထား
၃။ မိုးစပါးတစ်ဧကလျှင်ကျပ် (၁၅၀၀၀၀)နှုန်း၊ အခြားသီးနှံတစ်ဧကလျှင်ကျပ် (၂၀၀၀၀)နှုန်းထုတ်ချေးပေးမည်။
အတိုး၊ ဒဏ်တိုး
၄။ (က) ထုတ်ချေးငွေအပေါ်တွင် ငွေကျပ်(၁၀၀)လျှင် (၁)နှစ်(၈)ရာခိုင်နှုန်းအတိုး ကောက် ခံရမည်။
(ခ) ချေးငွေပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်ထက် ကျော်လွန်ပါက ကျသင့်သောအတိုးအပြင် ကျော်လွန်သောကာလအတွက် ငွေကျပ်(၁၀၀)လျှင် (၁) လ (၁)ကျပ်နှုန်းဖြင့် ဒဏ်တိုးပါကောက်ခံရမည်။
အထူးသတိပြုရန်အချက်
၅။ (က) တောင်သူလယ်သမားအနေဖြင့် ချေးယူထားသည့်အတိုင်း စိုက်ပျိုးခြင်းမရှိလျှင် ချေးယူငွေနှင့်တကွ ကျသင့်အတိုးကို ချက်ချင်းပြန်လည်ပေးသွင်းစေမည့်အပြင် လိုအပ်ပါက လိမ်လည်မှုဖြင့် တရားဥပဒေအရ အရေးယူရမည်။
(ခ) ချေးငွေပေးဆပ်ရန် ပျက်ကွက်သူများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ လည်းကောင်း၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း၊ ချေးငွေ အရင်း၊ အတိုး၊ ဒဏ်တိုးများပြေကျေသည့်အထိ အရတောင်းခံရမည်။
(ဂ) ချေးငွေထုတ်ချေးရာတွင် မြို့နယ်အလိုက် သက်ဆိုင်ရာဌာနမှ သတ်မှတ်ထား သည့် သီးနှံအလိုက် စီမံကိန်းစိုက်ဧကထက် ကျော်လွန်ထုတ်ချေးခြင်းမပြုရ။
(ဃ) မြို့နယ်ဘဏ်ခွဲများသည် တောင်သူလယ်သမားများ၏ ချေးငွေပေါ်မှ မည်သည့် အကြောင်းနှင့်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဂိုက်၍ဖြစ်စေ၊ ဖြတ်တောက်ခြင်း၊ တောင်းယူခြင်း၊ ကောက်ခံခြင်း၊ ခုနှိမ်ခြင်းမပြုရ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ပဲခူးတိုင်းဒေသကြီးဘဏ်ခွဲ