Home / လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး

default-img

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ

ရည်ရွယ်ချက်

ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရန်နှင့် အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားကတ် ထုတ်ပေးနိုင်ရန်။

လုပ်ငန်းတာဝန်  

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လက်ရှိနေထိုင်ရာဒေသတွင် အနည်းဆုံး(၃)နှစ်အထက် အခြေချနေထိုင်ခဲ့ပြီး၊ ကျူးကျော်မြေတွင် နေထိုင်ခဲ့ခြင်း မဟုတ်ပါက မူလဒေသသို့ မိမိဌာနအချင်းချင်း ဖုန်း(သို့မဟုတ်)Fax တို့ဖြင့် ဆက်သွယ် စိစစ်ပြီး မှန်ကန်မှုရှိပါက အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်ရုံအလုပ်ရုံရှိ အလုပ်သမားများ၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသော သူများအား စက်ရုံအလုပ်ရုံအလိုက် ကွင်းဆင်း စာရင်းကောက် ယူ ဆောင်ရွက်ပေးခြင်း အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း ။

ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအား ၂၀၀၈-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၈)၊ ပုဒ်မ-၃၅၅တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသလိုက်မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်ဟု ပါရှိသဖြင့် ယင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ နေထိုင်ခွင့်ရှိရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း။