Home / ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ပြန်ဆက်

ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏

ရည်မှန်းချက်၊ မူဝါဒ

၁။       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ရည်မှန်းချက်တာ၀န်(၃)ရပ်ကို အကောင် အထည် ဆောင်ရွက်လျှက်ရှိပါသည် −

(က)   ဒေသခံပြည်သူများနှင့် အစဉ်ထိတွေ့ဆက်စပ်လျက် မိမိဌာနအပေါ် ရင်းနှီးယုံကြည် သက်ဝင်သူများ တိုးပွားလာစေရန်

စည်းရုံးရေး။

(ခ)    မိမိဌာနအပေါ်သက်ဝင်ယုံကြည်သူ ပြည်သူများအား အသိပညာနှင့် ဗဟုသုတများ တိုးပွားစေပြီး အမျိုးသားရေးစိတ်ဓါတ်

အစဉ်နိုးကြားရှင်သန်နေသည့် အင်အားစုများ ဖြစ်ပေါ်လာစေရန် တည်ဆောက်ရေး။

(ဂ)    ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီးပေါ်ထွန်းလာရေး အတွက် အမျိုးသားရေးစိတ်ဓါတ်အစဉ် နိုးကြား

ရှင်သန်နေသည့် ပြည်သူများ၏ အင်အားကို ရယူအကောင်အထည်ဖော်ရေး။

၂။       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လမ်းညွှန်မူဝါဒ (၉)ချက်

(က)   သိသင့်သိထိုက်သောသတင်းများကို ပြည်သူများသိရှိစေပြီး မမှန်မကန် သတင်း များ လျော့ပါးပျောက်ပြယ် သွားစေရန်။

(ခ)    အများပြည်သူလူထု ပညာဗဟုသုတရှာမှီး ရရှိစေရန်။

(ဂ)    လူထုဆက်သွယ်ရေးပစ္စည်းများကို ပြည်သူများအသုံးချတက်သည့် အလေ့အထ ရရှိစေရန်။

(ဃ)   လူထုဆက်သွယ်ရေးပစ္စည်းများ၏ ထုတ်လုပ်၊ ထုတ်လွှင့်ချက်များကို အများ ပြည်သူတို့ ဆင်ခြင်စဉ်းစား၊ ချင့်ချိန်တက်ပြီးမှ

လက်ခံယုံကြည် တက်စေရန်။

(င)    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်။

(စ)    သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို ဆောင်ရွက်ရန်။

(ဆ)   ကမ္ဘာ့လူသားတစ်ရပ်လုံးကို ထိခိုက်စေနိုင်သော ရောဂါများ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူလူထု

ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ရန်။

(ဇ)     စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာကြည့်တိုက်ပညာရပ်များ ပြန့်ပွားရေးအတွက် စနစ်တကျ

ဆောင်ရွက်ရန်။

(စျ)    အမျိုးသားနိုင်ငံရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ပြည်သူ့ဆက်ဆံရေးလုပ်ငန်း များကို ဆောင်ရွက်ရန်။