Home / ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒေသ(၃)၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

       ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်မှ တိုးတက် ထုတ်လုပ်လျှက်ရှိသော ကုန်စည်များစီးဆင်းမှုမှန်ကန်စေရေးနှင့် ခရီးသည်များအဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး၊ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းဆိပ်ကမ်းများ တည်ဆောက်မှုထိန်းသိမ်းရေး၊ ကမ်းနားရှိစက်ရုံအလုပ်ရုံများမှ ထုတ်ကုန်များပြည့်ဝစွာ သယ်ယူ ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

ရည်မှန်းချက်

    ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  နိုင်ငံတော်၏ ရေတယံဇာတများဖြစ်သည့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများကို ဖွံ့ဖြိုး

တိုးတက်စေပြီး အကျိုးရှိစွာအသုံးချနိုင်စေရန်။

(ခ )  ပြည်တွင်းမြစ်ကြောင်းသွား ရေယာဉ်ကြီး / ငယ်များအန္တရာယ်ကင်းရှင်းစွာဖြင့်လွယ်ကူ

ချောမွေ့စွာသွားလာနိုင်စေရန်။

(ဂ )  မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ကာကွယ်တားဆီးရန်။

ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်း

တာဝန်များများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  မြစ်များရေလမ်းကြောင်းကောင်းမွန်ပြီးမြို့ဆိပ်ကမ်းများမပြောင်းရွှေ့ရဘဲတစ်ဆယ့်နှစ်

ရာသီအသုံးပြုနိုင်စေရန်။

( ခ ) မြို့ရွာများရေတိုက်စားမှုမှ ကာကွယ်ရန်။

( ဂ ) မြို့များအလိုက်စိုးရိမ်ရေမှတ်များသတ်မှတ်ရာတွင်မှန်ကန်မှုရှိစေရေးအတွက်ပေါင်းစပ်

ဆောင်ရွက်ရန်။

(ဃ) မြစ်ရေအားသောက်သုံးရေအဖြစ်လည်းကောင်း၊စိုက်ပျိုးရေအဖြစ်လည်းကောင်းတစ်ဆယ့်

နှစ်ရာသီ အသုံးချနိုင်စေရန်အတွက်ညှိနှိုင်းဆောင်ရွက်ရန်။

( င) နယ်စပ်မြစ်များတွင် မိမိနိုင်ငံပိုင်မြေမဆုံးရှုံးစေရေးအတွက်ကာကွယ်တားဆီးရန်။

( စ) စီမံကိန်းဝင်   မြစ်ကူးတံတားကြီးများ     ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်   စစ်ဆေး

တင်ပြရန်။

(ဆ) ရေထုညစ်ညမ်းမှုမပေါ်ပေါက်စေရေးအတွက် စည်းကမ်းသတ်မှတ်ကွပ်ကဲရန်။

( ဇ) မြစ်ကြောင်းများ     ရေအနက်မြင့်မားလာစေရေးနှင့်     ရေယာဉ်များ ဝန်တင်အလေးချိန်

တိုးတက်တင်ဆောင်သွားလာနိုင်စေရန်။

ဥပဒေ

၄။           ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးနည်ဥပဒေကို အောက်ဖော်ပြပါ ရည်ရွယ် ချက်များဖြင့် ၂၀၀၆ – ခုနှစ်၊ အောက်တိုဘာလ ( ၂ )ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။

(က)  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများကို ပြည်သူများအကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက်
ထိန်းသိမ်းကာကွယ်ရန်။

( ခ )  မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန်။

( ဂ )  ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီးပွါးရေး

ဖွံ့ဖြိုးတက်မှုကို အထောက်အကူဖြစ်စေရန်။

(ဃ)  သဘာဝပတ်ဝန်းကျင်  ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန်။