Home / လမ်းဦးစီးဌာန

လမ်းဦးစီးဌာန

Construction

ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန

 ရည်ရွယ်ချက်

 ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းနှင့် တံတားများအား ရေရှည်တည်တံ့ တိုးတက်ကောင်းမွန်ရန်ရည်ရွယ်ပါသည်။

 လမ်းဦးစီးဌာန  ၏ လုပ်ငန်းတာဝန်များ

(က)   လမ်း နှင့် တံတားများကို  လမ်းစီမံချက်ဖြင့် ဖောက်လုပ်ခြင်း၊ တည်ဆောက်ခြင်း နှင့် မွမ်းမံပြုပြင်ထိန်းသိမ်းခြင်း။

(ခ)    နိုင်ငံပိုင် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် မွမ်းမံပြုပြင်ထိန်းသိမ်းခြင်း။

(ဂ)    တည်ဆောက်ရေးလုပ်ငန်းများအတွက် အကြံဉာဏ်ပေးခြင်း။

(ဃ)   တည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပစ္စည်းအချို့ကို ထုတ်လုပ်ခြင်း၊ ကိုင်တွယ်သုံးစွဲခြင်း စသည့်ကိစ္စရပ်များ၌ စက်ကိရိယာများ အသုံးပြု၍ ဆောင်ရွက်နိုင်ရန်  စီမံချက်များ၊ အစီအစဉ်များ ချမှတ်ပေးခြင်း။

(င)    တည်ဆောက်ရေး နှင့်  သက်ဆိုင်သည့် ပစ္စည်းများ၊  ကိရိယာများ၏  လိုအပ်ချက်ညှိနှိုင်းခြင်း၊စုပေါင်းခြင်း၊ စံထားခြင်း သတ်မှတ်ချက်တို့ကို ပြုလုပ်ခြင်း။

(စ)    အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များ၊ လက်မှုပညာသည်များ၊ ကာယလုပ်သားများ၏ ပညာနှင့်အဆင့် တိုးတက်ရေးကို ရှေ့ရှု့သည့် သင်တန်းဖြစ်မြောက်စေရန် ဆောင်ရွက်ပေးခြင်း။

(ဆ)   ဆောက်လုပ်ရေးနည်းပညာ နှင့်  စက်ပစ္စည်းများ အသုံးပြုခြင်း တို့၌  ခေတ်မီ၍  စရိတ်ကျဉ်းသောလုပ်နည်းလုပ်ဟန်များကို တင်ပြခြင်း၊ စမ်းသပ်ခြင်း၊ အသုံးပြုခြင်း တို့ကို ဆောင်ရွက်ခြင်း။

(ဇ)    လမ်း၊ တံတားလုပ်ငန်းများ အတွက် လုပ်ငန်း အစီအစဉ်များ ချမှတ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခြင်း။

(စျ)    လမ်းများ ၏ ပုံစံထုတ်လုပ်ခြင်း၊ လုပ်ငန်းအစီအစဉ်များ ချမှတ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခြင်း။

(ည)   နိုင်ငံတော်အစိုးရက ချမှတ်တာဝန်ပေးသော အခြားတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

 လမ်းလုပ်ငန်းကဏ္ဍ

 (က)   မြေသားလမ်းအဆင့် မှ အမာခံလမ်းအဆင့် သို့ လည်းကောင်း၊  အမာခံလမ်းအဆင့်  မှ ကျောက်လမ်းအဆင့် သို့ လည်းကောင်း၊  ကျောက်လမ်းအဆင့်မှ  ကတ္တရာလမ်းအဆင့် သို့လည်းကောင်း၊ လမ်းအဆင့်အတန်းတိုးမြှင့်ဆောင်ရွက်ခြင်း၊

(ခ)    (၁၂’)အကျယ် ကတ္တရာလမ်းများအား (၁၈’)အကျယ်သို့လည်းကောင်း၊ (၁၈’)အကျယ် ကတ္တရာလမ်းများအား(၂၄’) အကျယ် သို့ လည်းကောင်း၊ လမ်းအကျယ်တိုးချဲ့ ဆောင်ရွက်ခြင်း၊

 

တံတားလုပ်ငန်းကဏ္ဍ

 (က)   သစ်သားတံတားနှင့် ဘေလီတံတားများအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်း၊

(ခ)    တစ်လမ်းသွား သံကူကွန်ကရစ်တံတားများအား  နှစ်လမ်းသွား  သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်း၊