ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်
၁။ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့သည် တိုင်းဒေသကြီးအတွင်းတွင် တိုင်းဒေသကြီးရုံး အပါအဝင် ရုံးခွဲပေါင်း(၁၃)ရုံး၊ ဆေးခန်းပေါင်း(၁၅)ခန်းတို့ဖြင့် လူမှုဖူလုံရေးစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
လူမှုရေးဝန်ဆောင်မှုပေးသောစီမံကိန်း
၂။ လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ မမာ မကျန်းမှု၊ မီးဖွားမှု၊ အလုပ်တွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစသည့် လူမှုဒုက္ခများ ကြုံတွေ့ရ သည့်အခါ ၎င်းတို့နှင့်မှီခိုသူမိသားစုများ လူမှုရေးအခက်အခဲမဖြစ်ပေါ်စေရန်-
(က) အခမဲ့ဆေးကုသပေးခြင်း
( ခ ) ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း
တို့ကို ဆောင်ရွက်ပေးရသည့် လူမှုရေးအရ ဝန်ဆောင်မှုပေးသော ဌာနကြီးတစ်ခုဖြစ်ပါသည်။
လူမှုဖူလုံရေးစီမံကိန်းစတင်ခြင်း
၃။ မြန်မာနိုင်ငံလူမှုဖူလုံရေးဥပဒေကို ၁၉၅၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၁-၁-၁၉၅၆ ခုနှစ်တွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သက်တမ်း(၅၈)နှစ် ရှိခဲ့ပြီးဖြစ်ပါသည်။ ယခု အခါ ယင်းဥပဒေမှာ ခေတ်စနစ်နှင့် မကိုက်ညီတော့သဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအသစ် အား ရေးဆွဲပြဌာန်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ၃၁-၈-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ၁-၄-၂၀၁၄ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လူမှုဖူလုံရေးစီမံကိန်း၏ရည်မှန်းချက်
(က) အလုပ်သမားများ ကျန်းမာမှုကောင်းမွန်တိုးတက်စေ၍ အလုပ်လုပ်နိုင်သည့် စွမ်းအား မြင့်မားပြီး ကုန်ထုန်လုပ်မှုတိုးတက်စေရန်၊
( ခ ) လူမှုဖူလုံရေးစီမံကိန်းသည် မမာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အသက်အရွယ်ကြီးရင့်မှု၊ သေဆုံးမှု
စသည့် လူမှုအန္တရာယ်များ ကြုံတွေ့သည့်အခါ ထိရောက်ပြည့်စုံသည့် အကျိုးခံစားခွင့်များရရှိစေရန်၊
( ဂ ) အလုပ်မလုပ်နိုင်သည့်အခါ အလုပ်သမားနှင့် မိသားစု စားဝတ်နေရေးအတွက်ထောက်ပံ့မှုရရှိစေရန်၊
( ဃ ) လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ၏ရည်ရွယ်ချက်
(က) အလုပ်သမားများ၏ ကျန်းမာရေးနှင့်လူမှုရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော် က စုပေါင်းအာမခံ ပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုပိုမိုခံစားရရှိစေခြင်း ဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ရန်၊
( ခ ) အများပြည်သူတို့က မိမိတို့၏ဆန္ဒအလျောက်အာမခံထားရှိနိုင်ပြီး လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိနိုင်စေရန်၊
( ဂ ) လက်တွေ့ ပကတိအခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များ ပေးခြင်းဖြင့်လူမှုဖူလုံရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစား မှုများ ပိုမို တိုးပွားလာစေရန်၊
(ဃ) အလုပ်ရှင်နှင့် အလုပ်သမားတို့က ပေးသွင်းထားသည့် အချို့သောထည့်ဝင်ကြေးငွေ များကို စုဆောင်းငွေကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ထုတ်ယူခံစားခွင့် ရှိစေရန်၊
( င ) အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစား ခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစား ခွင့်၊သက်ပြည့်အငြိမ်းစား အကျိုး ခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကိုပါရရှိစေရန်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင်ပါဝင်သောအာမခံစနစ်များ
(က) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်-
(၁) မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊
(၂) ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေး အကျိုးခံစားခွင့်၊
(၃) အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက် ခံယူခွင့်၊
(၄) မည်သည့်အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်။
( ခ ) မိသားစုထောက်ပံ့မှုအာမခံစနစ်-
(၁) သတ်မှတ်ထားသော ဝန်ငွေပမာဏအောက် နည်းသည့် အာမခံထားသူ၏ ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်
စရိတ်ခံစားခွင့်၊
(၂) သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်၊
(၃) မှီခိုသူမိသားစုအတွက် သင့်လျော်သောအကျိုးခံစားခွင့်။
(ဂ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့်ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်-
(၁) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊
(၂) သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊
(၃) အလုပ်ကိုအကြောင်းပြု၍မဟုတ်ပဲ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်။
(ဃ) အလုပ်လက်မဲ့အကျိုးခံစားခွင့်အာမခံစနစ်-
(၁) အလုပ်လက်မဲ့အကျိုးခံစားခွင့်ရှိသူများအား ကျန်းမာရေးစောင့်ရှောက်ခွင့်၊
(၂) လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ဖြစ်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်။
(င) အခြားလူမှုဖူလုံရေးစနစ်-
(၁) အိမ်ရာစီမံကိန်းများဖြင့် ထူထောင်ထားသည့် လူမှုဖူလုံရေး အိမ်ရာများတွင် အာမခံထားသူများအား သက်မှတ်ချက်များ နှင့်အညီ နေထိုင်ခွင့် ၊ ငှားရမ်း နေထိုင်ခွင့်၊ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့်၊
(၂) အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန် ၍ သတ်မှတ်ထားသော မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်း ရမည့် လူမှုဖူလုံရေးစနစ် သို့မဟုတ် မိမိတို့၏ ဆန္ဒအလျောက် ထည့်ဝင်နိုင်သည့် အခြားလူမှုဖူလုံရေးစနစ်များ။
အထက်ဖော်ပြပါ အာမခံစနစ်များအနက်မှ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်နှင့်အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် များသာ စတင်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၏ ထည့်ဝင်ကြေးနှုန်းထားများ
စဉ် |
အာမခံစနစ်များ |
ထည့်ဝင်ကြေးနှုန်း |
စုစုပေါင်း |
|
အလုပ်ရှင် |
အလုပ်သမား |
|||
၁ ၂ ၃ |
ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် (မမာမကျန်းမှု၊ မီးဖွားမှု၊ မီးဖွားစရိတ်၊ သေဆုံးမှု၊ ဆေးကုသမှုဆက်လက်ခံယူခွင့်)
မိသားစုထောက်ပံ့မှုအာမခံစနစ်(ပညာသင်ထောက်ပံ့ကြေး၊ သဘာဝဘေးအန္တရာယ်) အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် |
၂% – ၁% |
၂%
–
– |
၄% – ၁% |
စုစုပေါင်း |
၃% |
၂% |
၅% |
အလုပ်သမားများအမှန်တကယ်ရရှိသည့်ဝင်ငွေအပေါ်တွင် ရာခိုင်နှုန်းသတ်မှတ်၍ ထည့်ဝင်ကြေး ကောက်ခံပါသည်။
လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်သောအလုပ်ဌာနအမျိုးအစားများ
၇။ (က) စက်မှုလက်မှုအလုပ်ဌာနများ
( ခ ) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများနှင့် အများပျော်ရွှင်ရေးအလုပ်ဌာနများ
( ဂ ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
(ဃ) ဆိပ်ကမ်းများ
( င ) သတ္တုတွင်းနှင့်ကျောက်မျက်ရတနာလုပ်ငန်းများ
( စ ) ရေနံနှင့်သဘာဝဓါတ်ငွေ့ဆိုင်ရာလုပ်ငန်းများ
(ဆ) စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောအစိုးရဌာနများ
( ဇ ) စည်ပင်သာယာရေးအဖွဲ့အစည်းများ
( စျ ) ငွေရေးကြေးရေးအဖွဲ့အစည်းများ
(ည) စီးပွားဖြစ်လုပ်ကိုင်သောကုမ္ပဏီ၊ အသင်း၊ အဖွဲ့စည်းများ
( ဋ ) နိုင်ငံသား(သို့မဟုတ်)နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့်ဖက်စပ်
လုပ်ငန်းများ
( ဌ ) တစ်နှစ်နှင့်အထက်လုပ်ကိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ
( ဍ ) ကုန်တင်ကုန်ချလုပ်ငန်းများ
( ဎ ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အစည်းများ
(ဏ) အမိန့်ကြော်ငြာစာထုတ်ပြန်သည့်အခြားဌာနအဖွဲ့အစည်းများ
မှတ်ချက်။ အထက်ပါစာရင်းတွင် မပါဝင်သော လုပ်ငန်းဌာနများနှင့် အများပြည်သူတို့သည် မိမိတို့၏ဆန္ဒအလျောက် အာမခံထားရှိနိုင်ပါ သည်။
၈။ မြန်မာနိုင်ငံလူမှုဖူလုံရေးစီမံကိန်းကို ချင်းပြည်နယ်မှအပ နေပြည်တော်ရုံးချုပ်အပါအဝင် တိုင်းဒေသကြီးပြည်နယ်ရုံးများတွင် မြို့နယ်ရုံးခွဲပေါင်း(၇၇)ရုံး၊ ဆေးခန်းပေါင်း(၉၅)ခန်း၊ ဌာနကြီး ဆေးခန်း(၄၅)ခန်း၊ရန်ကုန်မြို့တွင် ကုတင်(၂၅၀)ဆံ့ အလုပ်သမားဆေးရုံကြီး(၁)ရုံ၊ ထန်းတပင်မြို့ တွင်ကုတင်(၁၀၀)ဆံ့အလုပ်သမားဆေးရုံကြီး(၁)ရုံ၊ မန္တလေးမြို့တွင် ကုတင်(၁၅၀)ဆံ့ အလုပ်သမား ဆေးရုံကြီး(၁)တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(က) လူမှုဖူလုံရေးအဖွဲ့၏ အထိမ်းအမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ စက်ဝိုင်းနှစ်ထပ်၏ အပေါ် ဘက်ပိုင်းတွင် “လူမှုဖူလုံရေးအဖွဲ့”
(ခ) အောက်ဘက်ပိုင်းတွင် “ Social Security Board ”
(ဂ) စက်ဝိုင်းငယ် အလယ်ဗဟို၌ ငွေကြေးအကျိုးခံစားခွင့် သင်္ကေတအဖြစ် ခြင်္သေ့ပုံ ငွေဒင်္ဂါး၊
(ဃ) ခြင်္သေ့ပုံ ငွေဒင်္ဂါး၏နောက်တွင် ဆေးကုသမှု သင်္ကေတအဖြစ် ကြက်ခြေနီ အမှတ် အသား၊
(င) စက်ဝိုင်းငယ်အတွင်း နောက်ခံတွင် လူမှုရေးအကာကွယ်ပေးသည့် သင်္ကေတအဖြစ် အပြာရောင်ဒိုင်းပုံ။