Home / ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

Yatone

ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏

ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်၊ လုပ်ထုံးလုပ်နည်းများနှင့်

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ

ရည်မှန်းချက်

(က)      ရေတိုကာလတွင် စီးပွားရေးပြန်လည်နလန်ထူထောင်ရေး။

( ခ )      ရေရှည်ကာလတွင် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှုရရှိစေရေး။

( ဂ )      ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေး။

(ဃ)      အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရေး။

( င )      အလုပ်အကိုင်အခွင့်အလမ်းသစ်များရရှိစေရေး။

( စ )      လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး။

 

ရည်ရွယ်ချက်

(က)      နိုင်ငံတော်အဖွဲ့အစည်းများ၏ ရငွေနှင့်အသုံးစရိတ်တို့ကို ကြိုတင်ခန့်မှန်းချက်အရ ပေါ်

ပေါက်လာမည့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေအခြေအနေကိုတင်ပြရန်။

( ခ )      ပြည်သူ့ဘဏ္ဍာရန်ပုံငွေအခြေအနေကို ကြိုတင်သိရှိရသည့်အလျောက်  လိုငွေပေါ်ပေါက်

သည့်အခါအချိန်မီဖြည့်တင်းပေးရေးအတွက် လိုအပ်သောအစီအစဉ်များ၊ ကြိုတင်ပြုလုပ်

၍ လုပ်ငန်းများအရှိန်အဟုန်မပျက်လုပ်ဆောင်သွားနိုင်ရန်။

( ဂ )      နိုင်ငံတော်အဖွဲ့အစည်းအသီးသီးတို့၏ ရငွေနှင့်အသုံးစရိတ်အမျိုးမျိုးအတွက် စနစ်တကျစာရင်းပြုစုထိန်းသိမ်းနိုင်ရန်။

(ဃ)      အမျိုးသားစီးပွားရေးစီမံကိန်းနှင့် အမြဲတမ်းဆက်စပ်မှုရရှိစေရေးအတွက် ညှိနှိုင်းဆောင်

ရွက်ရန်။

( င )      တိုင်းရင်းသားလူမျိုးများအားလုံး၏ စီးပွားရေးအစီအစဉ်များကို အကောင်အထည်ဖော်

ရာတွင် ရသုံးခန့်မှန်းခြေစာရင်းများနှင့်အညီ ဘဏ္ဍာငွေများကို ခွဲဝေပေးရန်။

 

လုပ်ငန်းတာဝန်များ

နိုင်ငံတော်၏ရသုံးခန့်မှန်းခြေငွေစာရင်းကို အစိုးရအဖွဲ့၏ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနကရေးဆွဲရပါသဖြင့် ထိုတာဝန်ကိုဆောင်ရွက် နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို ဖွင့်လှစ်ထားပြီး ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန သည် ပဲခူးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်း များ၏ ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းလုပ်ငန်းတာဝန်များကို ဆောင်ရွက် ရပါသည်။

 

လုပ်ထုံးလုပ်နည်းများ

ဤဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)တို့၏ လမ်းညွှန်ချက်များ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် ဤဌာန၏ဘဏ္ဍာရေးဆိုင်ရာလုပ် ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ

ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များမှာ ပဲခူးတိုင်း ဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေငွေစာရင်းများ (မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့်ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများ)ရေးဆွဲပြုစုတင်ပြခြင်း၊ လစဉ်ဝန်ထမ်းအင်အားစာရင်းနှင့်လစဉ် အမှန်ရငွေသုံးငွေစာရင်းများပြုစုခြင်း၊  တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေနှင့်ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့်စာရင်းများပြုစုတင်ပြခြင်း၊ (၃)လပတ်၊ (၆)လပတ်အလိုက် ယာယီရငွေ၊ သုံးငွေစာရင်း များနှင့် နှစ်ပတ်လည်စာရင်းများပြုစုတင်ပြခြင်း၊ ပိုလျှံပြန်အပ်မှုများကို စိစစ်၍ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၏ အထွေထွေ ပိုလျှံရန်ပုံငွေ (GRF)သို့ ပြန်လည် အပ်နှံပြီးကြောင်း အကြောင်းကြားခြင်း၊ ဌာန/အဖွဲ့အစည်းများပေးပို့လာသော  စရ(၁)အပိုင်း(၅)ပိုင်းကိုစိစစ်၍ တိုင်း ဒေသကြီးဘဏ္ဍာရန်ပုံငွေ လစဉ်စာရင်း ရေးဆွဲခြင်း၊ မတ်(အပြီးသတ်လ) တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေစာရင်းနှင့် နှစ်ပတ်လည်ဘဏ္ဍာ ရန်ပုံငွေစာရင်းများပြုစုခြင်း၊ ဌာနစာရင်းနှင့် ဘဏ်စာရင်း တိုက်ဆိုင်စိစစ်ပြီးကွဲလွဲချက်များအတွက် (၆) လတစ်ကြိမ်းကွဲလွဲချက်အကြောင်းကြားစာထုတ်ပြန် ခြင်းတို့ဖြစ်ပါသည်။