ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဥပဒေ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၁၉၉၃ ခုနှစ်တွင် အောက်ပါဥပဒေများ ပြဋ္ဌာန်းထားပြီး ဥပဒေသစ်ကိုလည်း ရေးဆွဲပြီးဖြစ်ပါသည်-
(က) မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ
(ခ) မြန်မာနိုင်ငံခရီးသွားလာရေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ
လုပ်ငန်းတာဝန်နှင့်ဆောင်ရွက်ချက်များ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်ပါအတိုင်း လုပ်ငန်းလိုင်စင်(၄)မျိုးထုတ်ပေးပြီး လိုင်စင်ရရှိရေးအတွက် ဤဌာနမှ လိုအပ်သည်များ ဆောင်ရွက်ပေးရသည်-
(က) ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်
(ခ) ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်
(ဂ) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်
(ဃ) ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်