Home / ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်း

2

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိဌာန တစ်ခုဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ဆောင်ရွက် လျှက်ရှိ ပါ သည်။  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာ ထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိအထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အသီးသီးတွင် တာဝန်ထမ်း ဆောင်ကြရပြီးနိုင်ငံတော်အုပ်ချုပ်ရေး ယန္တယား ချောမွေ့စွာလည်ပတ် ရေးတွင်ပါဝင် ဆောင်ရွက်ခြင်း ၊ ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင်အထောက်အကူပြုသကဲ့သိုအကြီး အကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင်နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင် မည် ဖြစ်ပါသည်။

အပြည့်အစုံကြည့်ရှုရန်——————————-