Home / ရွှေမော်ဓေါဘုရား

ရွှေမော်ဓေါဘုရား

ရန်ကုန်မြို့တော်တွင် ရွှေတိဂုံဘုရားထင်ပေါ်ကျော်ကြားသကဲ့သို့ ပဲခူးမြို့တွင်လည်း ရွှေမော်ဓေါဘုရားသည် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူဖြစ်သည်။ ရွှေမော်ဓေါဘုရားကြီ:ကို ပဲခူးမြို့၏အပြင်ဘက် (၆) မိုင်ခန့်အကွာမှစ၍ ထင်ရှားစွာဖူးမြှော်တွေ့ရှိနိုင်သည်။ ဘုရားကြီး၏ အောက်ခြေမှစ၍ အထက်ပိုင်းအထိ ရွှေချထားသည်ကို တွေ့ရှိရသည်။ ရွှေတိဂုံဘုရားထက်ပိုမြင့်၍ ဉာဏ်တော်မှာ (၁၁၄)မီတာ (၃၇၄) ပေမြင့်သည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးဘုရား တစ်ဆူအဖြစ်ထင်ရှားသည်။

          ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အချိန်တွင် ဘာသာတရားလွန်စွာကိုင်းရှိုင်းသော မဟာသာလ၊ စူဠာသာလ ကုန်သည်ညီနောင်(၂) ဦးအား ဆံတော်(၂)ဆူပေးအပ်ခဲ့သည်။ ထိုကုန်သည်ညီနောင်(၂) ဦးတို့သည် ဆံတော်(၂)ဆူအားပင့်ခဲ့ပြီးနောက် ပဲခူး သုဒဿန တောင်ထိပ်တွင် (၇၅) ပေမြင့်သော စေတီကိုတည်၍ ဆံတော်(၂)ဆူ ဌာပနာခဲ့သည်။ အေဒီ(၈၂၅-၈၄၀) သမလဘုရင် လက်ထက်တွင်စေတီတော်အမြင့်ကို (၈၁) ပေနှင့် ဝိမလဘုရင်လက်ထက်တွင် (၈၈)ပေ အသီးသီးပြန်တည်ခဲ့သည်။

          ဓမ္မစေတီမင်းလက်ထက်တွင် (၂၂၇) ပေအမြင့်ကို ထပ်မံတည်ခဲ့ပြီး အေဒီ (၁၄၉၂-၁၅၂၆) ခုနှစ်တွင် ဗညားရံမှ လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားကြီ:ကို ထပ်မံ၍ တည်ထားခဲ့ပါသည်။ အေဒီ(၁၅၅၁-၁၅၈၁) ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီ:သည် ထီးတော်အသစ်တင်လှူ၍ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ဘုရားကြီး၏ ငှက်ပျောဖူးမှာ မြေခခဲ့ရသည်ကို ဘုရား၏ အရှေ့မြောက်ထောင့် အရပ်တွင် ယနေ့တိုင်တွေ့မြင်ရပါသည်။ ၁၉၂၀ ခုနှစ်မှ စ၍ ယနေ့အထိ ဘုရားကြီးအား ဘက်စုံမွမ်းမံမှုများကိုပြုလုပ်ခဲ့ပါသည်။

English Version