Home / လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

mcit_logo

ရည်ရွယ်ချက်

မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်းကဏ္ဍအား အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်း အဖွဲ့ချုပ် ၏ စံချိန်စံညွှန်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ရန်။

 

မျှော်မှန်းချက်

    နိုင်ငံတော်၏စီးပွားရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သည့် မြို့ပြ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်။

လုပ်ငန်းရည်မှန်းချက်

  • ဘေးအန္တရာယ်ကင်းဝေးစေရေး (Safe)
  • လုံခြုံမှုရှိရေး (Secure)
  • စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး (Efficient)
  • စဉ်ဆက်မပြတ်တိုးတက်ရေး (Sustainable Development)
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Balanced Approach)

လုပ်ငန်းတာဝန်များ

  • လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သည် မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေး တွင် –
  • စည်းမျဉ်းချမှတ်စစ်ဆေးကြီးကြပ်သည့်လုပ်ငန်း (Regulator) ပိုင်းကို အဓိက တာဝန်ယူဆောင်ရွက်ပါသည်။
  • ဝန်ဆောင်မှုပေးသည့်လုပ်ငန်း (Service Provider) ပိုင်းကိုလည်း ပူးတွဲ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဥပဒေအပါအဝင် စည်းမျဉ်းစည်းကမ်းများ  [ Legislation ]

အက်ဥပဒေများ [Primary Legislation]

  • The Union of Myanmar Aircraft Act , 1934 ( XXII of 1934 )
  • The Union of Myanmar Aircraft Carriage by Air Act ,1934( XX of 1934 )
  • The Law Relating to International Interests in Mobile Equipment and Aircraft Equipment

နည်းဥပဒေများ [Subsidiary Legislation]

  • The Union of Myanmar Aircraft Rules , 1920 (Aerodromes)
  • The Union of Myanmar Aircraft Rules , 1937 (Aircraft)
  • The Union of Myanmar Aircraft Rules , 1946 (Public Health)

စည်းမျဉ်း နှင့်လုပ်ထုံးလုပ်နည်းများ [ Regulations ]

–   Myanmar Civil Aviation Requirements (MCAR)    (33) Nos.

–   Operating Manuals                                             (19) Nos.

–   Handbook                                                           ( 3) Nos.

 

‌ ပဲခူးတိုင်းဒေသကြီး၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းအတွက် မြေသိမ်းဆည်းရေး ဆိုင်ရာကိစ္စရပ်များအခြေအနေ

ယခင်ဆောင်ရွက်ထားရှိခဲ့ပြီးသော မြေသိမ်းဆည်ရေးဆိုင်ရာကိစ္စရပ်များအ‌ခြေအနေ

၂။      ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင်‌မြေအဖြစ် ဆောင်ရွက်ရာတွင် မြေသိမ်းဆည်းရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ခဲ့ပါသည်။ ပဲခူးမြို့၊ ဟံသာ၀တီအပြည်ပြည် ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ စတင် နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ လေယာဉ်ကွင်း နယ်နိမိတ်အား မူလသတ်မှတ် ဧရိယာ (၉၇၄၂) ဧက ကို မြန်မာနိုင်ငံ‌မြေပုံညွှန်း (၉၄ – စီ) အရ  အောက်ပါအတိုင်း လျာထား သတ်မှတ်ခဲ့ပါသည် –

          အရှေ့             –      F- ၈၆၄၀၄၀ ၊ F -၈၆၄၀၂၀

                               –      F- ၈၇၅၀၂၀ ၊ L -၈၇၅၉၅၀

          အနောက်        –      F- ၈၂၀၀၄၀ ၊ L -၈၂၀၉၅၀

          တောင်           –      L- ၈၂၀၀၅၀ ၊ L -၈၇၅၉၅၀

          ‌မြောက်           –      F- ၈၂၀၀၄၀ ၊ F -၈၆၄၀၄၀

                               –      F- ၈၆၄၀၂၀ ၊ F -၈၇၅၀၂၀

          မူလသတ်မှတ်ဧရိယာ (၉၇၄၂) ဧက အား (၁၉-၈-၁၉၉၈) ရက်နေ့စွဲပါစာအမှတ်၊           ၅/၁၂-၂/ဦး ၆ ဖြင့် လန (၃၉) ရရှိခဲ့ပြီးဖြစ်ပါသည်။

၂။      နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး (၁) ၏ (၉-၁၂-၁၉၉၇) ရက်နေ့ ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် ခရီးစဉ်၌ လေယာဉ်ကွင်း အရှေ့ဘက် နယ်နိမိတ်တွင် တည်ရှိသော ဥဿာမြို့သစ်ရှိ နေအိမ်အဆောက်အဦများ လျော်ကြေးပြောင်းရွှေ့မှုအနည်းဆုံးဖြစ်စေရန် လေယာဉ် ကွင်း နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ပဲခူးတိုင်းအေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂၁-၂-၂၀၀၀) ရက်နေ့စွဲပါ စာအမှတ်၊ ၃/၃-၉/ ဦး ၁ ဖြင့် လေယာဉ်ကွင်းနယ်နိမိတ်ကို အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်ခဲ့ပါသည် –

          အရှေ့            –       F- ၈၆၄၀၄၀ ၊ F -၈၆၄၀၂၀

                              –       F- ၈၇၀၀၂၀ ၊ F -၈၇၅၀၀၈

                              –       F- ၈၇၅၀၀၈ ၊ L -၈၇၅၉၅၀

          အနောက်       –       F- ၈၂၀၀၄၀ ၊ L -၈၂၀၉၅၀

          တောင်          –       L- ၈၂၀၀၅၀ ၊ L -၈၇၅၉၅၀

          မြောက်          –       F- ၈၂၀၀၄၀ ၊ F -၈၆၄၀၄၀

                              –       F- ၈၆၄၀၂၀ ၊ F -၈၇၅၀၂၀

          ပြင်ဆင်သတ်မှတ်ခဲ့သော လေယာဉ်ကွင်းဧရိယာစုစုပေါင်းမှာ (၉၆၉၀.၄) ဧက ဖြစ်ပြီး၊ ပါဝင်သော‌မြေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

          (က) တပ်မြေဧရိယာ        –   ၂၈၇၇.၂၈ ဧက (တပ်မြေ လန ၃၉ ရရှိပြီး)

          (ခ)   စက်မှု (၁) ‌မြေ         –   ၁၀၀  ဧက (စက်မှု (၁) လန ၃၉ ရရှိပြီး)

          (ဂ)   ဥဿာမြို့သစ်‌မြေ     –   ၁၈၀ ဧက (မြို့‌မြေ လန ၃၉ ရရှိပြီး)

          (ဃ)  လေယာဉ်ကွင်းမြေ   –   ၆၅၃၃.၁၂ ဧက(လေယာဉ်ကွင်းမြေ လန ၃၉ရရှိပြီး)

၃။      အဆိုပါပြင်ဆင်သတ်မှတ်ပြီးသော လေယာဉ်ကွင်းဧရိယာ (၉၆၉၀.၄) ဧက အတွင်း ပါဝင်သော တပ်‌မြေ ဖြစ်သည့် ခမရ (၇)၊ ခမရ (၈)၊ အမြောက်တပ် (၃၁၉) စုစုပေါင်းဧရိယာ (၂၈၇၇.၂၈) ဧက အတွက် လျော်ကြေးငွေအား ဌာနမှ ၂၀၀၀-၂၀၀၁ ခု ဘဏ္ဍာ ရေးနှစ် တွင် ပေးလျော်ခဲ့ပြီးဖြစ်ပါသည်။ မြို့မြေများနှင့် မလွတ်ကင်းသော ကျေးရွာများရှိ အဆောက်အဦများနှင့် သီးနှံလျှော်ကြေးငွေ၊ ပြောင်းရွှေ့ရသော ရပ်ကွက်ကျေးရွာသစ်များ ဖော်ထုတ်မှုအတွက် ကုန်ကျငွေအား ပဲခူးတိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့  (၁၂-၁၂-၁၉၉၇) ရက်နေ့ တွင် ပေးချေခဲ့ပြီးဖြစ်ပါသည်။ လျော်ကြေးပေးချေပြီးနောက် ခမရ (၇) ၊ ခမရ (၈) နှင့် အမြောက်တပ် (၃၁၉) တို့သည် ပြောင်းရွှေ့သွားခဲ့ပါသည်။

၄။      လေယာဉ်ကွင်းပိုင်မြေအဖြစ် သိမ်းဆည်းခဲ့စဉ် ‌မြေယာများအတွက် မြေလျှော် ကြေး ငွေပေးချေခဲ့ခြင်းမဟုတ်ဘဲ ‌မြေယာများပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံပင် များနှင့် လူနေအဆောက်အဦများအတွက်သာ လျှော်ကြေးငွေပေးချေခဲ့ခြင်း ဖြစ်ပါသည်။

ယခုဆောင်ရွက်လျက်ရှိသော မြေသိမ်းဆည်းရေးဆိုင်ရာကိစ္စရပ်များအ‌ခြေအနေ

၅။      ဟံသာ၀တီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ပြန်လည်စတင်ချိန်မှစ၍ မြေသိမ်းဆည်းရေးကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိရာ၊ ဟံသာ၀တီ အပြည်ပြည် ဆိုင်ရာ လေဆိပ် မူလလေယာဉ်ကွင်းပိုင်ဧရိယာ (၉၆၉၀.၄) ဧက၏ နယ်နိမိတ် ဧရိယာအား ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဤဦးစီးဌာနမှ ပါဝင်၍ (၁၀-၇-၂၀၁၂) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ၊ (၁၄-၇-၂၀၁၂) ရက်နေ့တွင် လုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပါသည်။ လေဆိပ်ဧရိယာ (၉၆၉၀.၄) ဧက အတွင်းရှိ ကျူးကျော်ဝင်ရောက် နေထိုင်သူများစာရင်းကောက်ခံခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီးရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ဤဦးစီးဌာနမှ ပါဝင်၍(၄-၁၀-၂၀၁၂) ရက်နေ့မှ စတင်၍ဆောင်ရွက်ခဲ့ရာ၊ (၁၂-၁၀-၂၀၁၂) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ ပါသည်။          စာရင်းကောက်ယူမှုအရ လေယာဉ်ကွင်းဧရိယာအတွင်းရှိ ကျေးရွာ ဟောင်း (၆) ရွာတွင် ပြန်ရောက်ဝင်ရောက်ကျူးကျော်နေထိုင်ကြသူများစာရင်းမှာ အိမ်ထောင် စုစုပေါင်း ၄၀၉ စု၊    လူဦးရေ ၁၇၉၇ ယောက်၊ လူနေအိမ်/တဲ ၄၀၉ လုံး၊ ဘုန်းကြီး ကျောင်း ၈ ကျောင်း၊ သံဃာ ၂၉ ပါး တို့ဖြစ်ပါသည်။

၆။      ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအတွင်းရှိ ကျူးကျော်ဝင်ရောက် နေထိုင်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေရာချထားပေးသော ပဲခူးကောလိပ်ရှေ့ ရှင်ဆောင် အထည်ချုပ် စက်ရုံဘေး မြေ (၅၁) ဧက နေရာရှိ (၂၅x၄၀) ပေ   မြေကွက်များသို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းအား (၄-၃-၂၀၁၃) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ၊ အိမ်ထောင်စုပေါင်း  (၄၀၉) စု အား ပြန်လည်နေရာချထား ပေးပြီး ပြောင်းရွှေ့စရိတ် အိမ်ထောင်စု တစ်စု လျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်း ဖြင့် အိမ်ထောင်စု (၄၀၉) စု အား ပေးချေပြီး ဖြစ်ပါသည်။

၇။      အဆိုပါပြန်လည်နေရာချထားပေးသော ရပ်ကွက်တွင် လိုအပ်သောစက်အဝီစိ ရေတွင်း  (၂) တွင်း နှင့် ယင်လုံအိမ်သာများဆောက်လုပ်ရန် အိမ်သာအထိုင်ခွက် နှင့် ရေဆင်းပိုက်အစုံ (၅၀၀) အား ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ပေးအပ်လှူဒါန်းပြီး ဖြစ်ပါသည်။

၈။      ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာ (၉၆၉၀.၄) ဧက အား ဌာနပိုင်         အမည်ပေါက်ရရှိရေး ဆောင်ရွက်ရာတွင် တပ်‌မြေ (၂၈၇၇.၂၈) ဧက နှင့် စက်မှု ဝန်ကြီး ဌာနမြေ (၁၀၀) ဧက တို့ကို ‌ဌာနဆိုင်ရာအချင်းချင်း မြေလွှဲပြောင်းခြင်းလုပ်ငန်းအား ပို့ဆောင်ရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာ ပေးပို့ ထားပြီးဖြစ်ပါသည်။ စက်မှုဝန်ကြီးဌာနမြေ (၁၀၀) ဧက မှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့ပြီး ဖြစ်ပါသည်။

၉။      ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက် မည့် ယခင် လန/၃၉ ရရှိပြီးဖြစ်သည့် စီမံကိန်းပိုင်မြေ (၉၆၉၀.၄) ဧက ကို ပို့ဆောင် ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင်‌‌မြေ အမည်ပေါက် ရရှိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ‌(၁၈-၁၁-၂၀၁၄) ရက်နေ့တွင် မြေသိမ်း/‌မြေလွှဲ အမှုတွဲများ ဖွင့်လှစ်၍  လျှောက်ထားဆောင်ရွက်လျက်ရှိပါသည်။

 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နေမှု အ‌ခြေအနေ

(က)  နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးမူဝါဒနှင့်အညီ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး တွင် ပုဂ္ဂလိက ကဏ္ဍပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်အား မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ပေါက် (Major Gateway) နှင့် ဒေသအတွင်း အချက်အချာလေဆိပ် (Regional Hub Airport) ဖြစ်ရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

(ခ)    ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်၍ ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များအား (၂-၇-၂၀၁၂) ရက်နေ့တွင် ဖိတ်ခေါ်ရှင်းလင်း ခဲ့ပါသည်။ ပထမ အဆင့်အနေဖြင့် ပဏာမအရည်အချင်းဆန်းစစ်ခြင်းကို (၉-၇-၂၀၁၂) ရက်နေ့မှ        (၉-၉-၂၀၁၂) ရက်နေ့ အထိ ဖိတ်ခေါ်ခဲ့ပါသည်။ Prequalification Document အား အဖွဲ့ပေါင်း (၇၂) ဖွဲ့ မှ လာရောက် ဝယ်ယူခဲ့ပြီး၊ အဖွဲ့ပေါင်း (၃၀) ဖွဲ့ မှ လာရောက် တင်သွင်းခဲ့ပါသည်။(၃၁-၁၀-၂၀၁၂) ရက်နေ့တွင် ပဏာမအရည် အချင်း ဆန်းစစ်ခြင်း အောင်မြင် သောအဖွဲ့အစည်း (၇) ဖွဲ့၏ အမည်စာရင်းအား နိုင်ငံပိုင် သတင်းစာ များတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

(ဂ)   ဆက်လက်၍ ပဏာမအရည်အချင်း အောင်မြင်သောအဖွဲ့ (၇) ဖွဲ့အား တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာ အဖွဲ့ (၄) ဖွဲ့မှ Tender Document ဝယ်ယူခဲ့ပြီး၊ တင်ဒါတင်သွင်း ရန် နောက်ဆုံးသတ်မှတ်ထားသော (၂၇-၅-၂၀၁၃) ရက်နေ့တွင် ‌အောက်ဖော်ပြပါ အဖွဲ့ (၄) ဖွဲ့မှ စီမံကိန်းအဆိုပြုလွှာ Project Proposal များ လာရောက် တင်သွင်းခဲ့ပါသည် –

    Yongnam – CAPE – JGC Consortium

   Taisei Corporation

    VINCI Airports

    INCHEON Airport Consortium

(ဃ)  တင်ဒါအောင်မြင်သော အဖွဲ့အစည်း (၁) ဖွဲ့နှင့် အရန်အဖွဲ့အစည်း(၁) ဖွဲ့အား (၁၀-၈-၂၀၁၃) ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာခဲ့ပါသည်။

    INCHEON Airport Consortium               (ဦးစားပေး)

   Yongnam – CAPE – JGC Consortium   (အရန်)

(င) စီမံကိန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပေးထားသော ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီ နှင့် တင်ဒါအောင်မြင်သော အဖွဲ့ဖြစ်သော Incheon Airport Consortium နှင့် (၃) ကြိမ်၊ အရံအဖွဲ့ ဖြစ်သော Yongnam-CAPE Consortium အဖွဲ့နှင့် (၁) ကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ အဖွဲ့ (၂) ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေး ပမာဏမှာများပြားသဖြင့် လုပ်ငန်းဆောင်ရွက်ရန် Consortium ၏ Investment တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်သည့်အတွက် ODA Loan ရယူ၍ ဆောင်ရွက်နိုင်မည် ဖြစ်ပါသဖြင့် (၅၀%) ထက် မပိုသော ODA ခွင့်ပြု၍ စီမံကိန်းအဆိုပြုလွှာ Project Proposal များ လာရောက်တင်သွင်းခဲ့သော အဖွဲ့ (၄) ဖွဲ့သို့ အကြောင်းကြားခဲ့ပါသည်။ အဖွဲ့ (၄) ဖွဲ့မှ  Revised Proposal အား (၂၂-၄-၂၀၁၄) ရက်နေ့တွင် တင်ပြရန် အကြောင်းကြားခဲ့ပါသည်။

(စ)   တင်ဒါတင်သွင်းရမည့် (၂၂-၄-၂၀၁၄) ရက်နေ့တွင် Incheon Airport Consortium (IAC) အဖွဲ့နှင့် Yongnam-CAPE-JGC Consortium (YJC) အဖွဲ့ (၂) ဖွဲ့သာလျှင် Revised Proposal များ တင်သွင်းခဲ့ပါသည်။

(ဆ)  စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီ မှ Revised Proposal တင်သွင်လာသော အဖွဲ့ (၂) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ (၁၅-၇-၂၀၁၄) ရက်နေ့တွင် Incheon Airport Consortium နှင့်လည်းကောင်း၊ (၁၇-၇-၂၀၁၄) ရက်နေ့တွင် Yongnam-CAPE-JGC Consortium နှင့် လည်းကောင်း၊ Clarification & Confirmation Meeting များဆောင်ရွက်ခဲ့ ပါသည်။ IAC နှင့် ပုဂ္ဂလိကချေးငွေအတွက် အစိုးရမှ အာမခံချက်မပေးနိုင် ခြင်းကိုလည်းကောင်း၊ YJC နှင့် ODA Loan ကိစ္စကိုလည်းကောင်း အဓိကဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးပွဲရလဒ်ကို (၃၁-၇-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီသို့ တင်ပြခဲ့ပါသည်။

 (ဇ)  (၁၂.၈.၂၀၁၄)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် တို့အပါအဝင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ညှိနှိုင်း ဆွေးနွေးပြီး ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန၌ (၁၈.၈.၂၀၁၄) ရက်နေ့တွင် သမ္မတရုံး ဝန်ကြီး ဌာန(၃)၊ သမ္မတရုံး ဝန်ကြီးဌာန(၅)၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဝန်ကြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ကိုယ်စားလှယ်များ၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပါဝင်သော တင်ဒါတင်သွင်းလာသောအဖွဲ့ (၂)ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုရလဒ်အပေါ် အတည်ပြုရွေးချယ်ပေးရန်ကိစ္စနှင့် ပတ်သက် သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် အား ကျင်းပခဲ့ပါသည်။ အစည်းအဝေးမှ IAC ၏ တောင်းဆိုချက်ကို လိုက်လျော၍ မရနိုင်သည့် အခြေအနေအားလည်းကောင်း၊ YJC နှင့်လည်း ရင်းနှီးမြှုပ်နှံမှုကို ODA အစား အခြား ရင်းနှီး မြှုပ်နှံမှုပုံစံဖြင့် ပြောင်းလဲဆောင်ရွက်မည့်နည်းလမ်းနှင့် JICA’s Private Sector Initiative Fund-PSIF မှ ရယူမည့်ကိစ္စအား သေချာမှုရှိ/မရှိ ပြန်လည်ညှိနှိုင်း‌ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။

(စျ)   အစည်းအဝေးဆုံးဖြတ်ချက်အရ IAC နှင့် (၂၆-၈-၂၀၁၄) ရက်နေ့တွင် လည်းကောင်း၊ YJC နှင့် (၂၇-၈-၂၀၁၄) ရက်နေ့တွင် လည်းကောင်း ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဖွဲ့နှစ်ဖွဲ့၏ ဆွေးနွေးခဲ့မှုများအပေါ် ကြီးကြပ်ရေး ကော်မတီမှ ပို့ဆောင်ရေးဝန်ကြီးဌာန သို့ (၁-၉-၂၀၁၄) ရက်နေ့တွင်တင်ပြ ခဲ့ပါသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနမှ (၁၇-၉-၂၀၁၄)ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ ပါသည်။

(ည)  ထို့အပြင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် ပြင်ဆင်ချက် တင်ဒါတင်သွင်းလာသော အဖွဲ့ (၂) ဖွဲ့ အနက် လေဆိပ်တည်ဆောက်ရေး လုပ်ငန်း အကောင် အထည်ဖော် ရေးကြီးကြပ်မှုကော်မတီမှ ရွေးချယ်ခဲ့သည့် JGC-Yongnam-CAI Consortium ရွေးချယ်မှုကို အတည်ပြုပေးပါရန် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့စွဲပါ စာအမှတ် ၇၁-ပဆ/ခွဲ(၃) ၂၀၁၄(၁) (၁၂/၄၅) ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ ပါသည်။ ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့စွဲပါ စာအမှတ် ၆၁/၂၅၇/အဖရ (၁/၂၀၁၅) ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၅) မှ သဘောတူခွင့် ပြုချက် ရရှိခဲ့ပါသည်။

(ဋ)   JGC-Yongnam-CAI Consortium အဖွဲ့မှ ပြင်ဆင်ချက်တင်သွင်းလာသော Proposal ၌ မြန်မာနိုင်ငံဖက်ခြမ်းမှ လေဆိပ်တစ်ခု၏ Airside တည်ဆောက် ရေး အပိုင်းဖြစ်သည့် Runway, Taxiway, Apron, Control Tower နှင့် အထောက်အကူပြု Air Navigation System, ပြေးလမ်းအချက်ပြမီး အစရှိသည်တို့အတွက် ဂျပန်နိုင်ငံအစိုးရ မှ ODA ချေးငွေယူ၍ တည်ဆောက် ရမည်ဖြစ်ပြီး၊ Consortium ဖက်ခြမ်းမှ Land Side တည်ဆောက်ရေး အပိုင်းဖြစ်သည့် Terminal, Carpark, အဝင်လမ်း စသည့် တည်ဆောက် ရေးအတွက် ၎င်းတို့၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါ သည်။

(ဌ)   ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့မှ စတင်၍ JGC-Yongnam-CAI Consortium အဖွဲ့နှင့် Framework Agreement (မူကြမ်း) ကို စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ဟံသာဝတီအပြည် ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ် ခြင်း ဆောင်ရွက်ရန်အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့သည် (၁၆-၂-၂၀၁၅) ရက်နေ့ တွင် (Preparatory Survey on Hanthawaddy International Airport Project) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

(ဍ)   လေဆိပ်စီမံကိန်းကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သည့် အဖွဲ့အစည်း ဖြစ်သော JGC-Yongnam-CAI Consortium တို့အကြား ညှိနှိုင်းအစည်း အဝေးကို (၂၆-၁-၂၀၁၅) ရက်နေ့မှ (၂၂-၇-၂၀၁၅) ရက်နေ့အထိ  (၅) ကြိမ်၊  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် JGC-Yongnam-CAI Consortium တို့အကြား Framework Agreement (မူကြမ်း) ရရှိရေး အတွက် ညှိနှိုင်းအစည်းအဝေးကို (၁၁.၆.၂၀၁၅) ရက်နေ့မှ (၁၃.၇.၂၀၁၅) ရက်နေ့အထိ (၃) ကြိမ်၊  ဆောင်ရွက်ပြီးချိန်တွင်   Framework Agreement (မူကြမ်း) ရရှိခဲ့ပါသည်။ အဆိုပါ Framework Agreement (မူကြမ်း) အား ပြည်ထောင်စု ရှေ့နေချုပ်ရုံး သဘောထားမှတ်ချက် တောင်းခံခဲ့ရာ (၁၁-၉-၂၀၁၅) ရက်နေ့တွင် ရရှိခဲ့ပါသည်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံး သဘောထား မှတ်ချက် ရရှိပြီးနောက် JGC-Yongnam-CAI Consortium နှင့် (၃၀-၉-၂၀၁၅) ရက်နေ့မှ (၁၆-၁၁-၂၀၁၅) ရက်နေ့အထိ (၃) ကြိမ် ထပ်မံဆွေးနွေးခဲ့ပြီး၊ (၉-၁၂-၂၀၁၅) ရက်နေ့တွင်  Framework Agreement အပြီးသတ်နိုင်ခဲ့ ပါသည်။

( ဎ)  စီမံကိန်းအတွက် ODA ချေးငွေ မူလခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၇၀၆) သန်း ခန့်ဖြစ်ပြီး အတိအကျမှာမူ JICA PPP Feasibility Study Team မှ Feasibility Study ဆောင်ရွက်ပြီးမှသာ သိရှိမည်ဖြစ်ပါသည်။ အဆိုပါအချက် ကိုလည်း JICA မှ သဘောတူပြီး ဖြစ်ပါသည်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် JICA တို့သည် ဂျပန်နိုင်ငံမှ ODA ရရှိရေး လျှောက်ထားနိုင်ရန်အတွက် Project Proposal  ညှိနှိုင်းရေးဆွဲ ခဲ့ပြီး၊ အဆိုပါ Project Proposal အား နိုင်ငံခြား အကူအညီအထောက်အပံ့စီမံ ခန့်ခွဲရေးကော်မတီသို့ တင်ပြနိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှတဆင့် (၁၄-၁၀-၂၀၁၅) ရက်နေ့တွင် တင်ပြခဲ့ ပါသည်။

(ဏ) Framework Agreement လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ၊ (၂၈-၁၂-၂၀၁၅) ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပြီး၊  ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆) တွင် သဘောတူ ခွင့်ပြုခဲ့ပါသည်။  (၃၀-၁-၂၀၁၆) ရက်နေ့ တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် JGC-Yongnam-CAI Consortium တို့အကြား Framework Agreement လက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

(တ) ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် Preparatory Survey ကို JICA မှ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ JICA မှ Preparatory Survey Draft  Final Report (1) ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ တွင်လည်းကောင်း Preparatory Survey Draft  Final Report (2) ကို (၈-၆-၂၀၁၆) ရက်နေ့တွင်လည်းကောင်း ဌာနသို့ တင်ပြခဲ့ပါသည်။ ယခုအခါ JICA မှ Feasibility Study Report အပြီးသတ် နိုင်ရေးဆောင်ရွက်လျက်ရှိပါ သည်။

(ထ)  ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ODA Loan နှင်‌့ပတ်သက်၍ Project Proposal အား (၂၄-၅-၂၀၁၆) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ထပ်မံ ပေးပို့ခဲ့ပါသည်။

(ဒ)  HIA Agreement မူကြမ်းရရှိရေးအတွက် Framework Agreement ပါ အချက်များကို အခြေခံ၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် JGC-Yongnam-CAI Consortium တို့ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။

hantharwaddy with 1inch Model (2) copyHIA Access Road website