Home / ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန

ရည်မှန်းချက်များ

(က)   တည်ဆဲပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးရေး၊ ပြောင်းလဲ လာသော အခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ရေးနှင့် လိုအပ်သော ဥပဒေသစ်များ ရေးဆွဲနိုင်ရေးအတွက် အမြဲမပြတ် လေ့လာသုံးသပ် အကြံပြုရန်

(ခ)    မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်းလက်လှမ်းမီလွှမ်းခြုံရေး (Universal Health Coverage) အတွက် တိုးမြှင့်ဆောင်ရွက်ရန်

(ဂ)    ရောဂါများနှင့် ကျန်းမာရေးအခြေအနေများအား ပြည်သူ့ကျန်းမာရေးပြဿနာများ အဖြစ်သို့ ပေါ်ပေါက်လာခြင်းမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရန်နှင့် ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေသော ရောဂါနှင့် ကျန်းမာရေးအခြေအနေများ လျော့နည်းပပျောက်စေရန်

(ဃ)   နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝသော ပြီးပြည့်စုံသည့်ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားနိုင်ရေးအတွက် ကျန်းမာရေးဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင်မြှင့်တင်ခြင်း၊ ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်း ၊ ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်းများ ဆောင်ရွက်ရန်

(င)    မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေး ကျန်းမာရေးမြှင့်တင်ရန်နှင့် သေဆုံးမှုနှုန်းကျဆင်းရန်

(စ)    နိုင်ငံသားတိုင်း ကျန်းမာရေးနှင့်ညီညွှတ်သော အာဟာရပြည့်ဝသည့် အစားအသောက် များကို စားသုံးသည့် အလေ့အကျင့်ကို ကျင့်သုံးတတ်လာစေရန်

(ဆ)   သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)ကိုအသုံးပြု၍ ကျန်းမာရေးသတင်းစနစ်လုပ်ငန်းများ  အားဖြည့်ဆောင်ရွက်ရန်

(ဇ)     ပြည်သူအားလုံး၏ ဘဝသက်တမ်းတစ်လျှောက် ကျန်းမာရေးနှင်ညီညွှတ်သော အမူအကျင့်များကို သိရှိလိုက်နာကျင့်သုံးနိုင်စေရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ရန်

(ဈ)    ပြည်သူလူထု၏ ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် နိုင်ငံတော်၏ မူဝါဒ ၊ ဥပဒေ၊ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေစွာ ကျန်းမာရေးနှင့် နှီးနွယ်ဆက်စပ် နေသည့် ဌာန၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ပြည်သူများ၏

ကျန်းမာရေးစောင့်ရှောက်လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးစီမံချက်

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်ထွေး ခေါင်းဆောင် ၍ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရွှေ ၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသီဟ ၊ ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာနမှ ခေတ္တဌာနမှူး ဒေါက်တာမြတ်မိုးကြည်တို့ ပါဝင်သောအဖွဲ့သည် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်သို့ သွားရောက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ GP ဆရာဝန်များ၊ ကျန်းမာရေးကို စိတ်ပါဝင်စားသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများမှ တက်ရောက် ဆွေးနွေး အကြံပြုခဲ့ပါသည်။ ၎င်းတင်ပြချက်များကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ပါဝင်သောအဖွဲ့မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ပြည်သူလူထုမှ ကျန်းမာရေးနှင့် ပတ်သက်၍ တင်ပြချက်များကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ နေပြည်တော်သို့ ဆက်လက်၍ အစီရင်ခံတင်ပြခဲ့ပါသည်။

 ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမို ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။

အထူးရောဂါနှိမ်နင်းရေးလုပ်ငန်းစီမံချက်

(tOPV) ကာကွယ်ဆေးမှ (bopv) ကာကွယ်ဆေးသို့ ပြောင်းလဲခြင်းကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပါသည်။ တိုင်းဒေသကြီး အထူးရောဂါနှိမ်နင်းရေးအဖွဲ့မှ (tOPV) ကာကွယ်ဆေးများ မီးရှို့ဖျက်ဆီးခြင်း ၊ ကွန်ကရစ်လောင်းခြင်း ၊ မြေဖို့ခြင်းလုပ်ငန်းများကို မြို့နယ်များတွင် ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ကလေးငယ်များကာကွယ် ဆေးထိုးနှံရာတွင် ပိုမို ကောင်းမွန်သော ကာကွယ်ဆေးများကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ပါသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (PCV) ထိုးနှံခြင်းလုပ်ငန်းအတွက် (၂၀-၆-၂၀၁၆) ရက်နေ့တွင်  တိုင်းဒေသကြီးအဆင့် အသိပေးဆွေးနွေးပွဲကို အစိုးရအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (PCV) ကာကွယ်ဆေးအသစ် ထည့်သွင်း ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားတွင် (၁-၇-၂၀၁၆) ရက်နေ့တွင် ပဲခူးမြို့ ၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူလူထုအင်အား (၅၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရာတွင် (PCV) ကာကွယ်ဆေးအသစ် ထိုးနှံခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် ဝမ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ (၁၆-၇-၂၀၁၆) ရက်နေ့မှစ၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်တို့ ပါဝင်သော အဖွဲ့သည် ပြည်မြို့နယ်တွင် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စဉ်အသေးစိတ်အား မေးမြန်း စုံစမ်းခြင်း ၊ ဖြစ်ပွားမှုများသော ရပ်ကွက် / ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မှုများအား ကြီးကြပ် ကွပ်ကဲခြင်း၊ ရောဂါပျံ့ပွားမှု မရှိစေရန် Isolation ward ထားရှိပြီး ဝမ်းပျက်ဝမ်းလျှောလူနာများ ထားရှိ ရန် ၊ Infection Control စနစ်တကျထားရှိရန် ပြည်မြို့နယ်မှ အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်း များအား တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်း၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလိုရင်းဆေးခပ်ခြင်း၊ အတူနေသူများအား ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း ၊ ကျန်းမာရေး ပညာပေးခြင်း ၊ (၂၄) နာရီ ဆေးခန်းဖွင့်၍ ဆေးကုသမှုပေးခြင်း၊ တစ်အိမ်တက်ဆင်းရောဂါဖြစ်ပွားမှု ရှိ/မရှိ မေးမြန်း စုံစမ်းခြင်းတို့နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့်ပတ်သက်၍ ဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်

(၆)လမှ (၃)နှစ်ကလေးများ အာဟာရမှုန့်ဖြန့်ဖြူးကျွေးမွေးခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကျောက်တံခါးမြို့နယ် ၊ တောင်ငူမြို့နယ် ၊ ရေတာရှည်မြို့နယ် ၊ အုတ်တွင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပါသည်။

မွေးစမှ (၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းလုပ်ငန်းကို ဖြူးမြို့နယ်၊ အုတ်တွင်း မြို့နယ် ၊ ကျောက်တံခါးမြို့နယ်နှင့် ပန်းတောင်းမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပါသည်။

အာဟာရချို့တဲ့မှု ရာခိုင်နှုန်း လျော့ကျသွားစေမည် ဖြစ်ပါသည်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း စီမံချက်

ပဲခူးတိုင်းဒေသကြီး မြို့နယ် (၁၀) မြို့နယ်တွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သင်တန်းဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ပါသည်။

ရောဂါရှာဖွေကုသခြင်းလုပ်ငန်းများကို ပြည်မြို့နှင့် ပဲခူးမြို့ ၊ သာယာဝတီမြို့ ၊ ကရင်ပြည်နယ်၊ သံတောင်မြို့များရှိ အကျဉ်းထောင်များတွင် (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

သက်ဆိုင်ရာမြို့နယ်များတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ပိုမို တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။ အကျဉ်းထောင်အတွင်းရှိ လူနာများ၏ တီဘီရောဂါရှိ/မရှိကို စစ်ဆေးသိရှိနိုင်ခဲ့ပါသည်။

 

ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်

ငှက်ဖျားရောဂါဆိုင်ရာ မွန်းမံသင်တန်းများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၅) မြို့နယ်တွင် ငှက်ဖျားစေတနာ့ ဝန်ထမ်းများ ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချပေးခဲ့ ပါသည်။

ငှက်ဖျားပိုးတွေ့လူနာများအား အခြေခံကျန်းမာရေးဝန်ထမ်းများ ၊ ငှက်ဖျားတိုက်ဖျက်ရေး ဝန်ထမ်းများ ၊ ငှက်ဖျားစေတနာ့ဝန်ထမ်းများ တိုက်ရိုက်ကြည့်ရှူ (DOT) ဖြင့် လူနာများအား ကုသပေးခဲ့ပါသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျောင်းဖွင့်ရာသီအမှီ စာသင်ကျောင်း များတွင် ခြင်ဆေးမှုတ်ခြင်းများ၊ ဖုံး ၊ သွန် ၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ငှက်ဖျားရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေး အတွက် ဆောင်ရွက်နိုင်ခဲ့ပါသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့ ပါသည်။

 

မျက်ခမ်းစပ်နှင့်မျက်မမြင်ရောဂါ ကာကွယ်တိုက်ဖျက်ရေးစီမံချက်

မျက်ခမ်းစပ်ရောဂါနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ပဲခူးမြို့နယ်နှင့် တောင်ငူမြို့နယ်များတွင် ရွာပေါင်း (၁၂) ရွာ၌ စစ်ဆေးခဲ့သော လူဦးရေ (၁၇၇၆၈) ဦးရှိပြီး ရောဂါ တွေ့ရှိခဲ့သော လူနာပေါင်းမှာ (၃၈၂) ဦး ရှိပါသည်။ ၎င်းမြို့နယ်များတွင် ခွဲစိတ်မှုများပြုလုပ်ခဲ့ရာ စုစုပေါင်း လူနာဦးရေ (၇၃၉) ဦးအား ခွဲစိတ်ကုသပေးခဲ့ပါသည်။

မျက်ခမ်းစပ်ရောဂါနှင့် မျက်စိရောဂါများကို စောစီးစွာ သိရှိ ကုသပေးနိုင်ခဲ့ပါသည်။

 

ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်

ခုခံကျ/ကာလသားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ (၂၉-၅-၂၀၁၆) ရက်နေ့တွင် ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် သင်တန်းပေးခြင်း ၊ (၃၀-၅-၂၀၁၆) ရက်နေ့မှ (၃၁-၅-၂၀၁၆) ရက်နေ့အထိ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများအား သင်တန်းပေးခြင်း ၊ (၁၇-၆-၂၀၁၆) ရက်နေ့တွင် ပဲခူးမြို့၊ ဒေသန္တရကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆေးခန်းလာလူနာ (၅၉၂၈) ဦးကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့ပါသည်။

ပိုးတွေ့ရှိသည့် လူနာဦးရေ (၉၈) ဦးအား ART ဆေးများ တိုက်ကျွေးနိုင်ခဲ့ပါသည်။

HIV ရောဂါနှင့်ပတ်သက်သော အသိပညာတိုးပွားစေရန်အတွက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ HIV ရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေးပေးနိုင်ခဲ့ပါသည်။ ART ဆေး တိုက်ကျွေးခြင်းဖြင့် လူနာများ၏ ရောဂါများကိုလည်း ကုသပေးနိုင်ခဲ့ပါသည်။

Community Clinic ဖွင့်လှစ်ဆောင်ရွက်ခြင်း

Community Clinic အား ၂၀၁၅-ခုနှစ် ၊ နိုဝင်ဘာလမှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျန်းမာရေးဌာနအသီးသီးတွင် အပတ်စဉ် Community Clinic ဖွင့်လှစ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ – ခုနှစ် ၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးမိခင် (၁၆၀၇၃၈) ဦးအားလည်းကောင်း ၊ ငါးနှစ်အောက်ကလေး (၁၂၂၉၈၇) ဦး ၊ သက်ကြီးရွယ်အို (၁၆၁၆၅၆) ဦး ၊ စုစုပေါင်း (၄၄၅၃၆၁) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ၊ (၅၁၇၁၆၁) ဦး အား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ Community Clinic  အား အပတ်စဉ် ဌာနအလိုက် ပရိုတင်းလုပ်ငန်းစဉ်များ ရေးဆွဲ၍ အပတ်စဉ် ရပ်ကွက်/ကျေးရွာများအတွင်းသို့ အလှည့်ကျကွင်းဆင်း၍ စဉ်ဆက်မပြတ်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။