ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အားကစားနှင့်ကာယပညာဦးစီးဌာန
ဖွဲ့စည်းရခြင်းရည်ရွယ်ချက်(၃)ရပ်
– မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်။
– နိုင်ငံတကာအားကစားများတွင် အဆင့်မှီအရည်အသွေးရှိသော ထူးချွန်အောင်မြင်သည့် အားကစားသမားများပေါ်ထွက်လာစေရန်။
– နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့အားကစားအောင်မြင်မှုရစေရန်။
ပေးအပ်ထားသော တာဝန်ကြီး(၄)ရပ်
– တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး။
– မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရန်။
– အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး။
– အရှေ့တောင်အာရှမှအာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင်ကြိုးပမ်းရေး။
အဓိကတာဝန်ကြီး(၅)ရပ်
– လူရွေးချယ်ရေး။
– ကစားကွင်း/ကစားရုံထိန်းသိမ်းရေး။
– ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး။
– ဦးစီးဌာနမှကျင်းပသည့် ပြည်နယ်/တိုင်းအားကစားပြိုင်ပွဲများ အတတ်နိုင်ဆုံး မပျက် မကွက်ပါ၀င် ယှဉ်ပြိုင်ရေး။
– စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းမြင့်မားရေး။
ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ အဓိက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များ
၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ
(က) ဘိလိယက်/စနူကာပြိုင်ပွဲ – (၁.၇.၂၀၁၆) မှ (၆.၇.၂၀၁၆) ထိ
(ခ) စစ်တုရင်ပြိုင်ပွဲ – (၉.၇.၂၀၁၆) မှ (၁၅.၇.၂၀၁၆) ထိ
(ဂ) ဘော်လီဘောပြိုင်ပွဲ – (၁၆.၇.၂၀၁၆) မှ (၂၃.၇.၂၀၁၆) ထိ
(ဃ) ဗိုဗီနမ်ပြိုင်ပွဲ – (၂၅.၇.၂၀၁၆) မှ (၂၉.၇.၂၀၁၆) ထိ
(င) ကြက်တောင်ပြိုင်ပွဲ – (၁.၈.၂၀၁၆) မှ (၅.၈.၂၀၁၆) ထိ
(စ) အမျိုးသားဘောလုံး – (၄.၈.၂၀၁၆) မှ (၂၀.၈.၂၀၁၆) ထိ
၂။ တိုင်းဒေသကြီးအတွင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မှုအခြေအနေ
(က) တိုင်း/ခရိုင်/ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ
(ခ) မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)စီမံချက်အရ ကျင်းပပြုလုပ် သည့် အားကစားပြိုင်ပွဲများ
(ပဲခူးမြို့၊ ပန်းတောင်းမြို့၊ အုတ်တွင်းမြို့၊ မင်းလှမြို့၊ ကဝမြို့)
၃။ အားကစားသင်တန်းများ ဖွင့်လှစ်မှုအခြေအနေ
(က) ရေကူးသင်တန်း
(ခ) ဘောလုံးအခြေခံသင်တန်း
၄။ အားကစားနှင့် ကာယပညာသိပ္ပံမွေးထုတ်ပေးနိုင်မှုအခြေအနေ
ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ အား/ကာ(သိပ္ပံ)ကျောင်းသား/သူ များ ရရှိရေးနယ်မြေကွင်းဆင်း ရှာဖွေစည်းရုံးပို့ဆောင်ပေးနိုင်ခြင်း။
၅။ ပြည်သူဗဟိုပြု အားကစားလှုပ်ရှားမှုအခြေအနေ
(က) အားကစားအသိပညာပေးဟောပြောပွဲများ
(ခ) ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မှုအခြေအနေ