နောက်ဆုံးရသတင်းများ

ပဲခူးမြို့၌ (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅ ========= ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်း ဓမ္မာရုံတော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။        ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ဒိုက်ဦး ဇန်နဝါရီ ၂၃ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ CPP Myat Min Agro Co., Ltd ၏ အစေ့ထုတ်ပြောင်း (၆၀၀)ဧကစိုက်ပျိုးထားရှိမှုနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့သန့်စင်စက် လည်ပတ်နေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် မြေများအား စိုက်ပျိုးမြေအဖြစ် အမြန်ဆုံးဖော်ထုတ် စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများ စီးပွားဖြစ်အစေ့ထုတ်ပြောင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင် ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၄-ခ)၊ မြေဧရိယာ(၁၃၅.၁၁)ဧကအား တိုင်းဒေသကြီးအစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၃၂.၂၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်မီပြီးစီးနိုင်ရေး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၂၂ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံ ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။           အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြို့နယ်(၂၈)မြို့နယ်တွင် လစဉ်ပင်စင်လစာထုတ်ရက်တိုင်း ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်ပေးခြင်း၊ ဆီးချို/သွေးချို အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် …

Read More »

ပဲခူးမြို့၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချအလှူတော်မင်္ဂလာ  အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၁ ==================           ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားအား ဇန်နဝါရီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ သပြေကုန်းဘိုးဘွား ရိပ်သာမှ အဘိုး ဦးတင်မောင်မြင့်၊ အဘွား ဒေါ်ဌေးဌေးမြင့်တို့က ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဇဗ္ဗူရတနာ ဓမ္မာရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြသည်။           ထို့နောက် ဇဗ္ဗူရတနာ ဓမ္မာရုံအား ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက မဟာကလျာဏီသိမ်တော်ကြီးစာသင်တိုက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇန်နဝါရီ ၂၀ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသ မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး သို့သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး သွားလာရခက်ခဲသော ကျေးရွာများမှ ဒေသခံပြည်သူများလည်း ကျန်းမာရေး စောင့်ရှောက်မှုလာရောက်ခံယူနိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီများ နှင့်ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်၊ အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ဆီ၊ အသား/ဥများအား ဈေးနှုန်းသက်သာစွာဖြင့် တစ်ပါတည်းရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သောဆေးဝါးများ ဖြည့်တင်း နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ မြို့နယ်အလိုက် အခြေခံ …

Read More »