နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲ မထားဘဲ အများအကျိုးပြုနိုင်သူကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဇူလိုင် ၁၇(ဝေါ) ================== ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ အမြိုက်ရတနာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူလူထုများ အချင်းချင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်ခြင်း၊ အားပြိုင်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်း ဥပဒေနှင့်အညီဖြစ်ရန်နှင့် ပြည်သူအများစုလက်ခံပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများမထားဘဲ အများအကျိုး ဆောင်ရွက်နိုင်သူကိုသာ ရွေးချယ်ရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးသည် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် ပညာရေးကဏ္ဍမှ ဆရာ/ဆရာမများသည်လည်း အရေးပါသော အခန်းကဏ္ဍမှာပါဝင်နေကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

FI

ဇူလိုင် ၁၅ (ပဲခူး) ============== ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာ ဆရာတော်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။ ယင်းနောက် ရတနာရွှေမိုး ငွေမိုးရွာသွန်းပြီး ဆရာတော်သံဃာတော် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇူလိုင် ၁၃ (ရွှေကျင်) ============== ဇူလိုင်လ (၁၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၊ သမိုင်းဝင် ကျောက်မှော်စေတီတော်ကြီး ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုတွေတိုင်းမှာ ဒေသလိုအပ်ချက်ဆိုတာတွေ ရှိနေပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း အောက်ခြေအထိ ကွင်းဆင်းပြီး ဒေသလိုအပ်ချက်များကို သိရှိရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အစိုးရမှ ပြည်သူများ၏ အခက်အခဲ ပြဿနာပေါင်းစုံကို ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသလို ပြည်သူများဘက်မှလည်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှုအပေါ် အတူလိုက်ပါပြောင်းလဲရန်လိုအပ်ကြောင်း၊ အောက်ခြေပြဿနာအများစုသည် အတ္တကိုအခြေခံပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများ လျော့နည်းကာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီအခြေအနေသည် ပြည်သူများအကြား ဒီမိုကရေစီစနစ် စီးဝင်မှုနည်းပါခြင်းကြောင့်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် မည်သည့်ကိစ္စကိုမဆို အများသဘောတူညီချက်နှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ပြီ:  ပြည်သူတစ်ဦးချင်အပေါ် …

Read More »

ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

FI

ရွှေကျင် ဇူလိုင် ၁၃ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၉)နာရီက ရွှေကျင်မြို့ မြို့တော်စည်ပင်ခန်းမ၌  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံအပြောင်းအလဲအဖြင့် နိုင်ငံရေးစနစ်အမှားတွေကို ပြုပြင်ပြောင်းလဲပြီးတော့ ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရက်တစ်ဖက်ဒရယ် နိုင်ငံတော်တစ်ခုကို တည်ဆောက်ဖို့ကြိုးပမ်းတဲ့ နေရာမှာ အစိုးရပုံစံတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကတစ်ဆင့် ပြည်သူတွေကို ဒီမိုကရေစီယဉ်ကျေးမှုနှင့် ပတ်သက်သော အမွေအနှစ်တွေကိုချပြီး လူထုကြားမှာ တစ်ဦးနှင့်တစ်ဦး အတ္တတွေများနေပြီး အမှုအခင်းတွေ၊ ဖြေရှင်းလို့မရတဲ့ပြဿနာတွေ ဘာတွေဖြစ်ခဲ့တဲ့ အမွေဆိုးတွေကို ကျွန်တော်တို့တွေက ဝိုင်းဝန်းပြီး တစ်ဦးချင်း တစ်ယောက်ချင်းစီ တွန်းလှန်ဖို့ အဆင်မပြေတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်နှင့်အညီ အားလုံးစုပေါင်းအားဖြင့် ပြောင်းလဲကြရန် အစိုးရ၊ လွှတ်တော်၊ …

Read More »

ကဏ္ဍစုံပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၂ (ပဲခူး) ============== ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ) ဦးထွန်းခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် တထပ်တည်းဖြစ်ရမည်ဟူသော စံ(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်ဇယားချမှတ်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခု၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြင်ဆင်သည့်နှစ်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရူံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲစာရင်းရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း၊ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ လာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်လိုအပ်ကြောင်း၊ ပြည်သူများအနေနဲ့ မဲပေးခြင်းဖြင့် ဒီမိုကရေစီအခွင့်အရေးအား ရယူကြပြီး ဒီမိုကရေစီစနစ် ရှင်သန်အောင်ဖော်ဆောင်ကြစေလိုကြောင်း …

Read More »