နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

သနပ်ပင်မြို့နယ်၊ ကံကုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၄ (ပဲခူး) ================================       ဒီဇင်ဘာလ(၄)ရက်နေ့နံက်(၁၀:၃၀)နာရီအချိန်ကပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့၊ရွာသစ်(၄)ရပ်ကွက်၊ကံကုန်းရွာလယ်မဏ္ဍပ်၌ Habitat for Humanity-Myanmar အဖွဲ့အစည်းမှ အကောင်အထည်ဖော် တည်ဆောက်သော သဘာဝဘေးဒဏ်ခံ လုံးချင်းဝါးအိမ်များ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့သည် မိုးရာသီတွင် ရေကြီးပြီး နွေရာသီတွင် ရေရှားပါးသည့် ဒေသဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသနှင့် ကိုက်ညီပြီး လွယ်ကူလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် Habitat for Humanity-Myanmar မှ သဘာဝဘေးဒဏ်ခံ ဝါးလုံးချင်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ လူသားတိုင်းတွင် နေထိုင်ရန် နေရာတစ်ခုရှိမှသာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံ အချက်အလက်များ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေးများ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသလို ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက်လည်း …

Read More »

(၂၅)ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူး ငွေရတုအထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများစုပေါင်းပြီး ၂၅ ကြိမ်မြောက် ရှမ်းစာပေဆုပေးပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲ ငွေရတုအထိမ်းအမှတ် ပွဲတော်ကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနနက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ကင်မွန်းအင်းကျေးရွာအုပ်စု၊ သပြေတန်းရှမ်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလံတော်နှင့် မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုကြပြီးနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် မတူညီကွဲပြားသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြပြီး လူမျိုးတိုင်းတွင် မတူညီကွဲပြားသော ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် စာပေများရှိသောကြောင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် စာပေအား မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ တိုင်းရင်းသားလူမျိုးများ၏ အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများသည် သမိုင်းအစဉ်အလာ ကြီးမားသော တိုင်းရင်းသားများဖြစ်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာ၊ သမိုင်းအမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးနှင့်စာပေ မပပျောက်စေရေးအတွက် ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ …

Read More »

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃ (ပဲခူး) ================================== ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ကြံ့ခိုင်သန်စွမ်းသော လူ့အဖွဲ့အစည်းများ ဖန်တီးဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မသန်စွမ်း အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းပြီး မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြု ကြိုးပမ်းဆောင်ရွက်ကြရန်” ပြောကြားပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသုတက ဖတ်ကြားသည်။ ထို့နောက် ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ …

Read More »

ကလေးငယ်များအတွက် MFF Grassroots Football Festival 2017.Bago ဘာလုံးပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂ (ပဲခူး) =================================== ကလေးငယ်များအတွက် MFF Grassroots Football Festival 2017;Bago ဘာလုံးပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုး၍ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်က ယခုကျင်းပပြုလုပ်မည့် ဘောလုံးပွဲတော်သည် ကျောင်းသား ကလေးငယ်များ ကျန်းမာပျော်ရွှင်ရေးအတွက်သာမက ဘောလုံးအားကစားကို ပိုမို စိတ်ဝင်စားလာစေပြီး အနာဂတ်မှာ မြန်မာ့လက်ရွေးစင်အသင်း အဆင့်ဆင့်အတွက် အားထားရမည့် မျိုးဆက်သစ်ဘောလုံးသမားများ ပေါ်ထွန်းလာစေဖို့ များစွာအထောက်အကူပြုသည့် ဘောလုံး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဘောလုံးပွဲတော်များကို ယခုနှစ်အတွင်းနှင့် လာမည့် ၂၀၁၈ ခုနှစ်မှာလည်း ပဲခူးတိုင်းဒေသကြီးအတွင်းသာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း တိုးချဲ့ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်နေတာ သိရှိရသည့် အတွက် အလွန်ပင် ဝမ်းမြောက်မိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြန်မာဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း …

Read More »

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန် တတိယပတ် လူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂ (ပဲခူး) =================================== ပဲခူးမြို့၌ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန် တတိယပတ် လူထုလမ်းလျှောက် ပွဲအား ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် (၅:၃၀)အချိန်က ကျင်းပပြုလုပ်သည်။ အဆိုပါလူထုလမ်းလျှောက်ပွဲကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူးရုံးရှေ့မှစတင်ကာ သနပ်ပင်လမ်းအတိုင်း နာရီစင်ထိပ်မှ ရွှေမော်ဓောဘုရား အနောက်မုဒ်ထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး၊ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ကွင်းပြင်၌ ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင်ခန်း အတွဲ(၁)၊ အတွဲ(၂)တို့အား စုပေါင်းပြုလုပ်ခဲ့သည်။ လမ်းလျှောက်ပွဲတွင် လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ ဥပဒေချုပ်ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ပြည်သူများ စုစုပေါင်းအင်အား(၃၉၅၀၀ )ဦး ပါဝင်ဆင်နွဲကြကြောင်း သိရသည်။

Read More »