နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မှု အသိပေးကြေငြာခြင်း

EPC

နိုဝင်ဘာ ၃ (ပဲခူး) ========================= ၂၃၀ ကေဗွီ သာယာကုန်း ပင်မဓာတ်အားခွဲရုံရှိ 30 MVA Transformer  နှင့် 60 MVA Transformer လဲလှယ်တပ်ဆင် ခြင်း၊ Testing ပြုလုပ်ခြင်း၊ Float Charged ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကျွဲပွဲမြို့၊ ဇေယျဝတီမြို့၊ ဖြူးမြို့၊ ကညွှတ်ကွင်းမြို့၊ ဒိုက်ဦးမြို့၊ ဖောင်တော်သီမြို့၊ ပြွန်တံဆာမြို့၊ ညောင်လေးပင်မြို့၊ ကျောက်တံခါးမြို့၊ ဖဒိုမြို့၊ ပိန်းဇလုပ်မြို့၊ ပဲနွယ်ကုန်းမြို့၊ တောကျွဲအင်းမြို့၊ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့တွင် (၄−၁၁−၂၀၁၇) ရက်နေ့၊ မွန်းတည့်(၁၂)နာရီမှ (၅−၁၁−၂၀၁၇)ရက်နေ့၊ ညနေ(၆)နာရီအထိ ခေတ္တယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read More »

ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓော‌ စေတီ‌တော်ကြီး၌ (၃၆)ကြိမ်‌မြောက် မသိုးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၃ (ပဲခူး) =================================== နိုဝင်ဘာလ (၃)ရက်နေ့၊ နံနက်(၄)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဂေါပကအဖွဲ့တာဝန်ရှိသူများ၊ ယက္ကန်းပညာရှင်/ လုပ်အားရှင်များနှင့် ဝတ်အသင်းအဖွဲ့များက‌ စေတီ‌တော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ် လှည့်လည်ပူ‌ဇော်ကြပြီး ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်‌တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပ‌ဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက‌ ပွင့်တော်မူပြီးသော ဘုရားရှင်(၄)ဆူနှင့် နောင်ပွင့်မည့် အရိမေတ္တယျဘုရားရှင်တို့အား ရည်စူးရည်မှန်းပြီး ရွှေ‌မော်‌ဓော ဘုရားရင်ပြင်‌တော် မုခ်ဦးအသီးသီးတွင် ကိန်းဝပ်စံပါယ် သီတင်းသုံး‌နေတော်မူ‌သော ဗုဒ္ဓရုပ်ပွား‌တော်များအား မသိုးသင်္ကန်းနှင့် ပန်း‌ရေချမ်းဆီးမီး အ‌မွှေးနံ့သာတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကျောက်ပန်း‌တောင်းဓမ္မာရုံတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပထမဆုရရှိ‌သော တနင်္ဂနွေအသင်းကိုယ်စားပြု ဝိသာခါစင်‌တော်အဖွဲ့၊ ဒုတိယရရှိ‌သော သုခကာရီအသင်းကိုယ်စားပြု ဂေါတမီစင်‌တော်အဖွဲ့၊ တတိယဆုရရှိ‌သော …

Read More »

ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓော‌ စေတီ‌တော်ကြီး၌ (၃၆)ကြိမ်‌မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂ (ပဲခူး) ================================== နိုဝင်ဘာလ(၂)ရက်‌နေ့ ည(၇)နာရီအချိန်က ပဲခူးမြို့၊ ဆု‌တောင်းပြည့်‌ရွှေ‌မော်‌ဓောစေတီ၊ ကျောက်ပန်းတောင်းဓမ္မာရုံ၌ (၃၆)ကြိမ်‌မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ပြိုင်ပွဲကျင်းပရေး နာယက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းကမသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်း သည် သက်တော်ထင်ရှာ မြတ်စွာဘုရား ရှိတော်မူစဉ်အခါက မိဒွေးတော်ဂေါတမီ၏ သင်္ကန်းအလှူကို အကြောင်းပြုပြီး ရှေးမင်းအဆက်ဆက် ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးတန်ဖိုးထားပြီး လှူဒါန်းခဲ့သော ကုသိုလ်ပွဲဖြစ်ကြောင်း၊ လောကဓမ္မအကျိုးတရား(၂)ပါးမှ ဖြစ်ပေါ်လာမည့် ကောင်းကျိုးသုခအဝဝကို မြို့သူ/ မြို့သားများ ရရှိစေဘို့ ရည်ရွယ်ကြောင်း ပြောကြားသည်။ ထို့နောက်မသိုးသင်္ကန်းရက်ပြိုင်ပွဲ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးဝင်းမောင်က မသိုးသင်္ကန်း ရက်ပြိုင်ပွဲကျင်းပရေးအတွက် ကြိုတင်ဆောင်ရွက်ခဲ့သည်များကိုလည်းကောင်း၊ အရည်အသွေးအကဲဖြတ်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြတ်ကျော်က ယက္ကန်းရက်ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် မင်္ဂလာအချိန်တွင် ပွဲတော်ကျင်းပရေးနာယက …

Read More »

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှစတင်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား BRCCA ၏ ကွပ်ကဲမှုဖြင့် QC (အရည်အသွေးစစ်ဆေးခြင်း)လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်

FI

နိုဝင်ဘာ ၁ (ပဲခူး) ============================ နိုဝင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ငွေကျပ်သိန်း(၁၀၀)အထက် တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ယခင်အချိန်အခါကာလများ၌ တည်ဆောက်ရေးလုပ်ငန်းများတွင် QC  (အရည်အသွေးစစ်ဆေးခြင်း)လုပ်ငန်းများ အားနည်းခဲ့ရခြင်းကြောင့် အဆောက်အဦ၊ လမ်း/ တံတားများ အချိန်မတိုင်မီ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှစတင်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား BRCCA ၏ ကွပ်ကဲမှုဖြင့် QC  (အရည်အသွေး စစ်ဆေးခြင်း) လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုကိုပါ တစ်ပါတည်း ပူးတွဲဆောင်ရွက် သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ၂၀၁၆ ခုနှစ်၊ စည်ပင်သာယာရေးအဖွဲ့ …

Read More »

ရေတာရှည်မြို့၊ မြို့နယ်စီမိံကန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

နိုဝင်ဘာ ၁ (ပဲခူး) ========================== ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တတိယအကြိမ် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းနား ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်ရခြင်းကိုလည်းကောင်း၊ UNDP မှMs.Anki Dellnas က သင်တန်းတွင် သင်ကြားပေးမယ့် ဘာသာရပ်များနှင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ UNDP မှMs.Anki Dellnas နှင့် တာဝန်ရှိဌာနေကိုယ်စားလှယ်များ ၊လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊  ဌာနဆိုင်ရာဝန်ထမ်းများ ၊  ရေတာရှည်မြို့နယ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ သင်တန်းသား/သင်တန်းသူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Read More »