နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ညောင်လေးပင်မြို့၌ တိုင်းရင်းသားတို့၏ စာပေနှင့်ရိုးရာအမွေအနှစ် ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၅ (ပဲခူး) ==================================== ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းပြီး အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ညောင်လေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊Community Centre ခန်းမ၌ တိုင်းရင်းသားတို့၏ စာပေနှင့်ရိုးရာအမွေအနှစ် ပြခန်းများပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးပိုင်၊ ဆောထီးမြို့နယ် KNU ကရင်အမျိုးသား အစည်းအရုံး ဆက်ဆံရေးမှူး ဖဒိုစောပွယ်ဘွဲကျော်တို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသားများက ကရင်ရိုးရာတေးဂီတ၊ ရှမ်းရိုးရာတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် တိုင်းရင်းသားရေးဝန်ကြီး ဒေါ်နော်ပွယ်စေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က တိုင်းရင်းသားတို့၏ စာပေနှင့်ရိုရာအမွေအနှစ် ပြပွဲပြခန်းများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြပွဲဖြစ်မြောက်ရေးအတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက …

Read More »

သမဝါမယပညာပြန့်ပွားရေးနှင့် စာရင်းရေး စာရင်းကိုင်သင်တန်း(၂/၂၀၁၇)သို့ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ဖွင့်လှစ်

FI

စက်တင်ဘာ  ၂၄ (ပဲခူး) ============================== ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ ကျောက်တွင်းကုန်းလမ်းဆုံ၊ ပဲခူးမြို့နယ်သမဝါယမအသင်းလီမိတက် လေးထပ်အဆောက်အဦ၌ အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်(၉)နာရီအချိန်က အခြေခံသမဝါယ အသင်းသားများ၏ အမှုဆောင်များနှင့် ဝန်ထမ်းများ သမဝါမယပညာပြန့်ပွားရေးနှင့် စာရင်းရေး စာရင်းကိုင်သင်တန်း(၂/၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ချစ်ဆွေ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒု-ဥက္ကဋ္ဌ ဦးအုန်းတို့က အမှာစကား အသီးသီးပြောကြားကြပြီး၊ ပဲခူးမြို့နယ် သမဝါယမအသင်းများမှ ရခိုင်ပြည်နယ် ပြန်လည်ထူထောင် ရေးအတွက် အလှူငွေကျပ်(၅)သိန်းအား ဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။ အဆိုပါ သမဝါမယပညာပြန့်ပွားရေးနှင့် စာရင်းရေး စာရင်းကိုင်သင်တန်း(၂/၂၀၁၇)အား (၂၄-၁၀-၂၀၁၇) ရက်နေ့မှ (၂၆-၁၀-၂၀၁၇)ရက်နေ့ထိ (၃)ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ သမဝါယမသင်းပေါင်း(၂၆)သင်းမှ သင်တန်းသား/သူ (၁၂၄)ဦး တက်ရောက်ကာ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း …

Read More »

စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဝန်ကြီးချုပ်ပြောကြား

FI

အောက်တိုဘာ ၂၄ (ပဲခူး) ================================ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးစက်ရုံအလုပ်ရုံများ ကြီးကြပ်ရေးကော်မတီသို့ တက်နေဧရာဝတီဂရုကုမ္ပဏီလီမိတက်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေဧရိယာ (၄၁၄.၆၅)ဧကအား လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ မြေယာများအား အစိုးရသို့ လှူဒါန်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စနစ်တကျ စီမံဆောင်ရွက်ခဲ့ရသည့် သာဓကများရှိကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မြေယာအား အလွတ်မရှိ အကျိုးရှိအောင် အသုံးချလျက်ရှိကြောင်း၊ စက်မှု လက်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းသည် အလုပ်လက်မဲ့ပြဿနာနှင့် မြေယာကျူးကျော်မှု ပြဿနာများ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်အတူ ယခုလှူဒါန်းခဲ့သည့် နေရာတွင် စက်မှုဇုန်များနှင့် …

Read More »

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၃ (နေပြည်တော်) =========================== အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (တတိယအကြိမ်) အစည်းအဝေး ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်များ၊ သံယဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင် ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တို့ တက်ရောက်ခဲ့သည်။ အခမ်းနား၌ အဏ္ဏဝါဂေဟေစနစ်၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နိုင်ရေးနှင့် သစ်တောဂေဟစနစ် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် စီမံချက်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

FI

အောက်တိုဘာ ၂၃ (ပဲခူး) =================================== ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးအား အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၈)ဦးတက်ရောက်ကြသည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိန့်ခွန်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသည့် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားများကို ပြုလုပ်ကြရာ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားကြသည်။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့တွင် မှတ်တမ်းတင်ခြင်း(၁)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု၊ အစီရင်ခံစာ(၁)နှင့် အဆိုတင်သွင်းခြင်း(၁)ခုတို့ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ …

Read More »