နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ (ကျား/မ)စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၂ (ပဲခူး) =================================== ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်(၆)နာရီအချိန်ကပဲခူးတိုင်းဒေသကြီး၂၀၁၇ခုနှစ်အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၈)နှစ်အောက်(ကျား/မ)စက်ဘီးပြိုင်ပွဲကျင်းပပြုလုပ်သည်။ ပြိုင်ပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဒုတိဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ပြိုသ်ပွဲဝင်များတက်ရောက်ပြီး တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့မှစတင်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြိုင်ပွဲအား သေနတ်ဖေါက်ကာ တာလွှတ်ပေးခဲ့သည်။ အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ အမျိုးသား(၂၃၆)ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်း(၂၅၈)ဦး ပါဝင်ကာ တိုင်းဒေသကြီးပညာရေးမှူးရုံး ရှေ့မှစတင်၍ ရွှေမော်ဓောဘုရားလမ်း၊ မန္တလေး-ရန်ကုန်လမ်းအတိုင်း ပဲခူးမြို့လယ်နာရီစင်၊ မြို့မစျေးကြီး၊ ဘူတာခုံးကျော်တံတား၊ ကားကြီးယာဉ်ရပ်နားစခန်း၊ ကျိုက်ပွန်မုခ်ဝထိပ်၊ တရုတ်ဘုံကျောင်းအားဖြတ်ကျော်ကာ ချင်းစုအထပ်သားစက်ရုံလမ်းထိပ်အထိ အသွား/အပြန် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုရရှိသူများအား …

Read More »

ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ကွင်းဆင်းကုသမှုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း ကြည့်ရှုအားပေး

FI

အောက်တိုဘာ ၂၁ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် အတူ ထန်းတပင်မြို့နယ် လှည်းလမ်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များမှ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ကွင်းဆင်းကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ကွင်းဆင်းကုသရာ၌ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးဆောင်သော ခွဲစိတ်၊ အရိုး၊ ကလေး၊ သားဖွားမီးယပ်၊ မျက်စိ၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ဓါတ်မှန်၊ နား/နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ကင်ဆာ၊ အရေပြား၊ ရောဂါဗေဒ၊ သွားရောဂါကုဆရာဝန်များ၊ ဆေးပေးဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့သည် ထန်းတပင်မြို့နယ် လှည်းလမ်းကူး၊ မဲဖလံ၊ သရက်တန်း၊ ကြို့ပင်သာ၊ ဘုမ္မတီ၊ တလိုင်းအိုင်စသည့် ကျေးရွာအုပ်စု(၆)အုပ်စုနှင့် ကျောက်ကြီးမြို့နယ်တွင်းရှိ ပြည်သူများ၏ အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်းကုသ ပေးခြင်းဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၁(ပဲခူး) =================================== အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေတန်ဆောင်းကျေးရွာ၌ ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် ၂၀၁၇ခုနှစ် စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေတန်ဆောင်းကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာပို့သပြီး ကယားတိုင်းရင်းသားများက ကယားရိုးရာ အဲဒိုပေါ်မီအကဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ထန်းတပင်မြို့နယ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့ဂျေက အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်များက မိတ်ဆက်ကာ ကော်မတီအတွင်းရေးမှူး ခူးညွန့်ရယ်က အဲဒိုပေါ်မီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းတို့က အားပေးအမှာစကားပြောကြားပြီး ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ကအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကယားဘာသာစကားဖြင့် ရှင်းလင်းပြောကြားကာ …

Read More »

ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးပြုလုပ်

FI

အောက်တိုဘာ ၂၀ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌကိုယ်စား တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ အတွင်းရေးမှူး ဦးလင်းလင်းကျော်က အဖွင့်အမှာစကားပြောကြားရာတွင် “၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေနဲ့ ၂၀၀၁ခုနှစ် ကလေးသူငယ် နည်းဥပဒေများကိုပြဌာန်းပြီး ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိကြောင်း၊ ကလေးများအနေနှင့် အခွင့်အရေးရပိုင်ခွင့်များရှိသလို လိုက်နာရမည့်အချက်များကိုလည်း ကလေးသူငယ်ဥပဒေမှာ ထည့်သွင်းပြဌာန်းထားပြီးဖြစ်လို့ ရပိုင်ခွင့်နှင့် တာဝန်ကိုသိရှိအောင် အသိပညာပေးသွားဖို့လိုအပ်ကြောင်း” ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသုတက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြီး ပဲခူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ မြို့နယ်၏ လုပ်ငန်းဆောင်ရွက်ချက်များ ကိုတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ …

Read More »

(JICA Two Step Loan) ချေးငွေဖြင့် ဝယ်ယူသော လယ်ယာသုံးစက်ကိရိယာများအား တောင်သူများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၀ (ပဲခူး) ================================ အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးသမဝါယမ ရုံးဝင်းအတွင်း ရှင်စောပုခန်းမ၌ လယ်ယာလုပ်ငန်းကဏ္ဍနှင့် လယ်ယာမြေကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA Two Step Loan) ချေးငွေဖြင့် ဝယ်ယူသည့်လယ်ယာသုံး စက်ကိရိယာများအား တောင်သူများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေမှူး ဦးမင်းသူနှင့် JICA Myanmar Office မှ Representative Mr. Masayuki Nakamura တို့က Two Step Loan နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Two Step Loan ချေးငွေဖြင့် ဝယ်ယူခဲ့သည့် တောင်သူများလက်ဝယ်သို့ …

Read More »