နောက်ဆုံးရသတင်းများ

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၈ (ပဲခူး) ==================================================           ဇူလိုင်လ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာခန်းမ၌ နိုင်ငံတကာအဆင့်မီ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း အကောင် အထည်ဖော်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပဲခူးဒေသတစ်ခုအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက်ပါ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ လေဆိပ်ဧရိယာအတွင်း၌ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူခဲ့ပြီးဖြစ်၍ ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ လေဆိပ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ကော်မတီ အသီးသီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းမှ တင်ပြဆွေးနွေးရာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုင်ငံတော်စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုအဆင့်တွင်  ဒုတိယသမ္မတ(၂)ဦးဆောင်သည့် …

Read More »

နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကိုရီးယားနိုင်ငံမှ ပညာရှင်များ လာရောက်တွေ့ဆုံ

FI

ဇူလိုင်လ ၁၇(ပဲခူး) ==================================================           ဇူလိုင်လ (၁၇)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက်၊ Hanho Myanmar Sociacl Development & Service Co., Ltd, Managing Director, Mr.Jeon Iksang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ  လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ Mr.Jeon Iksang က မိမိတို့ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပရဟိတသဘောမျိုး လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပဲခူးမြို့သည် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီ မြို့ပြ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်၍ အဆင့်မီဆေးရုံ/ ဆေးခန်းများ လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီသည် ပဲခူးဒေသ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေနေရာလိုအပ်လျက်ရှိပါကြောင်း၊ ကိုရီးယားနိုင်ငံမှ ဆေးဝါးများ၊ စက်ပစ္စည်းများ၊ နည်းပညာများကိုလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ …

Read More »

သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး အသိပေးဆိုင်းဘုတ်တင်ပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၆ (ပဲခူး) =================================== ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံအနီး၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး အသိပေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အင်းတကော်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့မှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့မှ သီဆိုတီးမှုတ်ကပြဖျော်ဖြေကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး အသိပေးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများမှ တက်ရောက်လာသူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်း လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကြသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုက ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် မိသားစုများသည် မိမိတို့အိမ်အတွင်း/အပြင်ရှိ ရေထည့်ထားသည့် ရေစည်၊ ရေအိုများနှင့် ရေတင်ကျန်နိုင်သော ကားတာယာများကို …

Read More »

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၅ (ပဲခူး) ==================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့မှ အမှာစကားပြောကြားရာတွင် စည်ပင်သာယာရေးအဖွဲ့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ပါဝင်ပြီး ကော်မတီဝင်များအနေဖြင့် ရေးဆွဲထုတ်ပြန် အတည်ပြုထားသော စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေများကို နားလည်သဘောပေါက် တတ်ကျွမ်းအောင်လေ့လာပြီး ဌာနဆိုင်ရာ၊ ပြည်သူများနှင့် ပူးပေါင်းကာ မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက် သာယာလှပအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါတွင်လည်း ဘက်လိုက်မှုမရှိ တစ်ပြေးညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် ပြည်သူများပါဝင်အောင် စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၂၈)တို့၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၅ (ပဲခူး) =================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မှုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး …

Read More »