နောက်ဆုံးရသတင်းများ

သစ်ပင်စိုက်ပျိုးပွဲတော် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်စိုက်ပျိုး

FI

ဇူလိုင် ၉ (ပဲခူး) =================================== ဇူလိုင်လ(၉)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ အထက(ခွဲ) စာလေးကွင်းကျောင်း၌ ပဲခူးတိုင်းဒေသကြီး ပညာရေးဌာနမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ သားများအား စိုက်ပျိုးမည့် သစ်ပင်များအား ပေးအပ်သည်။ ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ်မှ ရတနာတန်းဝင် ကံ့ကော်ပင်ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေမှ သင်ဝင်ပင်ကိုလည်းကောင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ ခရေပင်ကိုလည်းကောင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှ ကျွန်းပင်ကိုလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းမှ ပိတောက်ပင်ကိုလည်းကောင်း စိုက်ပျိုးပေးကြသည်။ ယင်းနောက် တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ …

Read More »

လယ်ယာမြေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အတ္တကင်းကင်းနှင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဇူလိုင် ၅ (ပဲခူး) ==================================================           ဇူလိုင်လ (၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ မြေစစ်၊လယ်စီ၊မြေလွတ်မြေရိုင်း၊ စားကျက်မြေ စသည့် မြေယာကိစ္စရပ်များသည် အစိုးရအဆက်ဆက် ဖြေရှင်းဆောင်ရွက်ရသော ကိစ္စ ရပ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူကို ဗဟိုပြုသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ တို့၏လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူထားကြောင်း၊ တက်ရောက်လာသည့် မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် လယ်ယာ မြေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အတ္တကင်းကင်းနှင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြန်လည်စွန့်လွှတ်မြေများ၊ အခြားနည်းသုံးစွဲခွင့် ရရှိသည့် မြေများကို သေချာစွာ …

Read More »