နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

လယ်ယာမြေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အတ္တကင်းကင်းနှင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဇူလိုင် ၅ (ပဲခူး) ==================================================           ဇူလိုင်လ (၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ မြေစစ်၊လယ်စီ၊မြေလွတ်မြေရိုင်း၊ စားကျက်မြေ စသည့် မြေယာကိစ္စရပ်များသည် အစိုးရအဆက်ဆက် ဖြေရှင်းဆောင်ရွက်ရသော ကိစ္စ ရပ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူကို ဗဟိုပြုသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ တို့၏လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူထားကြောင်း၊ တက်ရောက်လာသည့် မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် လယ်ယာ မြေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အတ္တကင်းကင်းနှင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြန်လည်စွန့်လွှတ်မြေများ၊ အခြားနည်းသုံးစွဲခွင့် ရရှိသည့် မြေများကို သေချာစွာ …

Read More »

ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၅ (ပဲခူး) ================================== မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဇူလှိုင်လ(၅)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဌ ဒေါ်စမ်းစမ်းမိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော “မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးထုအတွက် တစ်နှစ်တာ နှစ်ပတ်လည်ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၇ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသူ(၁၁)ဦးအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှလည်းကောင်း၊ ဗဟိုအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပထမရရှိသော ကျောင်းသူ(၂)ဦး၊ ဗဟိုအဆင့် ကမ္ဘာ့ကုလသမဂ္ဂနေ့ စာစီစာကုံးပွဲတွင် ပထမရရှိသော ကျောင်းသူ(၁)ဦး၊ …

Read More »

နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ပဲခူးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

FI

ဇူလိုင် ၄ (ပဲခူး) ==================================================           ဇူလိုင်လ (၄)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နှစ်(၇၀)ပြည့် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့မှာ အာဇာနည်ကုန်းမရှိသဖြင့် ယခင်နှစ်က လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင်  ကျင်းပပြုလုပ်ခဲ့ရကြောင်း၊ ယခုနှစ်မှာ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် အားလုံးဝင်ပါဝင်နိုင်အောင် ပြုလုပ်မည် ဖြစ်ကြောင်း၊ အာဇာနည်နေ့ အခမ်းအနားနှင့်ပတ်သက်ပြီး ပညာရေးဌာနတို့မှ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဟောပြောပွဲများ ပြုလုပ်ကြမည်ဖြစ်၍ ဌာနဆိုင်ရာ များမှ ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းမှ အာဇာနည်နေ့ ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းပေးထားသည့် ကော်မတီများ၊ ဆပ်ကော်မတီအသီးသီးတို့မှ …

Read More »

တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးမှ စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

FI

ဇူလိုင် ၄ (ပဲခူး) ==================================================           ၂၀၁၇-၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား ဇွန်လ(၃၀)ရက်နေ့၊ နံနက်(၈)နာရီအချိန်မှ စတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B) ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။           ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၂)ယောက်တွဲ အဖွဲ့ငယ်(၁)ဖွဲ့၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့ငယ်(၁)ဖွဲ့၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့ငယ် (၁)ဖွဲ့၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့ငယ်(၁) တို့ပါဝင်ယှဉ်ပြိုင်ခဲ့ရာ၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)၊ အမျိုးသား (၂)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်)၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲ တွင် ဒုတိယ(ငွေတံဆိပ်)၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ရရှိခဲ့သည်။           ပဲခူးတိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအားကစား အသင်းမှ ရွှေတံဆိပ် (၃)ခုနှင့် …

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဇူလိုင်  ၃ ============================= ပဲခူးတိုင်းဒေသကြီးလွှတ်တောရုံး အစည်းအဝေးခန်းမ၌ ဇူလှိုင်လ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (ပထမ)နေ့ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်လောင်း(၂)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မိန့်ခွန်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် (ကြည်း-၂၇၂၉၄) ဗိုလ်မှူးကြီးလှမျိုးရွှေအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ အတည်ပြုရွေးချယ်ထားပြီးဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်မေးခွန်းများမေးမြန်းရာ သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် …

Read More »