နောက်ဆုံးရသတင်းများ

“တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၂ ============================ ဇူလှိုင်လ(၂)ရက်နေ့၊ နံက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ ကွင်းအမှတ်(၁၂၅၀)၊ တောင်သူဦးပြုံးချို၏ လယ်ကွင်း၌ “တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး လူဦးရေစုစုပေါင်း၏ (၇၈)ရာခိုင်နှုန်းသည် ဘဝရပ်တည်မှုအတွက် လယ်ယာလုပ်ငန်းအပေါ် မှီခိုရပ်တည်နေကြသူများဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှုလျော့နည်းအောင် ဆောင်ရွက်ရာ၌ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် စတင်ရမှာ ဖြစ်ကြောင်း၊ လယ်သမားများအတွက် အကျိုးအမြတ်ရှိသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချကာ နည်းပညာကို အခြေခံသည့် ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မလွဲမသွေ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ တောင်သူဆန္ဒ စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး …

Read More »

တံတားအမှတ်(၃/၁၂၂) တုံကန်ချောင်းတံတားနှင့် ပဲခူး-ညောင်လေးပင်အပိုင်း ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၁ =================================== ဇူလှိုင်လ(၁)ရက်နေ့၊ မွန်းလွဲ(၃:၁၅)နာရီအချိန်က ဟိုက်စတားကုမ္မဏီမှ တာဝန်ယူတည်ဆောက်သော ရန်ကုန်-တောင်ငူ-မန္တလေး ကားလမ်းဟောင်း မိုင်(၁၂၁/၂-၃)ရှိ တံတားအမှတ်(၃/၁၂၂) တုံကန်ချောင်းတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့မှ အဖွင့်အမှာစကား ပြောကြားကြပြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပဲနွယ်ကုန်း – ကျောက်တံခါးမြို့နယ် ဒေသခံများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တံတားအမှတ်(၃/၁၂၂) တုံကန်ချောင်းတံတားအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ညနေ(၅:၁၅)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ပဲခူးမြို့နယ်၊ ရွှေသံလွင်(ပျဉ်ပုံကြီး)လမ်း အသုံးပြုကောက်ခံရေးစခန်းအနီး ရန်ကုန်-တောင်ငူ-မန္တလေးလမ်းဟောင်း …

Read More »

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဇူလိုင် ၁ ==================================== မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်၍ ဇူလှိုင်လ(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဖြူးမြို့၊ မြို့နယ်ခန်းမ၌ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်တို့မှ အမှာစကား အသီးသီး ပြောကြားကြသည်။ ထို့နောက် ၂၀၁၆-၂၀၁၇ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းများနှင့် ဖြူးနယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ပေါင်း(၂၂၃)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့အား ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ …

Read More »

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI (2)

ဇွန် ၃၀(ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၃၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ ဥပဒေချုပ်ဦးအုန်းမြင့်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဆောင်ရွက်နေမှု့များ လိုက်လံကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူမျသည် နန်းတော်ရာရပ်ကွက်အတွင်းရှိ ဥဿာသီရိစာသင်တိုက်သို့ သွားရောက်ပြီး ပဲခူးတိုင်း ဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တဒေါက်တာသူရိယအား ဖူးမျှော်ခြင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ရောဂါ မဖြစ်ပွားစေရေးအတွက် ကျောင်းပတ်ဝန်းကျင်ရှိ ရေနှုတ်မြောင်းများ ရေမဝပ်စေရန် တူးဖော်မှုအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ရပ်ကွက်အတွင်း ဖုန်း၊သွန်၊လဲ၊စစ် ဆောင်ရွက်မှုနှင့် ခြင်ဆေးဖျန်းပေးခြင်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နန်းတော်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်စည်ပင်သာယာရေး ကော်မတီဝင်များအား ရပ်ကွက်အတွင်း ရေနှုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် အမြဲတမ်း …

Read More »