နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ Seoul Metropolitan Rapid Transit Corporation မှ တာဝန်ရှိသူများ လာရောက် တွေ့ဆုံ

FI

ဖေဖော်ဝါရီ  ၆ (ပဲခူး) ============================           (၆.၂.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက်၊ Seoul Metropolitan Rapid Transit Corporation မှ Mr. Min Sik Gong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။           အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Seoul Metropolitan Rapid Transit Corporation မှ Mr. Min Sik Gong က မိမိတို့အဖွဲ့သည် လက်ရှိကိုရီးယားနိုင်ငံ၊ မြေအောက်မီးရထားလမ်းအား တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပါကြောင်း၊ ယခုလည်း ရန်ကုန်ဘူတာကြီး …

Read More »

နှစ်(၇၀)ပြည့်‌မြောက် ပြည်‌ထောင်စု‌နေ့အကြို ပြည်သူပူးပေါင်းပါဝင်သော ပတ်ဝန်းကျင်သန့်ရှင်း‌ရေးပြုလုပ်

FI

ဖေဖော်ဝါရီလ ၄ (ပဲခူး) ===========================            ဖေ‌ဖော်ဝါရီလ(၄)ရက်‌နေ့၊ နံနက်(၇)နာရီအချိန်မှစတင်ပြီး ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ဦး‌ဆောင်ကာ နှစ်(၇၀)ပြည့်‌မြောက် ပြည်‌ထောင်စု‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် လူထုပူး‌ပေါင်း ပါဝင်‌သော ပတ်ဝန်းကျင်သန့်ရှင်း‌ရေး စု‌ပေါင်းလုပ်‌ဆောင်ခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။           ပဲခူးမြို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်ခြင်း ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ တပ်မတော်သားများ စုစုပေါင်း အင်အား(၁၂၀၀)ကျော်က ပဲခူးမြို့အတွင်း လမ်းဘေးဝဲ/ယာရှိ မြက်ပင်များ၊ အမှိုက်များ၊ ရေနုတ်မြောင်းများ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။         ပဲခူးမြို့ သန့်ရှင်းသာယာ‌ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း‌ရေးအတွက် လူထုပူး‌ပေါင်းပါဝင်‌သော ပတ်ဝန်းကျင်သန့်ရှင်း‌ရေး‌ ဆောင်ရွက်ခြင်းအား …

Read More »

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ   ၂ (ပဲခူး) ====================             (၂.၂.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ၂၀၁၇ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးမြို့၊ မိုးယွင်းကြီးအင်းဘေးမဲ့တော၊ ကြိုကြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဧည့်သည်တော်များမှ မိုးယွင်းကြီးအင်းအတွင်း စက်တပ်လှေများဖြင့် ဆောင်းခိုငှက်များအား လိုက်လံကြည့်ရှုကြသည်။               ၂၀၁၇ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်”ရေဝပ် ဒေသတွေ့ဟာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီး/ရေလျှံမှုများကို ကာကွယ်တားဆီးနိုင်ပြီး ဆန်စပါး၊ စားသုံးသီးနှံနှင့် ရေထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲနိုင်ရန်၊ ရေဝပ်ဒေသများကို အလေးထားထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဇီဝမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက်သာမက လူသားများအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကအခန်းကဏ္ဍမှာ အထောက်အကူပြုသော ရေဝပ်ဒေသဂေဟစနစ်များကို စနစ်တကျ …

Read More »

ဝန်ကြီးချုပ်ထံသို့ Trimble Solutions Corporation မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

ဖေဖော်ဝါရီ  ၁ (ပဲခူး) ============================           (၁.၂.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Trimble Solutions Corporation မှ Mr. Chris Tan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Trimble Solutions Corporation မှ Mr. Chris Tan က ပဲခူးဒေသတွင် အဆင့်မြင့်လျှပ်စစ်ဓာတ်အားပေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်လို၍ လာရောက်တွေ့ဆုံရ ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအား အဆင့်မြင့်ဒီဇယ်ဆီသုံး စက်သစ်ကြီးများဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ တပ်ဆင်ခြင်းစသည့် ဆက်စပ်လုပ်ငန်းများလည်း …

Read More »

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ  ၁ (ပဲခူး) ============================           (၁.၂.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။           အစည်းအဝေး၌ ဝန်ကြီးချုပ်က မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်အား အထိုက်အလျောက် ခံစားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ၎င်းသဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ ဖြစ်ပေါ်လာ ပါကလည်း အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းနှင့်အတူ ပြန်လည်ထူထောင် ရေးလုပ်ငန်းများလည်း ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာသည့် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ မှလည်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များအား တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ဝန်ကြီး ဦးကျော်မင်းစံက ယနေ့ကမ္ဘာတွင် …

Read More »