နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ Mr. Kim Toe Wan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

IMG_4526

နိုဝင်ဘာ ၉ ————————————     (၉.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပဲခူးတိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် 4NB Software VIDEO CONFERENCE အသုံးပြုနိုင်ရေး …

Read More »

ဝန်ကြီးချုပ် ထံသို့ UK aid မှ Mr. Marcus Teo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_4494

နိုဝင်ဘာလ   ၈ (ပဲခူး) ————————-           (၈.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ UK aid မှ Mr. Marcus Teo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။           အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးလှထွန်း တို့ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Mr. Marcus Teo က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် UK aid ရန်ပုံငွေဖြင့် လေအားလျှပ်စစ်စီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းများလည်း ဆောင်ရွက်ပေးနေသည့် …

Read More »

အင်း၊ဆည်များနှင့်‌ရေတံခွန်များအား အပန်း‌ဖြေစခန်းများအဖြစ် ‌ဆောင်ရွက်နိုင်‌ရေး‌ ကွင်းဆင်းစစ်ဆေး

FI

နိုဝင်ဘာ ၈ ————————————                (၈.၁၁.၂၀၁၆)ရက်‌နေ့ နေ့လည်(၁၂:၀၀)နာရီတွင် ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုး‌ရေး၊‌ မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦး‌အောင်‌ဇော်နိုင် ဦး‌ဆောင်‌သော “အင်း၊ဆည်များနှင့်‌ရေတံခွန်များအား အပန်း‌ဖြေစခန်းများအဖြစ် ‌ဆောင်ရွက်နိုင်‌ရေး‌ကော်မတီ” အဖွဲ့ဝင်များသည် ကွင်းဆင်း‌ လေ့လာခြင်းများ ‌ဆောင်ရွက်ခဲ့ပါသည်။‌              ရှေးဦးစွာ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ‌ဘောနီ‌ရေ‌လှောင်တမံနှင့် ဆက်စပ် ပတ်ဝန်းကျင် ‌ရေ‌မြေ ရှုခင်းတော‌တောင်သဘာဝ အ‌ခြေအ‌နေများအားလည်း‌ကောင်း၊ ဆက်လက်၍ ‌တောင်ငူခရိုင် ဖြူးမြို့နယ် ဖြူး‌ချောင်း‌ရေလွှဲဆည်နှင့် ဆက်စပ်ပတ်ဝန်းကျင် ‌ တော‌တောင်သဘာဝ ရှုခင်းများအား ကြည့်ရှု‌လေ့လာခဲ့သည်။

Read More »

ပဲခူးတိုင်း‌ဒေသကြီးအ‌ခြေခံပညာ‌ကျောင်း‌ပေါင်းစုံ စက်ဘီးစီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပပြုလုပ်

IMG_4476

နိုဝင်ဘာ  ၈ (ပဲခူး) ============  ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ပညာ‌ရေးဝန်ကြီးဌာနတို့ ပူး‌ပေါင်း၍ နိုဝင်ဘာလ (၈)ရက်‌နေ့၊ နံနက်(၆:၃၀) နာရီအချိန်က ပဲခူးမြို့၌ပဲခူးတိုင်း‌ဒေသကြီးအ‌ခြေခံပညာ‌ ကျောင်း‌ပေါင်းစုံ (၁ဝ)ကီလိုမီတာ စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။ ‌ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အ‌ခြေခံပညာ‌ ကျောင်း‌ပေါင်းစုံ (၁ဝ)ကီလိမီတာ စက်ဘီးစီးပြိုင်ပွဲအား‌ သေနတ်ပစ်‌ဖောက်၍ တာလွှတ်ဖွင့်လှစ်‌ပေးပြီး ပြိုင်ပွဲဝင်‌ကျောင်းသား‌ကျောင်းသူစက်ဘီးစီးအဖွဲ့တို့မှ‌ ရွှေ‌မော်‌ဓောဘုရားလမ်းရှိ တိုင်း‌ဒေသကြီးပညာ‌ရေးညွှန်ကြား‌ရေးမှုးရုံး‌ရှေ့မှ ပဲခူးတက္ကသိုလ်အနီး ချင်စုအထပ်သား စက်ရုံလမ်းထိပ်အထိ အသွားအပြန် စက်ဘီးစီး ပြိုင်ပွဲဝင်ကြသည်။ ထို့‌နောက်ပြိုင်ပွဲတွင် အမျိုးသားအမျိုးသမီးပထမရရှိသူတို့အား ဝန်ကြီးချုပ်ဦးဝင်းသိန်းမှလည်း‌ကောင်း၊ ဒုတိယနှင့် တတိယရရှိသူများအား လွှတ်‌တော်ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့မှလည်း‌ကောင်း၊ စတုတ္ထ၊ပဉ္စမနှင့်နှစ်သိမ့်ဆုရရှိသူများအား စည်ပင်သာယာ‌ရေးနှင့် လူမှု‌ရေးဝန်ကြီးဦး‌မောင်‌မောင်လွင်၊ တိုင်း‌ဒေသကြီးတာဝန်ခံ ပညာ‌ရေးညွှန်ကြား‌ရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တာဝန်ရှိသူတို့က ဆုများအသီးသီး‌ပေးအပ်ချီးမြှင့်ကြပြီး စက်ဘီးပြိုင်ပွဲဖြစ်‌အောင် ကူညီပံ့ပိုး‌ပေး‌သော Myanmar C.P Livestock Com အား ဆရာမကြီး‌ဒေါ်မြင့်မြင့်သန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်သည်။ အဆိုပါစက်ဘီးစီးပြိုင်ပွဲအား …

Read More »

ကြံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

FI

နိုဝင်ဘာ ၆ ——————————-          ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်၊ နံနက်(၀၉:၀၀)အချိန်က ရေတာမြို့နယ်၊ မြို့လှမြို့၊ သာသနဗိမ္မာန်၌ မြို့လှမြို့နယ်အတွင်း ကြံစိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။  ရှေးဦးစွာ ဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် မူဝါဒကြီး(၄)ရပ်ဖြင့် ဦးတည်သွား နေကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် စိန်ခေါ်မှုကြီး (၂)ရပ်ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် မြေယာပြဿနာများကို အဓိကထား ဖြေရှင်းဆောင်ရွက်နေရကြောင်း၊ ပြည်သူများအနေဖြင့် မဲပေးထောက်ခံ ခြင်းသာမကပဲ အစိုးရနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒီတွေ့ဆုံပွဲမှာ တောင်သူများအနေဖြင့်  အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း၊ မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်လိုရတဲ့ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။               ဆက်လက်ပြီး ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြို့လှသကြားစက်ရုံမှူးနှင့် ရေတာရှည်သကြားစက်ရုံမှူးတို့မှ သကြားထုတ်လုပ်နိုင်မှု၊ ကြံရာသီအတွင်း …

Read More »