နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

2

ဧပြီ ၁၀ (ပဲခူး) ======================= ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားအရှေ့ဘက်မုခ်ရှိ ဦးဝင်းကျောင်းတိုက်၌ ဧပြီလ(၁၀)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မီးလောင်ဆုံးရှုံးသွားသည့် ဦးဝင်းကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် ကျောင်းထိုင်ဆရာတော်ဦးဝံသပါလအား အလှူငွေကျပ်သုံးသိန်းလှူဒါန်းပြီး ကျောင်းတိုက်အတွင်းရှိ သံဃာအရှင်သူမြတ် အပါး(၃၀)အတွက် သင်္ကန်းစုံ(၃၀)အား လုံခြုံရေးနှင့်နယ်စပ်ရေးရာ  ဝန်ကြီးဗိုလ်ကြီး ခင်မောင်ဌေးနှင့် ဌာနဆိုင်ရာများက လှူဒါန်းကြသည်။ ဧပြီလ(၈)ရက်နေ၊ နံနက်(၃)နာရီအချိန်ခန့်က ဦးဝင်းကျောင်းတိုက်အတွင်းရှိ အလျား(၈၀)ပေ အနံ(၃၀)၊ အမြင့်(၁၈)ပေ နှစ်ထပ်ကျောင်းဆောင်(၁)လုံး လျှပ်စစ်ဝါကြိုး အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ် မီးလောင်သွားခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြန်လည်တည်ဆောက်ရန် ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး နော်ဝေနိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

FI

ဧပြီ ၁၀ (ပဲခူး) ==================================         ဧပြီလ(၁၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ထံသို့ ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နော်ဝေနိုင်ငံမှ Mr.Ola Nicholai (CEO, Norway Power Company Limited) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် Mr.Ola Nicholai က ပဲခူးဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဘိုင်းဒါးဆည်၊ တောင်ငူခရိုင်အတွင်းရှိ ဆွာတမံနှင့် ပြည်ခရိုင်အတွင်းရှိ တောင်နဝင်းဆည်တို့မှ ရေအားလျှပ်စစ် ထုတ်လုပ်မည့်စက်ရုံများ တည်ဆောက်သွားနိုင်ရန်အတွက် လာရောက်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည့်နေရာများ၌ ဆည်ဧရိယာအတွင်း ဆိုလာစနစ်ဖြင့်လည်း လျှပ်စစ်ဓာတ်အား ထုတ်ယူသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ စက်ရုံမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်၍ သုံးစွဲသူများအတွက် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရရှိနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိခြင်း စသည့်အာမခံချက်များ ရရှိမည်ဖြစ်ပါကြောင်းနှင့် စက်ရုံတစ်ခုလျှပ် (၃၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း တင်ပြခဲ့သည်။ …

Read More »

ပြည်သူ့အကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

FI

ဧပြီ ၁၀ (ပဲခူး) ======================================       ဧပြီလ(၉)ရက်နေ့၊ ညနေ(၃)နာရီမှ (၅)နာရီထိ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့် ဦးစီးတပ်ဖွဲ့ဝင် (၁၈)ဦးသည် လက်ပံတန်း မြို့နယ်၊ ရေပျံရွာသစ်ကျေးရွာသို့ သောက်ရေသန့်ဗူးကြီး(၁၇၀)ဗူး ဂါလံ(၈၅၀)ဂါလံ၊ တန်ဖိုးငွေ(၅၄၀၀ဝိ/-)နှင့် ဧပြီလ(၉) ရက်နေ့၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပြည်မြို့၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်တင့်ကြိုင် ဦးစီး တပ်ဖွဲ့ဝင် (၂၁)ဦးသည် ပြည်မြို့၊ ဘိုကုန်းအုပ်စု/ကျေးရွာ၊ ကျောက်လေးအိုးကျေးရွာနှင့် အောင်လံမြို့နယ်၊ ကျောက်အိုးကြီးကျေးရွာ၊ အာဏာရာလင်္ကာရဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်ပြီး သောက်ရေသန့်ဗူးကြီး(၄၀၀)ဗူး(၂၀၀၀)ဂါလံ၊ တန်ဖိုးငွေ(၁၅၅၀၀ဝိ/-) တို့အား ကျေးရွာနေပြည်သူများအတွက် အသီးသီး သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ နှစ်သစ်မင်္ဂလာ ဆုတောင်း

FI

ဧပြီ ၁၀(ပဲခူး) ===================================== မကြာမီ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်မှ ၁၃၇၉ ခုနှစ်သို့ ပြောင်းလဲရောက်ရှိတော့မှာဖြစ်ပါ တယ်၊ ပြည်သူအပေါင်း နှစ်သစ်နှင့်အတူ စိတ်သစ်၊ လူသစ်၊ နှလုံးသားသစ်၊ အယူအဆသစ်တွေနဲ့ မွွှမ်းထုံနိုင်ကြရန်၊ လောကချမ်းသာမှုကို ဆောင်ကြဉ်းတဲ့နေရာမှာ တူညီတဲ့ ဘုံသဘောတရားတစ်ခုကို အခြေခံပြီး မတူညီတဲ့အရာများကို စုစည်းနိုင်စွမ်းရှိတဲ့ နိုင်ငံသူ၊နိုင်ငံသားများဖြစ်စေနိုင်ကြရန်၊ အဆုံးမှာ ဘေးအန္တရာယ်ကင်းဝေးပြီး တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို အမြန်ဆုံး ရောက်ရှိခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Read More »

ပြည်သူအကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

FI

ဧပြီ ၉ (ပဲခူး) ==================================   ဧပြီလ (၉)ရက်နေ့ ၌ခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုတိယရဲမှူးကြီး စိန်မင်း ဦးစီးတပ်ဖွဲ့ဝင် (၃၂)ဦးသည် ကဝမြို့နယ်၊ စာဖြူစုကျေးရွာသို့ သောက်သုံးရေဂါလံ (၃၅၀၀)ဂါလံ၊ တန်ဖိုးငွေ(၁၈၅၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုရဲမှူးကြီး ကျော်စိုး၊ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေ ဦးစီးသော တပ်ဖွဲ့ဝင်(၃၄)ဦးမှ ကြို့ပင်ကောက်မြို့နယ်၊ သဲတွင်းကျေးရွာသို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀ဝ)ဂါလံ၊ စက်တိုင်ကုန်းရပ်ကွက်သို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀၀)ဂါလံ၊ စုစုပေါင်းတန်ဖိုးငွေ (၉၀၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီမြို့မစခန်းမှူး ဒုရဲမှူး လှသိန်းဦးစီးသော တပ်ဖွဲ့ဝင်(၁၆)ဦးသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ အောက်ချောင်းသုံးခွကျေးရွာ၊ ကျွဲသတ်ကျေးရွာတို့အား (၂၀)လီတာရေသန့်ဗူးကြီး(၁၀၀)ဗူး (၅၀၀)ဂါလံ၊ (၁)လီတာရေသန့်ဗူး(၃၀၀)ဗူး(၆၀)ဂါလံ၊ စုစုပေါင်းတန်ဖိုး(၉၅၀၀ဝိ/-)တို့အား ကျေးလက်နေပြည်သူ/သားများအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ အသီးသီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »