နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ UNDPမှ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_4963

ဒီဇင်ဘာ ၂ (ပဲခူး) ============================           (၂.၁၂.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           အခမ်းအနား၌ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue မှ မြန်မာနိုင်ငံမှာ ပံ့ပိုးမှုများအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ စီမံကိန်းဆောင်ရွက်မှုများအနေဖြင့် နောက်ဆုံးနှစ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ …

Read More »

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

FI

နိုဝင်ဘာ ၃၀ (ပဲခူး) ================================= ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲနွယ်ကုန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ CSO အဖွဲ့ဝင်များ၊ ဒေသခံတောင်သူလယ်သမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် မူဝါဒကြီး(၄)ရပ်ကို အခြေခံ၍ ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဥပဒေများကို လေးစားလိုက်နာကြစေလိုကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ မရှိကြောင်း၊ ယခင်က မိမိတို့အစိုးရအနေဖြင့် ပြည်သူများက ပေးဆောင်တဲ့ အခွန်ငွေ(၃၅%)ရရှိရာမှ ယနေ့အချိန်တွင်(၇%)သာ ရရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူကပေးတဲ့ အခွန်ငွေ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမှ ရရှိတဲ့ အခွန်ငွေ၊ နိုင်ငံတကာမှ ပံ့ပိုးပေးတဲ့ အခွန်များဖြင့် …

Read More »

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

20161128-1.2

နိုဝင်ဘာ ၂၈ (နေပြည်တော်) =================================== နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်နိုင်ငံလုံးနှင့် ဆိုင်သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ …

Read More »

ကျောင်းဆောင်သစ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ

15232102_436163443437787_6895812654203449015_n

နိုဝင်ဘာ ၂၇(ပဲခူး) ========================== ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်‌နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ အ‌ခြေခံပညာအလယ်တန်း‌ကျောင်းသို့ အလှူရှင် ဦး‌ကျော်နိုင်+ ‌ဒေါ်ကျင်လှ‌ (ဇောတိက သစ်စက်နှင့်ပရိ‌ဘောဂမိသားစု) တို့မှလှူဒါန်း‌သော ‌ကျောင်း‌ဆောင်သစ်အ‌ဆောက်အဦအား ပညာ‌ရေး ဌာနသို့ လွှဲ‌ပြောင်း‌ပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

Read More »

ဝန်ကြီးချုပ်နှင့်အဖွဲ့ တောင်ကိုရီးယားနိုင်ငံ KIC ရုံးချုပ်သို့ ရောက်ရှိ

22(5)

နိုဝင်ဘာ ၂၂ ============================ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်က ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea Industrial Complex(KIC) ရုံးချုပ်သို့ ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား တောင်ကိုရီးယားနိုင်ငံ၊ မြန်မာသံအမတ်ကြီး ဦးသူရသက်ဦးမောင်နှင့် Korea Industrial Complex(KIC)မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က Korea Industrial Complex(KIC)၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ၊ မြန်မာသံအမတ်ကြီး ဦးသူရသက်ဦးမောင်နှင့် Korea Industrial Complex(KIC)မှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။ ယင်းနောက် Korea Industrial Complex(KIC)မှ CEO, BAE-HO-CHO က (KIC)၏လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ပဲခူးမြို့နယ်အတွင်း တည်ဆောက်မည့် စက်မှုဥယျာဉ်မြို့တော်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ၊ မြန်မာသံအမတ်ကြီး ဦးသူရသက်ဦးမောင်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့တော်အား …

Read More »