နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

Two Step Loan ချေးငွေပေးအပ်သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဇူလိုင် ၂၃ (ပြည်) – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပြည်မြို့၊ မြို့တော်ခန်းမတွင် လယ်ယာလုပ်ငန်းကဏ္ဍနှင့် လယ်ယာမြေကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ထုတ်ချေးသော ချေးငွေများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် တောင်သူလယ်သမားထံသို့ ချေးငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် …

Read More »

ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

FI

ဇူလိုင် ၂၃ ==================================== ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်အတွင်း ကမ်းပါပြိုကျ၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများ၊ ရေဘေးသင့်အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှရွှေတောင်မြို့နယ်အတွင်း တရုတ်မှော်၊ ရှားပင်ကုန်း၊ ဒုရင်ဒုဘိုကျေးရွာများမှ ကမ်းပြို ခြင်းကြောင့် ပြောင်းရွေ့ရသည့် နေအိမ်(၇၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၁)သိန်း၊ ရွှေဟင်္သာ(စစ်ကုန်း)၊ ရွှေဟင်္သာ (ကျွန်းမီး)ရပ်ကွက်တို့မှ လေဘေးသင့် နေအိမ်(၁၃)လုံးအတွက် ထောက်ပံ့ငွေကျပ်(၆၁၃၂၀၀)၊ ရေဘေးသင့်လူဦးရေ (၁၀၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၂၀၇၁၀၀)၊ စုစုပေါင်းငွေကျပ် (၉၉,၂၀,၃၀၀)အား ထောက်ပံ့ပေးခဲ့ပြီး …

Read More »

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

Untitled-3

ဇူလိုင် ၂၃ ============================ ၂၃.၇.၂၀၁၇ ရက်နေ့တွင်  ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »