နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

နိုင်ငံတကာအဆင့်မီ လက်ကားဈေး(Whole Sale Center) တည်ဆောက်ရန် စီစဉ်ဆောင်ရွက်

FI (1)

မေ ၅ (ပဲခူး) ==================================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ ၅ ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပဲခူးမြို့၊ ကလိကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းထောင့်တွင် နိုင်ငံတကာအဆင့်မီ လက်ကားဈေး(Whole Sale Center) တည်ဆောက်ရန်အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ အဆိုပါအခမ်းအနား၌ ဝန်ကြီးချုပ်မှ “ပဲခူးမြို့သည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ လူဦးရေများပြားခြင်းနှင့်အတူ ယာဉ်ကြောကြပ်တည်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးများ အား မြို့ပြင်ဘက်တွင် ကြိုတင်နေရာပေး စီစဉ်ဆောင်ရွက်ရန် လိုအပ်လာပြီကြောင်း၊ နိုင်ငံတကာ အဆင့်မီ လက်ကားဈေး ဆောက်လုပ်မည့် ကုမ္ပဏီသည် ရန်ကုန်မြို့တွင်း၌ အဆင့်မြင့်ဈေးများ၊ Super Market များ ဆောက်လုပ်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်၍ အတွေ့အကြုံများစွာ ရှိနေ ကြောင်း၊ ပဲခူးမြို့အတွက် အမှန်တကယ် လိုအပ်သည့် ဈေးသစ်ကြီးတစ်ခုဖြစ်၍ …

Read More »

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပပြုလုပ်

FI

မေ ၅ (ပဲခူး) ========================= ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းကျောင်းလမ်းရှိ၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ မေလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ “မီးသတ်လုပ်ငန်းသည် ပြည်သူများ၏ ဘေးအန္တရာယ်များကို ပြည်သူလူထုနှင့် တစ်သားတည်းရှိပြီး ရင်ဆိုင်ဖြေရှင်းရတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်နေမှုများ ကာလရှည်ကြာ ထိန်းသိမ်းထားနိုင်ဖို့ စီမံဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်အသွယ်သွယ် လွတ်ကင်းစေဖို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ စတင်သန္ဓေတည် ပေါက်ဖွားလာခြင်းသည် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်တိုင်း မီးသတ်သမားကောင်း တစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်တဲ့ စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့နှင့် ပြည်သူကို အလုပ်အကျွေးပြုကြရန်၊ အထူးသဖြင့် မီးသတ်သမားတစ်ယောက်၏ နှလုံးအိမ်တွင်ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ …

Read More »

ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မေ ၄ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ မေလ(၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွင်းအ ကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းလျားထားချက်များ ကြိုတင်ညှိနှိုင်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးဒေါ်နော်ပွယ်စေးတို့က ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် သတင်းနှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို စုစည်းဖြန့်ဝေပေးနိုင်ပါက ပြည်သူများအတွက် အသုံးဝင်မည့်တန်ဖိုးရှိသည့် ဌာနတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ သတင်းနှင့်ပတ်သည့်ကိစ္စများကိုလည်း တိကျမှန်ကန်စွာ ဖြန့်ချီပေးနိုင်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားကြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးလှမျိုးအောင်မှ တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ …

Read More »