နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ဖလား(၄)ခရိုင် စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်

FI

ဧပြီ ၂၈ (ပဲခူး) ========================= ဧပြီလ(၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် သာယာဝတီ၊ ပြည်၊ ပဲခူး၊ တောင်ငူခရိုင်တို့မှ ပြိုင်ပွဲဝင် စစ်တုရင်အားကစားသမား (၄၀)ဦးတို့မှ အသက်(၂၀)အောက် စစ်တုရင်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ကစားနည်း(၃)မျိုးဖြင့် ဧပြီလ(၂၆)ရက်နေ့မှစတင်ကာ ယှဉ်ပြိုင်ကစားကြသည်။ ရှေးဦးစွာ စစ်တုရင်အားကစားသမားများ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး အသက်(၂၀)နှစ်အောက် စစ်တုရင်းပြိုင်ပွဲတွင် တစ်ဦးချင်းပထမရရှိသော သီဟမင်းခန့်(ပြည်ခရိုင်)၊ ဒုတိယရရှိသော အောင်သူဟိန်း(ပြည်ခရိုင်)၊ တတိယရရှိသော စောစွမ်းထက်ကိုကို(ပဲခူးခရိုင်)တို့အား ပဲခူးတိုင်းဒေသကြီး စစ်တုရင်ကော်မတီ ဥက္ကဌ ဦးအေးသန်းမှ ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲ တစ်ဦးချင်းပထမရရှိသော ဝင်းနိုင်ဦး(ပဲခူးခရိုင်)၊ ဒုတိယရရှိသော နန္ဒလင်းကိုကို(ပဲခူးခရိုင်)၊ …

Read More »

ပဲခူးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဧပြီ ၂၈ (ပဲခူး) ========================= ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရန်ကုန်မန္တလေးကားလမ်းဘေးရှိ ဥဿာကျော်ခန်းမ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံလျှပ်စစ်နှင့် အီလတ်ထရောနစ်လုပ်ငန်းရှင်များအသင်းနှင့် Bago CCI တို့ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာ “အမျိုးသားဒီမိုကရေစီအဖွဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ဥပဒေစိုးမိုးရေး လွဲချော်နေသည့်ကိစ္စများ ပြန်လည်တည့်မတ်ရေးအတွက် အားထုတ်ဆောင်ရွက်ရင်း တစ်နှစ်တာကာလ ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အားထုတ်ကြိုးပမ်းပြီး ရည်မှန်းချက်များကို အချိန်နှင့်အချိုးညီ လက်တွေ့ကျကျ ရောက်ရှိသွားစေရန်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် အချိန်ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယနေ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အဂတိတရားကင်းရှင်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စွမ်း အမြှော်အမြင်ရှိသော မိရိုးဖလားလုပ်ငန်းစဉ်များအနက်မှ …

Read More »

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၁၇) အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်

FI

နေပြည်တော် ဧပြီ ၂၇ ================================================= တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၁၇)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ တွင် ဥပဒေ၏ အနှစ်သာရ ရည်ရွယ်ချက် (၅) ရပ်ဖြစ်သည့် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့်သော ချေးငွေနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်၊ ထုတ်လုပ်မှုတိုးတက်ရေး အတွက် တောင်သူလယ်သမားများအား နည်းပညာ၊ …

Read More »

ဘက်စုံထူးချွန် ကျောင်းသားလူငယ်များအား အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစေလွှတ်

FI

ဧပြီ ၂၇ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးမှ ဘက်စုံထူးချွန် ကျောင်းသား/ကျောင်းသူ(၄၈)ဦးတို့အား ကြီးကြပ်ဆရာ/ဆရာမ (၆)ဦးနှင့်အတူ ဧပြီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်ခဲ့သည်။ အပန်းဖြေလေ့လာရေးခရီးစဉ် မသွားရောက်မီ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဘက်စုံပညာ ထူးချွန်လူငယ်များက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သြဝါဒခံယူပွဲကျင်းပပြုလုပ်ရာ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးမှ “နိုင်ငံတော်ဖွံ့ဖြိုးတက်ရန်အတွက် ပညာရေးသည် အထူးလိုအပ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတိုင်းသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍ မြင့်မားစေရန် ကျောင်းများအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ပညာရည်ထူးချွန်ဆုများပေးခြင်း၊ ပညာသင်ကြားမှု အခက်အခဲဖြစ်နေသော ကျောင်းသား/ကျောင်းသူများအတွက် …

Read More »

အမျိုးသားခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

နေပြည်တော် ဧပြီ ၂၆ ================================ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသည့် အရေးကြီးဦးစားပေးကဏ္ဍ( Urgent Priorities )များတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးကိုအထောက်အကူပြုသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါ၀င် နေကြောင်း အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသည်။ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇)တွင် ဒုတိယသမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ဒုတိယသမ္မတက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်နှစ်များအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အားနည်းချက်နှင့် အားသာချက်များကို သုံးသပ်ပြီး ဆက်လက်၍မည်သို့ဆောင်ရွက်ကြမည်၊ မည်သို့အကောင် အထည်ဖော်ဆောင်ရွက်ကြမည်၊ ပုဂ္ဂလိကပိုင်း အနေဖြင့် မည်သည်တို့ကိုလုပ်ဆောင် ကြမည်၊ နိုင်ငံတော်အစိုးရမှ မည်သည်တို့ကို ကူညီဆောင်ရွက်ရန် လိုအပ်မည် စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြမည်ဖြစ်သည့်အတွက် ယနေ့ကျင်းပသည့် အစည်းအဝေးသည် …

Read More »