နောက်ဆုံးရသတင်းများ

ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ဒိုက်ဦး) ====================== ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှကြီးမှူး၍ သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဘောနီဆည်အတွင်း ၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုမှာလည်း ပိုမိုမြင့်မားလာသည့်အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျ၊ စည်းကမ်းတကျ ဖမ်းဆီးကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘောနီဆည်အတွင်းသို့ ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာကြသူများက ငါးခုံးမကြီး(၁)သိန်းနှင့် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၂)သိန်း …

Read More »

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၅/၂၀၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

သြဂုတ် ၂၄ (ပဲခူး) ============================== သြဂုတ်လ (၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (၅/၂၀၁၈)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ ကိုထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ တိကျသောမူဝါဒများချမှတ်၍ အလေးပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချမှတ်ပြီး ဆောင်ရွက်နေသောလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များသုံးသပ်၍ ထိရောက်သော အကာအကွယ်ပေးရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကာအကွယ်ပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သတင်းကြိုတင်ပေါက်ကြားမှု မရှိစေရန် တိတိကျကျ စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း စီမံချက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက်  တက်ရောက်လာသော ကော်မတီဝင်များမှလည်းပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ …

Read More »

စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓါတ်အားနှင့် ဓါတ်မြေသြဇာထုတ်လုပ်နိုင်ရေး လာရောက်ဆွေးနွေး

FI

သြဂုတ် ၂၄ (ပဲခူး) ================ သြဂုတ်လ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Dynamic Engineering & General Trading Co., Ltd ၊ Chairman ဦးငြိမ်းမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ  Dynamic Engineering & General Trading Co., Ltd ၊ Chairman ဦးငြိမ်းမောင်က ဝက်မွေးမြူရေး၊ စွန့်ပစ်အမှိုက်များမှတစ်ဆင့် လျှပ်စစ်ဓါတ်အားနှင့် ဓါတ်မြေသြဇာထုတ်လုပ်နိုင်ရေးအား ကျွန်တော်တို့၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော ထိုင်းနိုင်ငံအခြေစိုက် Global Service Interlink Co., Ltd နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လိုပါကြောင်းကိုလည်းကောင်း၊ Global Service Interlink Co., Ltd, CEO . Dr. Ratanaporn Dharnmakosol က …

Read More »

ပြည်မြို့၊ သရေခေတ္တရာ(ပျူမြို့ဟောင်း) ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

သြဂုတ် ၂၃ (ပဲခူး) ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပြည်မြို့၊ သရေခေတ္တရာ (ပျူမြို့ဟောင်း) ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ ပျူမြို့ဟောင်းများထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ သည်။           ရှေးဦးစွာ ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ အထွေထွေ အတွင်းရေးမှူး ဦးသန်းထွန်းအောင်မှ သရေခေတ္တရာမြို့ဟောင်းအား ပြည်တွင်း/ ပြည်ပခရီးသွားများ လာရောက်လည်ပတ်စေရန် စီစဉ်ဆောင်ရွက်မည့် အစီအမံများအားလည်း ကောင်း၊ အီတလီနိုင်ငံ Progetto Continenti Co., Ltd မှ Mr. Massimo မှ ရှေးဟောင်းမြို့နယ်နိမိတ်အတွင်းရှိ တောင်သူများအား သြဂဲနစ်သီးနှံ စိုက်ပျိုးနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် နည်းပညာပေးခြင်းနှင့် စျေးကွက်ဖော်ဆောင်နိုင်ရေးကို လည်းကောင်း၊ Royal King Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုငယ်ထွေးမှ ပြည်မြို့နယ်အတွင်း ဟိုတယ်ဇုန် အကောင်အထည်ဖော်နိုင်ရေးကိုလည်းကောင်း …

Read More »

ပဲခူးမြို့နှင့် ပတ်ဝန်းကျင် ရေကြီးရေလျှံမှုအန္တရာယ်မှ လျော့နည်းသက်သာစေရန် လုပ်ငန်းစဉ်များအား Exp Ventures Co., Ltd မှ အကြံပြုရှင်းလင်းတင်ပြ

FI

သြဂုတ် ၂၃ (ပဲခူး) ================== သြဂုတ်လ (၂၃)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးမြို့နှင့် ပတ်ဝန်းကျင် ရေကြီးရေလျှံမှုအန္တရာယ်မှ လျော့နည်းသက်သာစေရန် လုပ်ငန်းစဉ်များအား Exp Ventures Co., Ltd မှ Professor ဦးတင်မောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်အကြံပြု ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Professor ဦးတင်မောင်က ယခုနှစ်ရေကြီးခြင်းသည် နှစ်ပေါင်း(၅၀)အတွင်း မှာ အကြီးမားဆုံးဖြစ်ပါကြောင်း၊ ဒီအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် ပဲခူးမြစ်သို့ စီးဝင် နေသည့် ချောင်းများ၊ ပဲခူးမြို့မှ ပြန်လည်ထွက်သွားမည့် ရေထွက်ပေါက်များ၊ မြစ်ပဲခူးရေတား တာများအခြေအနေကို ပြန်လည်စိစစ်ရန်နှင့် ရေဝင်/ရေစုကန်များ ဖော်ထုတ်ရန်နှင့် ရေထုတ်စနစ်များကို ပြန်လည်အဆင့်မြှင့်တင်နိုင်ရန်တို့အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ဘုရင့်နောင်မင်းတရားကြီးလက်ထက် ဟံသာဝတီမြို့ တည်ဆောက်ခဲ့စဉ်က ပဲခူးဒေသရေကြီးလျှံမှု လျော့နည်းသက်သာစေရန် မြို့ရိုးအပြင်ဘက်တွင် …

Read More »