နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ထံသို့ Korea Industrial Complex အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3762

အောက်တိုဘာလ  ၂၀ (ပဲခူး) ————————-       (၂၀.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Korea Industrial Complex အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Korea Industrial Complex အဖွဲ့၏ ပဲခူးမြို့သည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကြောင့် မကြာမီ အရှိန်အဟုန်ဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးမြို့အတွက် အနာဂတ် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများသည် အရေးကြီးပါ ကြောင်း၊ မြို့ပြစီမံကိန်းများအား စနစ်တကျ ရေးဆွဲခဲ့ခြင်းမရှိပါက ရေရှားပါးခြင်း၊ ယာဉ်ကြော ပိတ်ဆို့ခြင်း၊ …

Read More »

ဝန်ကြီးချုပ်ထံသို့ Trimble Solutions Corporation အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3749

အောက်တိုဘာလ  ၂၀ (ပဲခူး) ————————-        (၂၀.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Trimble Solutions Corporation အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Trimble Solutions Corporation အဖွဲ့၏ ကိုယ်စားလှယ်က မိမိတို့အဖွဲ့အနေ ဖြင့် ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင် မြို့နယ်(၄)ခု၏ လျှပ်စစ်ဓာတ်အား သွယ်တန်းထားမှုအပေါ် ကွင်းဆင်းစစ်ဆေးခွင့်ရရှိရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့တွင် ကွင်းဆင်းစစ်ဆေးခြင်းအား ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးရန်အတွက် ရန်ပုံငွေလည်း ရရှိထားပြီးဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက တွေ့ရှိချက်၊ ထပ်မံဖြည့်ဆည်း ဆောင်ရွက်သင့်သည့် …

Read More »

ဝန်ကြီးချုပ်ထံသို့ Habitat for Humanity အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3738

အောက်တိုဘာလ  ၂၀ (ပဲခူး) ————————-         (၂၀.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Habitat for Humanity အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊  စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမောင်မောင်လွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Habitat for Humanity အဖွဲ့၏ ကိုယ်စားလှယ်က မိမိတို့အဖွဲ့အနေဖြင့် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်းတိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၎င်းဒေသများသည် ရေငန်ဝင်ရောက်ခြင်း၊ ရေချိုရှားပါးခြင်းများ၊ ယင်လုံအိမ်သာ သုံးစွဲမှုအားနည်းခြင်း …

Read More »

ဝန်ကြီးချုပ်ထံသို့ Eilte Telecom Public Co., Ltd မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

IMG_3712

အောက်တိုဘာလ  ၁၉ (ပဲခူး) ————————-  (၁၉.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ Eilte Telecom Public Co., Ltd မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။           တွေ့ဆုံပွဲ၌ Eilte Telecom Public Co., Ltd ၏ ကိုယ်စားလှယ်က မိမိတို့ကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အမှန် တကယ် လိုအပ်လာမည့် Internet Service လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ပြည်သူများ သင့်တင့်သက်သာသော ဝန်ဆောင်ခဖြင့် ရရှိသုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ Fiber Cable ဆက်ကြောင်းများသည် …

Read More »

မင်းလှမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ကျင်းပ

1

အောက်တိုဘာ  ၁၉ —————————– (၁၉.၁၀.၂၀၁၆)ရက်နေ့၊ မွန်းလွဲ (၁၅:၃၀)အချိန်က မင်းလှမြို့နယ်၊ သရက်တစ်ပင်စိုက်ပျိုးရေး လူထုအခြေပြုစခန်းတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ မြေစာရင်း၊ ဆည်မြောင်းဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြဌာန်းထားသည့် တည်ဆဲဥပဒေနှင့်အညီ သာဆောင်ရွက်ရန်၊ ဥပဒေနှင့်အညီ မဆောင်ရွက်သော လုပ်ငန်းများအား တားဆီးအရေးယူဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်များအား ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုများ မပြုလုပ်ရန်လိုကြောင်း၊ ဥပဒေနှင့်မညီညွတ်ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြရာ၊ ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

Read More »