နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီလ ၂၈(ပဲခူး) =======================                  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့က  ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်တံခါးမြို့နယ်၊‌ တောကျွဲအင်းမြို့ (၁၆) ကုတင်ဆံ့‌ ဆေးရုံအား ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝန်းသိန်း၊ ပဲခူးတိုင်း‌ဒေသကြီး လွှတ်‌တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊         စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဦးညွှန့်‌ရွှေ၊‌ ကျောက်တံခါးမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များ သွား‌ရောက်စစ်‌ဆေးခဲ့သည်။                       ဆက်လက်၍‌ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောကျွဲအင်းမြို့၊ သစ်ဖြူဆိပ်တံတားနှင့် လမ်းပြင်ဆင်‌နေမှုကို သွား‌ရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းလျာထားချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

Read More »

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ

FI

ဇန်နဝါရီ ၂၈(ပဲခူး) =======================                        ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၌ ကျင်းပပြုလုပ်သော ကရင်အမျိုးသား ရိုးရာနှစ်သစ်ကူးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။                   အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်ဆေးနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖ စုစုပေါင်းအင်အား(၁၀၀၀)ကျော် တက်ရောက်ခဲ့သည်။

Read More »

ဝန်ကြီး ဦးအောင်ဇော်နိုင်မှ မြေသားလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်

FI

ဇန်နဝါရီ ၂၈(ပဲခူး) =============================            (၂၈.၁.၂၀၁၆)နံနက်ပိုင်းတွင် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး‌ရေး၊‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦး‌အောင်‌ဇော်နိုင်သည် ပဲခူးမြို့နယ် မြို့‌ရှောင်လမ်း မိုင်တိုင် ၇/၅ အနီးရှိ ဇိုင်းဂနိုင်းကြီး‌ကျေးရွာအုပ်စု ထားဝယ်အင်း‌ကျေးရွာ မြန်မာ ဆယ်မာအူးအွန်ဒုံစီမံကိန်း ‌ကျေးရွာသစ်လှုပ်ရှားမှု ‌မြေသားလမ်းဖွင့်ပွဲအား တက်‌ရောက်ဖွင့်လှစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးမြို့နယ် တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးညွှန့်‌ရွှေ၊ ဝန်ကြီးဌာန‌အောက်ရှိ တိုင်း‌ဒေသကြီး အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊‌ ကျေးရွာသူ‌ကျေးရွာသားများတက်‌ရောက်ပါသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ကလိ‌ကျေးရွာအနီး ဆည်‌ရေဌာနမှ ‌ဆောင်ရွက်လျှက်ရှိ‌သော ကလိ‌ချောင်းတူး‌ဖော်ခြင်း လုပ်ငန်းခွင်သို့ ‌ရောက်ရှိစစ်‌ဆေးခဲ့ပြီး၊ ကလိ‌ချောင်းတစ်‌လျှောက် တူး‌ဖော်ရန်လိုအပ်‌သော ‌နေရာများအား အပိုင်း(၃)ပိုင်းခွဲ၍ အလျား(၉) မိုင် ချဲ့ထွင်တူး‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကလိ‌ချောင်းတူး‌ဖော်ခြင်းလုပ်ငန်း‌ဆောင်ရွက်ပြီးလျှင် ပဲခူးမြို့နယ်အတွင်းရှိဘုရားကြီးမြို့နှင့် သရက်ကုန်း၊ ဝင်္ဂဘော်၊ သ‌ပြေရိုး၊ ဘုရားက‌လေး၊‌ ရွှေတန်‌ကျေးရွာများ ‌ရေကြီးနစ်မြုပ်မှုမှ ‌လျော့ပါးသက်သာလာ‌စေမည့်အပြင် လယ်‌မြေဧက (၂၀၀၀၀)ခန့်အား ‌ရေ‌တော် မိုး‌တော်ဧကများအဖြစ် …

Read More »

ဝန်ကြီးချုပ်ထံသို့ Woori Group Manufacturing Site မှ CEO, Mr In Ho Sub ဦးဆောင်သော ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

FI

ဇန်နဝါရီ ၂၅ (ပဲခူး) ============================           (၂၅.၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက် Woori Group Manufacturing Site မှ CEO, Mr In Ho Sub ဦးဆောင်သော ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။           အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်း၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ သည်။           တွေ့ဆုံပွဲ၌ Woori Group Manufacturing Site မှ CEO, Mr In Ho Sub က ပဲခူးမြို့နယ်အတွင်း စက်ရုံတည်ဆောက် ရန်အတွက် မြေဧရိယာ(၄၀၀)ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ …

Read More »

ပဲခူးတိုင်း‌ဒေသကြီး‌ ကျေးလက်လမ်းများဖွံ့ဖြိုး‌ရေးဆိုင်ရာမဟာဗျူဟာ(မူကြမ်း) အကြံဉာဏ်ရယူခြင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

FI

ဇန်နဝါရီ  ၂၅ (ပဲခူး) ==============================              ပဲခူးမြို့‌၊ ရွှေဝါထွန်းဟိတယ်၊ က‌မ္ဘောဇသာဒီခန်းမ၌ ဇန်နဝါရီလ(၂၅)ရက်‌နေ့၊ နံနက်(၉)နာရီအချိန်က စိုက်ပျိုး‌ရေး၊‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊‌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးတိုင်း‌ဒေသကြီး‌ ကျေးလက်လမ်းများဖွံ့ဖြိုး‌ရေး ဆိုင်ရာမဟာဗျူဟာ(မူကြမ်း) အကြံဉာဏ်ရယူခြင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ‌     ရှေးဦးစွာ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အမှစကား‌ပြောကြားရာတွင် “ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖို့ ဦးတည်‌ဆောင်ရွက်သည့်‌နေရာ၌ အ‌ခြေခံအ‌ဆောက်အအုံဖြစ်‌သော လမ်းနှင့်တံတားများဖွံ့ဖြိုးတိုးတက်‌ရေးသည် အ‌ရေးကြီးသည့် အချက်တစ်ခုအ‌နေဖြင့် ပါဝင်‌ကြောင်း၊ ပဲခူးတိုင်း‌ဒေသကြီးအ‌နေဖြင့်လည်း‌ ကျေးရွာချင်းဆက်သွယ်သည့်လမ်းများ၊ မြို့နှင့်‌ကျေးရွာ ဆက်သွယ်သည့်လမ်းများ လိုအပ်သ‌လောက်မရှိ‌သေး‌သော‌ကြောင့် ထပ်မံ‌ဆောင်ရွက်ဖို့များစွာကျန်ရှိ‌နေ‌ကြောင်း၊ ရာသီမ‌ရွေးသွားလာ နိုင်သည့် လမ်းများအဖြစ် အဆင့်မြှင့်တင်‌ဆောင်ရွက်သွားဖို့လို‌ကြောင်း၊‌ ကျေးလက်‌နေပြည်သူများ၏ လူမှုအကျိုးစီးပွားမြှင့်တင်ဖို့ ပညာ‌ရေး၊ ကျန်းမာ‌ရေးဆိုင်ရာကိစ္စရပ်‌တွေမှာ ပိုမို‌ကောင်းမွန်ရန်အတွက် လမ်းပန်းဆက်သွယ်‌ရေး‌ကောင်းမွန်ဖို့ ဦးစွာအ‌ရေးတကြီးလိုအပ်‌ ကြောင်း”‌ပြောကြားသည်။ ထို့‌နောက်‌ ကျေးလက်‌ဒေသဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးမြင့်ဦးမှ မိတ်ဆက်စကား‌ပြောကြားပြီး၊ ပဲခူးတိုင်း‌ဒေသကြီး‌ …

Read More »