နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဆယ်မိုင်ကုန်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသို့ ကွင်းဆင်းကြည့်ရှု

IMG_20160823_133240

သြဂုတ် ၂၃ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၃)ရက် နေ့လည်(၁၃:၃၀)နာရီတွင် ပဲခူးမြို့၊ ဆယ်မိုင်ကုန်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော စက်မှုသီးနှံဆိုင်ရာသင်တန်း ကျောင်းသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်တို့သည် သွားရောက်လေ့လာကြည့်ရှု ခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန၏ မွေးမြူရေးကြက်ခြံ၊ ငါးကန်၊ မှိုစိုက်ပျိုးရေး အဆင့်ဆင့် ဆောင်ရွက်မှုများ၊ နှစ်ရှည်ပင်စိုက်ပျိုးမှုသုတေသနနှင့် ပျိုးပွားကိုင်းဆက် စိုက်ပျိုးမှု များကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

Read More »

ပြန်လည်ထူထောင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များအတွက် အလှူငွေနှင့် ဆန်၊ဆီများ လာရောက်လှူဒါန်း

IMG_2536

သြဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ဆောင်ရွက်နိုင်ရန်အတွက် Asia World Foundation မှ အလှူငွေ နှင့် ဆန်၊ဆီများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြာကြားပြီးနောက် အလှူရှင် Asia World Foundation ၏ ဒါရိုက်တာ ဦးစိုးမြင့်သိန်းက အလှူငွေ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ ပဲခူးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် Asia World Foundation မိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)၊ ဆန်အိတ်(၅၀၀)နှင့်ဆီပိဿာ(၅၀၀)တို့ကိုလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ …

Read More »

ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

0-02-01-20fa3dfefcaf50af47a1aa3eb6ab855a187a9d5a8ae35e2131d87662d71eef70_full

သြဂုတ် ၂၃ ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရက်(၁၀၀)အတွင်း ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးအခမ်းအနားကို သြဂုတ်လ (၂၃)ရက်၊ နံနက် (၀၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက်၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးမင်းထိုက်က ရက်(၁၀၀)အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အပိုင်း(၃)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာတွင် အပိုင်း(၁) မှုခင်းကျဆင်းရေး၊ အပိုင်း(၂) နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့် အမှုရင်ဆိုင်နေကြသူများ နှင့်စပ်လျဉ်းသည့် အမှုများကို ရုပ်သိမ်း/ပိတ်သိမ်းနိုင်ရေး၊ အပိုင်း(၃) ဝန်ဆောင်မှုကို ရှေ့ရှုသောရဲလုပ်ငန်းစနစ်သို့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်းနှင့် အနှစ်သာရတိုးတက် အောင် မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် မှုခင်းအသိပညာပေးယာဉ်နှင့် ရဲမှုခင်းဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း …

Read More »

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များဆောင်ရွက်နိုင်ရန်အလှူငွေနှင့် ဆန်အိတ်များ လာရောက်လှူဒါန်း

IMG_2445

သြဂုတ် ၂၂ သြဂုတ်လ ၂၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် အလှူငွေနှင့် ဆန်အိတ်များ လှူဒါန်းပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် အလှူရှင်များကိုယ်စား ဦးခင်မြင့်(စိမ်းလဲ့မြေကုမ္ပဏီလီမိတက်)မိသားစုမှ အလှူငွေလှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

Read More »