နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

IMG_2931

စက်တင်ဘာ ၅ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးမြို့၊ အ.ထ.က(၃)ကျောင်းရှိ YMBAခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးတာဝန်ခံ ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်း အကြောင်း ပြောကြားပြီးနောက် လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမှတ်(၃)တပ်ဖွဲ့စုမှူး(ပဲခူး)၊ ရဲမှူးအောင်စိုးက လူမှောင်ခိုကူးမှုဆိုင်ရာများကို လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(၃၆)မှ ရဲအုပ်ထွန်းအောင်သိန်းက “အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဗိမာန်ဆုရှင် စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်(ပဲခူး)က “ကျန်းမာပျော်ရွင်ဒို့ဘဝအသွင်အစဉ် ဖွံ့ဖြိုးကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပေးခဲ့ကြသူများကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပညာရေးမှူးတာဝန်ခံဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က  ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက် KOICA Project Team အဖွဲ့မှ လာရောက်တွေ့ဆုံ

IMG_2742

သြဂုတ် ၂၉ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့၊ နေ့လည်(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ကိုရီးယားနိုင်ငံအခြေစိုက် KOICA Project Team အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ များ၊ KOICA Project Team အဖွဲ့မှ Mr. Koo Jeong Hyun    ဦးဆောင်သော အဖွဲ့ဝင် (၁၉)ဦး တက်ရောက်ခဲ့ပါသည်။ KOICA Project Team အဖွဲ့မှ Mr. Koo Jeong Hyun က ယခုလာရောက်တွေ့သည့် ကိစ္စကတော့ ရန်ကုန်-ဟံသာဝတီ-ပဲခူး Corridor နှင့် ရန်ကုန်အနောက်ပိုင်းဒေသဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်းအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပဲခူးမြို့ရဲ့ အဓိက …

Read More »

မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အတွင်းရှိ ဒေါ်ရှမ်းမရိုးတူးဖော်ခြင်းလုပ်ငန်း ကြည့်ရှု့လေ့လာ

IMG_20160828_181830

သြဂုတ် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ ညနေ(၆)နာရီ အချိန်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အတွင်းရှိ ဒေါ်ရှမ်းမရိုးတူးဖော်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါရိုးတူးဖော်ရခြင်းသည် ပတ်ဝန်းကျင်ဒေသရှိ ပြည်သူများ၏ လယ်ယာမြေများ၊ လူနေအိမ်များ၊ သာသနိကအဆောက်အဦများ ရေကြီးနစ်မြုပ်မှုမှ လျော့နည်းသက်သာစေရေးအတွက် တူးဖော်ပေးရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအား မြန်ဆန်ကောင်းမွန်စေရန်အတွက် လိုအပ်သည်များ မှာကြားသွားခဲ့ပါသည်။

Read More »

နတ်တလင်းမြို့နယ်အတွင်း ပျက်စီးသွားသည့် တံတားအမှတ်(၁/၅၅)အား သွားရောက်ကြည့်ရှု

IMG_20160828_155748

သြဂုတ် ၂၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အတွင်းရှိ လက်ပံတန်း-ထိန်တော-မိုးညို-တာပွန်-နတ်တလင်း လမ်းမိုင်(၅၄/၃-၄)အတွင်းရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအမှတ်(၁/၅၅)၊ R.C တံတားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါတံတားနေရာ၌ ယာယီပြန်လည်လည်ဆောက်မည့်(၂၄၀)ပေအရှည်ရှိ Span Bailey Bridge ၏ ပုံစံငယ်အား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ပါသည်။  

Read More »

သာယာဝတီခရိုင်အတွင်း မျိုးစပါး ထောက်ပံ့ပေးအပ်မှု

IMG_20160828_145212

သြဂုတ် ၂၈ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ ညနေ(၄)နာရီအချိန်၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၁၅၀၀)တင်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More »