နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ် ယာဉ် လွှဲပြောင်းပေးအပ်

ပဲခူး မတ် ၇ ==============           တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား မတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် Sino-Howo Truck မီးငြှိမ်းသတ်ယာဉ် (၃)စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက်များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံ ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေး ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး လုပ်ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုကို အခြေခံပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူး မတ် ၄ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြေဧရိယာ(၄၀)ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ် စွမ်းအား တိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရေး စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြစ်၍ မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေအား စနစ် တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားရောဂါနှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် မေ ၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၂)ရက်နေ့က ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ပန်းတောင်းမြို့နယ်၊ ဗောဓိတစ်ထောင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်တစ်ဦး၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ၊ လုပ်ငန်းတာဝန်များနှင့် ရပ်ရွာဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည် မတ် ၂ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့၊ အထွေထွေရောဂါကု တိုးချဲ့(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်၊ သတ်မှတ်အခန်းများအလိုက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အချိန်မီတပ်ဆင်သွားရန်နှင့် ဆေးရုံဝန်းအတွင်း မြေယာ ရှုခင်းများ လှပသေသပ်စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် မတ် ၁ ============= ဒေသကွဲကပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဧည့်ခန်းမနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတို့၌ မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင်းရှိ မြို့ပေါ်ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးကိစ္စရပ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား နေ့ညမနား စွမ်းစွမ်းတမံဆောင်ရွက်နေမှုအပေါ် ပြန်လည်ကျေးဇူး တုံ့ပြန်သောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့ပေါ် ဈေးသူ/ဈေးသားများက အသင့်စား စားသောက်ဖွယ်ရာများ လှူဒါန်းရရှိမှုကို ယနေ့လာ‌ရောက်ပံ့ပိုး ထောက်ပံ့ပေးရခြင်းကြောင်း ဂုဏ်ပြုအမှာစကား …

Read More »