Home / Bago Manager ZWL

Bago Manager ZWL

သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံ နွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၁၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ထားမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာသို့ရောက်ရှိခဲ့ပြီး ကျိုက်ပဒိုင်ကွင်းသည် ရေကြီးရေနက်ကွင်းဖြစ်ပြီး ယခင်က ရေကျနောက်စိုက် နွေစပါး(၁)သီးသာ လယ်မြေအနည်းငယ်တွင် စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သော်လည်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ယခုအခါ နွေစပါး(၂)သီး၊ မြေ ဧရိယာ(၂၀၂၀)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်ကို လက်တွေ့တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့်  မိရိုးဖလာစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၊  မျိုးကောင်းမျိုးသန့် ပြောင်းလဲခြင်း နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံလယ်သမားများ၏ စိုက်ပျိုးမြေများ အဆင့်မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ အချိန်တိုအတွင်း တိုးတက်ထုတ်လုပ် ရရှိခဲ့ခြင်းကို …

Read More »

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၅ ===========           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတု ဆေးဝါးများ၊ အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအား အရင်းအမြစ်များ ပျက်စီးဆုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဌာန်းရခြင်းဖြစ်ကြောင်း၊ စားသုံးသူများသည် …

Read More »

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၁၄ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်း က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာသို့ ရာနှုန်းပြည့် ကူးပြောင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေစပါးစိုက်ဧကများသည် တစ်နှစ်(၃)သီး စိုက်ဧကများဖြစ်၍ ရာသီချိန်မီစိုက်ပျိုးနိုင်ရန် လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါ၊ ကြံ၊ မြေပဲတို့အား စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ပေးနိုင်ခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခဲ့ပြီးဖြစ်၍ လာမည့်နှစ်တွင် ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ထပ်မံကြိုးစားဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ နေကြာအား သီးညှပ်အစား အမှန်တကယ်စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာများ သေချာစိစစ်ရွေးချယ်၍ သီးသန့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ အေးချမ်းလုံခြုံစွာ ဖြေဆို နေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းလုံခြုံစွာ တက္ကသိုလ် ဝင်တန်း(Grade-12) စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးမှ တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းကျန်းမာရေး များ စနစ်တကျထားရှိသွားရန်နှင့် စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြု

ပဲခူး မတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြုထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ တပ်မတော်စစ်ပစ်ကွင်း၌ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အကွာအဝေး မီတာ(၁၀၀) လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ၌ အမှတ်ပေးစနစ်ဖြင့် ပူးတွဲပထမဆုရရှိသူ(၂)ဦးအတွက် တစ်ဦးလျှင်ကျပ်(၂)သိန်းစီ၊ ဒုတိယဆု ရရှိသူအတွက် ငွေကျပ်(၁)သိန်း၊ ပူးတွဲတတိယဆုရရှိသူ(၂)ဦးတွက် တစ်ဦးလျှင်ကျပ်(၇)သောင်းစီ ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ တပ်မတော်သားများတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မတ် ၉ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံဝန်းအတွင်း အစဉ်အမြဲ သန့်ရှင်း သပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မဟာကလျာဏီသိမ်တော်ကြီးစာသင်တိုက် အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရှေးဟောင်းဘုရားစေတီပုထိုး များအား သန့်ရှင်းရေးပြုလုပ်ပြီးပါက ထုံးသင်္ကန်းနှင့် ရွှေဆေးများ ပြန်လည်ကပ်လှူပူဇော်ရန်၊ ရေတွင်း ရေကန်အဟောင်းများ ပြန်လည်တူးဖော်ပေးရန်နှင့် လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …

Read More »

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ

ပဲခူး မတ် ၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး အသင်း၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။          ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစား သမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း …

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၈ ===============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်တို့နှင့် အမျိုးသားများ၏ လူသားအကျိုးပြုမှုတွေကို အသိ အမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ် ယာဉ် လွှဲပြောင်းပေးအပ်

ပဲခူး မတ် ၇ ==============           တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား မတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် Sino-Howo Truck မီးငြှိမ်းသတ်ယာဉ် (၃)စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက်များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံ ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေး ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး လုပ်ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုကို အခြေခံပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူး မတ် ၄ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြေဧရိယာ(၄၀)ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ် စွမ်းအား တိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရေး စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြစ်၍ မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေအား စနစ် တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားရောဂါနှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ …

Read More »