Home / Bago Manager ZWL (page 30)

Bago Manager ZWL

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ များ တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၇ =====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက  (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများ တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများက အားကစား နည်းအလိုက် ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၈)၊ စုစုပေါင်း(၁၉)ခု ရယူနေပေးနိုင်ခဲ့သည့် အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေးအတွက် ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို …

Read More »

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၆ ================= ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာ ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများ ဖော်ထုတ် ပေးလျက်ရှိပြီး စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန်ဆန္ဒရှိသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာမြို့နယ် ထွန်စက်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို …

Read More »

ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်အတိုင်း လူသားတိုင်းတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၅ ================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပလတ်စတစ်များသည် လူသားတို့အတွက် အကျိုးပြုသလို ၎င်းတို့ကို စတင်ထုတ်လုပ်သည်မှစ၍ စွန့်ပစ်သည်အထိ လူသားနှင့် ပတ်ဝန်းကျင်အပေါ် များစွာ ဆိုးကျိုးသက်ရောက်နိုင်ပြီး ဆွေးမြေ့ရန်ခက်ခဲခြင်း၊ ထုတ်လုပ်စဉ်နှင့် မီးရှို့ဖျက်ဆီးချိန်တွင် အီသိုင်လင်းအောက်ဆိုဒ်နှင့် ဒိုင်အောက်ဆင်ကဲ့သို့ အဆိပ်ဓါတ်ငွေ့များ ထွက်ရှိကြောင်း၊ ယင်းအဆိပ်ဓါတ် ငွေ့များသည် လူခန္ဓာကိုယ်၏ သွေးနှင့်ဆီးထဲသို့ ဝင်ရောက်ကာ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပြီး ကင်ဆာ …

Read More »

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄ ================ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်းဖွင့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ စီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းနှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် မေလ ၃၁ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/သူများ သက်တောင့် သက်သာ ပညာသင်ကြားနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်း ပြည့်စုံမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သီးသန့်အထူးခန်းများ ထည့်သွင်းရန်နှင့် ဆေးရုံရှေ့ ခေတ်မီလှပသော Landscaping Design များဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ တိုက်နယ် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီး …

Read More »

ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇွန် ၂ =================           ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုအား ဇွန်လ (၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ကျောင်းအပ်လက်ခံမှု၊ ကျောင်း တက်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာသင်ကျောင်းအလိုက် စာသင်ခုံနှင့် စာသင်ခန်းများ ပြန်လည်ပြုပြင်ရန်၊ ခေတ်မီကလေးကစားကွင်း ဖြည့်ဆည်းပေးရန်၊ ကျောင်းအတွင်း သန့်ရှင်းသပ်ရပ်စေရေး နှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ကျောင်းတွင်းဘက်စုံသုံးခန်းမများ ပြန်လည်ပြုပြင်ပေး ရန်နှင့် ကျောင်းရှေ့ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး လူကူးမျဉ်းကြားများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၁ ===================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မစျေးကြီးသို့ ရောက်ရှိခဲ့ပြီး စျေးရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးနှင့် စျေးရုံများအတွင်း ကြမ်းခင်းကြွေပြား ခင်းပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဈေးရုံးများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကာ စျေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် သီရိ ခေတ္တရာရတနာမြို့တော်ခန်းမသို့ ရောက်ရှိခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး နို့စားနွားမွေးမြူရေးသီးသန့်ဇုန် အကောင်အထည် ဖော်ဆောင်ရွက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေဗီယာမြက် စိုက်ပျိုးရေး ဧရိယာ၊ တိရစ္ဆာန်အမျိုးအစားအလိုက် သီးသန့်မွေးမြူရေးဇုံများ ပိုင်းခြားသတ်မှတ်ရန်၊ ရေရရှိရေး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ သံရည်ကျိုလုပ်ငန်း နည်းပညာဖွံ့ဖြိုးမှုသင်တန်းဖွင့်ပွဲ ကျင်းပ ပြုလုပ်

ပဲခူး မေ ၂၅ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်တာကျေးရွာ၌ သံရည်ကျို လုပ်ငန်း နည်းပညာဖွံ့ဖြိုးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားအား မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်  ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၏ (၉၀)ရာခိုင်နှုန်း ကျော်သည် MSMEs စီးပွားရေးလုပ်ငန်းဖြစ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအား ဖွဲ့စည်း၍ ကဏ္ဍအလိုက် လိုအပ်ချက်များအား အနီးကပ်ကြီးကြပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သံရည်ကြို လုပ်ငန်းအများစုတွင် မိရိုးဖလာနည်းအတိုင်း သဲကြမ်းကို အသုံးပြုသဖြင့် ကုန်ပစ္စည်းအရည်အသွေးကျဆင်း ပြီး …

Read More »

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၆ ===================== ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။             ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်၏ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း မြင့်မားရေးကိုဦးတည်ပြီး အခြေခံပညာကျောင်း …

Read More »

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသား အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့် အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာ ဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူ့အဖွဲ့အစည်း ရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်း၊ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ …

Read More »