Home / ပဲခူးမြို့နယ် / e-Government စနစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် City Capital Developmet မှ လာရောက်တွေ့ဆုံ

e-Government စနစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် City Capital Developmet မှ လာရောက်တွေ့ဆုံ

သြဂုတ် ၈ (ပဲခူး)

================================================

သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က သယံဇတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံထံသို့ e-Government စနစ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် City Capital Developmet မှ လာရောက်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ City Capital Developmet မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်နိုင်က မိမိတို့ ကုမ္ပဏီသည် စင်္ကာပူနိုင်ငံ၌ e-Government စနစ်နှင့်ပတ်သက်ပြီး (၁၀) နှစ်ခန့် လုပ်ငန်းအတွေ့အကြုံ ရှိပြီးသားဖြစ်ပါကြောင်း၊ လက်ရှိအနေဖြင့် နေပြည်တော်ကောင်စီ စည်ပင်သယာရေးအဖွဲ့တွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ e-Government စနစ်ကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းချိန် သက်သာခြင်း၊ စာရွက်စာတမ်း ထိန်းသိမ်း/အသုံးပြုမှု အထိုက်အလျောက်လျော့သွားခြင်း၊ လုပ်ငန်းပိုမိုမြန်ဆန်ခြင်း၊ သတင်းအချက်အလက် မြန်ဆန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ အကြမ်းရေးဆွဲထားသည့် eOffice အသုံးပြုနည်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးက မိမိတို့အစိုးရသည် e-Government အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ကြိုးစားလျက်ရှိကြောင်း၊ ဒီစနစ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ပြည်သူဘက်မှလည်း အချိန်နှင့်တစ်ပြေးညီ စာပေးပို့ခြင်း၊ တင်ပြခြင်းများကို ဆောင်ရွက်နိုင်သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်လည်း အကျိုးကျေးဇူး ရရှိနိုင်ကြောင်း၊ အဓိကအားဖြင့် လုံခြုံသည့် Network စနစ်ပါရှိနေ၍ နှစ်သက်မှုဖြစ်ကြောင်းနှင့် ယခုလို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ e-Government စနစ်တစ်ခု အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လာရောက်ရှင်းလင်းတင်ပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 တွေ့ဆုံပွဲသို့ ဝန်ကြီး ဦးကျော်မင်းစံ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်  City Capital Developmet မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။