နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ရေတာရှည်မြို့တွင် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံအဆောက်အဦသစ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇွန် ၃ (ရေတာရှည်) ================================ ဇွန်လ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေပြည်ကုန်းကျေးရွာ၊ ဘိုးတော်ကုန်းကွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ(၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ရေတာရှည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံတွင်လူသားများ ပေါ်ပေါက်နေထိုင်မှုနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီးတကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယခေတ်များတွင် မိမိတို့တိုင်းရင်းဆေးပညာဖြင့် မိမိတို့ရပ်တည်ခဲ့ကြောင်း၊ နိုင်ငံတော်မှ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် နှစ်စဉ်ကျန်းမာရေးအတွက် …

Read More »

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တွင် ပဲခူးတြိုင်းဒေသကြီးမှ (၃၀.၇၀)ရာခိုင်နှုန်းအောင်မြင်၊ (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦးပေါ်ထွက်

FI

ဇွန် ၂ (ပဲခူး) ================================== ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအား ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာအသီးသီးတွင် ထုတ်ပြန်ပေးထားရာ ပဲခူးတိုင်းဒေသကြီးမှ အောင်ချက်ရာခိုင်နှုန်း (၃၀.၇၀)ရာခိုင်နှုန်းအောင်မြင်ပြီး (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦး ပေါ်ထွက်လာကြောင်းသိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူ(၆၉၃၉၃)ဦး ဝင်ရောက်ဖြေဆိုရာ (၂၁၃၀၄)ဦးအောင်မြင်ကြသည်။ အဆိုပါအောင်မြင်သူများအနက်မှ (၆)ဘာသာဂုဏ်ထူး(၅)ဦး၊ (၅)ဘာသာဂုဏ်ထူး(၃၂)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၈၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃၁၈)ဦး၊ (၂)ဘာသာဂုဏ်ထူး(၉၁၇)ဦး၊ (၁)ဘာသာဂုဏ်ထူး(၅၆၁၃)ဦးရရှိကြပြီး မြန်မာစာဂုဏ်ထူး(၆၄)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူး(၃၂)ဦး၊ သင်္ချာဂုဏ်ထူး(၇၄၃)ဦး၊ ဓာတုဂုဏ်ထူး(၁၁၅၆)ဦး၊ ရူပဂုဏ်ထူး(၄၁၈)ဦး၊ ဇီဝ(၁၇၉၆)ဦး၊ ပထဝီ(၄၈၈)ဦး၊ သမိုင်း(၇)ဦး၊ ဘောဂ(၄၆၁၅)ဦး ဂုဏ်ထူးအသီးသီးရရှိကြသည်။ (၆)ဘာသာဂုဏ်ထူးရရှိမှုအနေဖြင့် ပဲခူးခရိုင်မှ(၃)ဦး၊ တောင်ငူခရိုင်မှ(၁)ဦး၊ ပြည်ခရိုင်မှ(၁)ဦး စုစုပေါင်း(၅)ဦးရရှိကြပြီး ဖြေဆိုအောင်မြင်မှုအနေဖြင့် ပဲခူးခရိုင်မှ(၂၆၂၂၁)ဦး ဖြေဆိုရာ (၇၆၃၁)ဦးအောင်မြင်၊ တောင်ငူခရိုင်မှ (၁၀၆၄၃)ဦးဖြေဆိုရာ (၅၂၉၄)ဦးအောင်မြင်၊ သာယာဝတီခရိုင်မှ (၁၂၉၉၀)ဦးဖြေဆိုရာ (၄၁၈၃)ဦးအောင်မြင်၊ ပြည်ခရိုင်မှ(၁၂၀၉၀)ဦးဖြေဆိုရာ (၄၁၉၆)ဦးအောင်မြင်ကြောင်း သိရသည်။ ထို့အတူ …

Read More »

နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေး

FI

ပဲခူး မေ ၃၀ =============================           မေလ(၃၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က ပဲခူးမြို့၊ ဥဿာမြို့သစ် အမှတ်(၉)ရပ်ကွက်၊ အထူးဇုန်(၆)ရှိ မြေဧရိယာ(၂၈)ဧကပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ အဆိုပါမြေပေါ်တွင် တိုင်းဒေသကြီးအစိုးရမှ နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဖယ်ရှားရှင်းလင်းနိုင်ရေးကို ၂၀၁၇ ခုနှစ်၊ မေလ(၃၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ (၁)နှစ်ကြာမြင့်နေသည့်တိုင်အောင် ဖယ်ရှားရှင်းလင်းခြင်း မရှိသောကြောင့် အစိုးရမှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း အပြီးတိုင်ဖယ်ရှားပေးရန် ညွှန်ကြားလာသဖြင့် အဆိုပါမြေနေပေါ်တွင် နေထိုင်သော ကျူးကျော်(၁၇)ဦး၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အား ဖယ်ရှားရှင်းလင်းပေးနိုင်ရန်နှင့် မဖယ်ရှားပါက …

Read More »

အရေးပေါ် မုန်တိုင်း သတိပေးချက်

33786454_1834900626555755_8745973498347782144_n

မေ ၂၉ (ပဲခူး) ====================== အနီရောင်အဆင့် မုန်တိုင်းငယ် ၁၂ နာရီအတွင်း ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်မည် ၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက် – အနောက် တောင်ဘက် မိုင်(၆၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (ခ) အဆိုပါ မုန်တိုင်းငယ်သည် …

Read More »

ပဲခူးမြို့တွင် ပထမဦးဆုံးသောကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့်သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်းဖွင့်လှစ်

FI

မေ ၂၉ (ပဲခူး) ================================= ပဲခူးမြို့တွင် ပထမဦးဆုံးသော ကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့် သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်း BRILLIANT BAGO SCHOOL(BBS) ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကျောင်းအုပ်ဆရာမကြီး Miss Principles နှင့် ကျောင်းတာဝန်ခံ ဒေါ်ဖြူနှင်းစံတို့က BRILLIANT BAGO SCHOOL (BBS) ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါ BRILLIANT BAGO SCHOOL (BBS) အား ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ဖွင့်လှစ်ထားရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ အသက်(၂)နှစ်မှ(၃)နှစ်အရွယ် ကလေးငယ်များကို …

Read More »