နောက်ဆုံးရသတင်းများ

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များဆောင်ရွက်နိုင်ရန်အလှူငွေနှင့် ဆန်အိတ်များ လာရောက်လှူဒါန်း

IMG_2445

သြဂုတ် ၂၂ သြဂုတ်လ ၂၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် အလှူငွေနှင့် ဆန်အိတ်များ လှူဒါန်းပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် အလှူရှင်များကိုယ်စား ဦးခင်မြင့်(စိမ်းလဲ့မြေကုမ္ပဏီလီမိတက်)မိသားစုမှ အလှူငွေလှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

Read More »

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲ ကျင်းပ

yaydashae1

   ရေတာရှည် သြဂုတ် ၂ဝ။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ ကွင်းအမှတ် (၆၇ဝ-ခ)တောင်သူ ဦးချို၏ လယ်ကွက်၌ စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၄၈)စက်မှု လယ်ယာစခန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပကြောင်း သိရသည်။      အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေတာရှည်မြို့နယ် ဝန်းကျင်မှ တောင်သူ ၄ဝဝ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည်။ ထို့နောက် လာရောက် လေ့လာကြသော တောင်သူများကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က စပါးပျိုးထောင်နည်း စနစ်၊ ပျိုးပင်များ ထားသိုပုံ စနစ်များကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး …

Read More »

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန် (ကျားမင်းကြီးကုမ္ပဏီလီမိတက်) မိသားစုမှ အလှူငွေ လာရောက်လှူဒါန်းခြင်း

IMG_2422

သြဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ (ကျားမင်းကြီး ကုမ္ပဏီလီမိတက်)မိသားစုမှ အလှူငွေကျပ်(၂၅)သိန်းကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန် ဦးခင်မောင်ဝင်း+ဒေါ်သန်းသန်းနွဲ့ (အုတ်တွင်းကြယ်နီဆေးပေါ့လိပ်)မိသားစုမှ အလှူငွေ လာရောက်လှူဒါန်းခြင်း

IMG_2416

သြဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သြဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ဦးခင်မောင်ဝင်း+ဒေါ်သန်းသန်းနွဲ့(အုတ်တွင်းကြယ်နီဆေးပေါ့လိပ်)မိသားစုမှ အလှူငွေကျပ်(၅၀)သိန်းကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။  

Read More »