နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဖေဖော်ဝါရီ ၄ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း (၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များအတွက် သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်း များနှင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ ===============================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်းများနှင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ လမ်းဖွင့်ပွဲနေရာသို့ ရောက်ရှိလာရာ တိုင်းရင်းသား အကြီးအကဲတစ်ဦးမှ ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး ဘုရားသုံးဆူအဝင်လမ်း ဂဝံရောမြေခင်းခြင်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်း ဂဝံရောမြေ ခင်းခြင်း ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပဲခူးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိက လမ်းတည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ၎င်းနောက် …

Read More »

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ =============      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးလမ်းညွှန်မှု၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ပြုလုပ်သည်။       (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများ ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှလည်းကောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်မှ တာလွှတ်ပေး ခဲ့ပြီး မီနီမာရသွန်အမျိုးသား၊ အမျိုးသမီးအား ကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ ယှဉ်ပြိုင်ပြေးရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့်နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇန်နဝါရီလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း(၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များ အတွက်သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် အဓိကအားဖြင့် ကျေးရွာများသို့ ကျေးရွာထင်းစိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

ပြည် ဇန်နဝါရီ ၃၀ ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၂၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အမှတ်(၃)အကြီးစားစက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၃)အကြီးစား စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၏ စက်ရုံမှူး ဦးမျိုးအောင်ခိုင်မှ တည်ဆောက်ရခြင်း ရည်ရွယ်ချက်၊ စက်ရုံလည်ပတ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းပိုင်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့၊ စက်မှုဇုန်အတွင်း ဝါဂွမ်းမှ ချည်ထည်၊ ချည်ထည်မှ ဆေးဆိုးပန်းရိုက်လုပ်ငန်းအထိ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံများရှိကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်း လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေး …

Read More »