နောက်ဆုံးရသတင်းများ

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး  Liquid Oxygen Tank Station စတင်တပ်ဆင်တည်ဆောက်

ဩဂုတ်လ ၂၆ ရက် ————————-      ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဘတ်ဂျက်ဖြင့်ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။        အဆိုပါ Liquid Oxygen Tank Station ၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ Liquid Oxygenအား Oxygen Tank Station အတွင်းသို့ ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် Gas Oxygen ပြန်လည်ထုတ်လုပ်ပေးသော စနစ်ဖြစ်၍ ယခုတည်ဆောက်လျှက်ရှိသော Oxygen Tank Station၏ ဝင်ဆံ့မှုမှာ တန်ချိန်(၃၀)ဖြစ်ပြီး Gas Oxygen ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် ၄၀လီတာအိုး (၁၆၀၀)ခန့်၊ တစ်နာရီခွဲလျှင် အောက်စီဂျင်(၄၀)လီတာအိုး အလုံး(၈၀)အထိ ထုတ်လုပ်ဖြည့်သွင်း …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

ဒိုက်ဦး ဇူလိုင် ၂၄ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက် နေ့၊ ည(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ၊ ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်စီဂျင်လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးအား ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံထောက်ပံ့ခြင်း

ပဲခူး ဇူလိုင် ၂၄ ===============================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ (၂၂)ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပရဟိတအလုပ် သည် လူတိုင်းလုပ်ကိုင်နိုင်ရန်ခက်ခဲပြီး အချိန်နှင့်ဘဝ ပေးဆပ်နေရသည့် သူရဲကောင်းများဖြစ်သည့် အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ၌ ကျန်းမာရေးဝန်ထမ်းများနည်းတူ ရှေ့တန်းမှကာကွယ်နေရသည့် အသင်းအဖွဲ့များဖြစ်ကြောင်း၊ ပရဟိတသဘောသည် ပရ-အများ၊ ဟိတ-အကျိုးလို့ အနက်အဓိပ္ပာယ်ရသည့်အတွက် ပရဟိတ အသင်းအဖွဲ့များသည် အများအကျိုး၊ အများကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ရောဂါဘေးအမျိုးမျိုးတို့တွင် ပရဟိတအသင်းအဖွဲ့များ၏ လုပ်ဆောင်မှုကဏ္ဍသည် ရှေ့တန်းမှပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီး ကောင်စီအနေဖြင့် ပရဟိတအသင်းအဖွဲ့များကို …

Read More »

ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၃ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၃/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ပြောကြားချက်များကို သိရှိစေရန်နှင့် မြို့နယ်အလိုက် ဆောင်ရွက်ချက်များကို သိရှိလို၍ မှန်မှန်ကန်ကန် တင်ပြပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် အသွင်ပြောင်း Delta Virus  ရောဂါပိုးဖြစ်၍ ကူးစက်မှုအလွန်မြန်ကြောင်း၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများ ထပ်မံတိုးချဲ့ဆောင်ရွက်၍ ကုသမှုပေး နိုင်ရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူး ဇူလိုင် ၂၁ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် KM Healthcare Myanmar Co., Ltd မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းသည်။           ရှေးဦးစွာ KM Healthcare Myanmar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE Level(1) ဝတ်စုံ(၁၀၀၀)ခု၊ PPE Level(2) ဝတ်စုံ(၁၀၀၀)ခု၊ ဦးထုပ်(၁၀၀၀၀)လုံး၊ (၁၀၀၀)ခုတို့အား လှူဒါန်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်လွှာ …

Read More »