နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၉ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နေ့စဉ် COVID-19 ရောဂါပိုးတွေ့ရှိမှုသည် ကူးစက်ပြန့်ပွားမှု အလွန်မြန်သော မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ် ပိုးဖြစ်၍ ကြိုတင်ကာကွယ်ရေးသာလျှင် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား အခန်းများကန့်ထားသည့် Facility Quarantine သို့ တိုက်ရိုက် ထားရှိရန်၊ လူအချင်းချင်း ကူးစက်သည့် ရောဂါပိုးဖြစ်၍ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ကျောင်းများ၊ ATM …

Read More »

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁)အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၉ —————————          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေ သည့် အခြေအနေများနှင့် Sudey Industrial Myanmar Co., Ltd ၊ Myanmar Yarn & Fabric Technology နှင့် Panko Bago Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့ဆောင်ရွက်လိုသည့် အမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက အကြုံပြုဆွေးနွေး …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၈ —————————          ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ဇွန်လ(၂၈) ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။       ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှု ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစား စိတ်ပါဝင်စားသူ များမှ ကြည့်ရှုအားပေးကြရာ ပဲခူးခရိုင်အသင်းက သာယာဝတီခရိုင်အသင်းအား (၄:၃) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဒုတိယဆုရရှိသော သာယာဝတီခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးတင်သိန်းကလည်းကောင်း၊ ဂိုး၊ နောက်တန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ ရန်ကင်းသာပန်းခြံ တည်ဆောက် ပြုပြင်နေမှုအား ကြည့်ရှု

ပဲခူး ဇွန်၂၇ —————–         ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၇) ရက်နေ့ နံနက်ပိုင်းအချိန်က ကောင်စီဝင်(၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု ကြသည်။       ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့အား ရန်ကင်းသာပန်းခြံအဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရာတွင် တာဝန်ယူဆောင်ရွက် နေသည့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော ဖျားနာကုအခမဲ့ဆေးခန်းသို့လည်းကောင်း၊ ညဈေး ဖွင့်လှစ်မည့် ရုံးကြီးရပ်ကွက်၊ ပြည်တော်သာလမ်းအား လမ်းလယ်ကျွန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား …

Read More »

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 ပဲခူး ဇွန် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းဦးဆောင်၍ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့်ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိ၍ သက်ဆိုင်ရာမြို့နယ်များအနေဖြင့် မိမိတို့၏ မြို့နယ်အတွင်း ပြည်သူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေး ပိုစတာများစိုက်ထူခြင်းများ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါ သံသယရှိသူများအား များများစစ်နိုင်မှသာ မြန်မြန် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ Stay at Home ကြေငြာထားသည့် …

Read More »