နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၆ =========           ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ  ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုများ လျော့ကျလျက် ရှိသော်လည်း ပေါ့ဆ၍မရကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘာသာရေးအဆောက်အဦများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ထပ်မံလေဆိပ်ဧရိယာတိုးချဲ့ရန် အခက်အခဲများရှိနေ သဖြင့် ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ထွက်ပေါက် ဧရိယာအတွင်း ရှိသည့် ပဲခူးမြို့တွင် ၁၉၉၄ ခုနှစ်၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီမံကိန်းစတင်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အဆင့်မှ လေဆိပ်ဖြစ်မြောက်နိုင်ရေး ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်စေရန် ကျူးကျော်စာရင်းကောက်ယူခြင်း၊ လျော်ကြေးငွ ပေးချေခြင်း၊ လေဆိပ်ပတ်လမ်း ပေ(၁၀၀)အကျယ် ဖော်ထုတ်ခြင်းနှင့် မြေယာပိုင်ဆိုင်မှု ရရှိနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်အလိုက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ဆန်၊ဆီ ထောက်ပံ့ပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၂၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်များအား ဆန်၊ဆီ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဌာနစိတ်အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေ ကြသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မပျက် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူး တင် ဝမ်းမြောက်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေသော ဝန်ထမ်းများအနေဖြင့် လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ မိမိလုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်ရန်နှင့် တာဝန်သိစွာဖြင့် လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်သူများကို တစ်စုံတစ်ရာ အရေးယူမှုများ ပြုလုပ် မည်မဟုတ်ကြောင်း ကြေညာထားသည်ကို တာဝန်ရှိသူ အဆင့်ဆင့်က အသိပေးပြောကြားထား စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၀ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအား Online Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရေးပေါ်ကာလ(၁)နှစ်အတွင်း ဆောင်ရွက်မည့် Road Map (၅)ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ COVID-19ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးတွင် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ်ကာလ အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက …

Read More »

ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ကပ်ရောဂါကြောင့် တစ်နှစ်တာကာလ စီးပွားရေးနှောင့်နှေးမှုကို ပြန်လည်ကုစားနိုင်ရေး အရှိန်အဟုန် ဖြင့်ဆောင်ရွက်ရာတွင် ဒေသတွင်းလုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ လက်ရှိ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ဆဲလုပ်ငန်းများကိုလည်း စည်းကမ်း၊ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွေဖည်မှုမရှိစေဘဲ စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်ရှိကြောင်း၊ …

Read More »