နောက်ဆုံးရသတင်းများ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

နေပြည်တော် ၊ သြဂုတ် ၉ ============================================ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပင်လယ်ကမ်းရိုးတန်း နှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က မြန်မာနိုင်ငံ၏ ပင်လယ်ကမ်း ရိုးတန်းသည် ၂၈၃၂ ကီလိုမီတာရှည်လျားပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ရာ နေရာ ဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲနှင့် ပြည့်ဖြိုးမြဲမဟုတ်သည့် သယံဇာတများ ပေါများသည့် …

Read More »

e-Government စနစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် City Capital Developmet မှ လာရောက်တွေ့ဆုံ

FI

သြဂုတ် ၈ (ပဲခူး) ================================================ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က သယံဇတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံထံသို့ e-Government စနစ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် City Capital Developmet မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ City Capital Developmet မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်နိုင်က မိမိတို့ ကုမ္ပဏီသည် စင်္ကာပူနိုင်ငံ၌ e-Government စနစ်နှင့်ပတ်သက်ပြီး (၁၀) နှစ်ခန့် လုပ်ငန်းအတွေ့အကြုံ ရှိပြီးသားဖြစ်ပါကြောင်း၊ လက်ရှိအနေဖြင့် နေပြည်တော်ကောင်စီ စည်ပင်သယာရေးအဖွဲ့တွင် ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ e-Government စနစ်ကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းချိန် သက်သာခြင်း၊ စာရွက်စာတမ်း ထိန်းသိမ်း/အသုံးပြုမှု အထိုက်အလျောက်လျော့သွားခြင်း၊ လုပ်ငန်းပိုမိုမြန်ဆန်ခြင်း၊ သတင်းအချက်အလက် မြန်ဆန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ အကြမ်းရေးဆွဲထားသည့် …

Read More »

ဖာလာ​စေ့စိုက်​ပျိုး​ထုတ်​လုပ်​မှု ဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်

FI

သြဂုတ် ၈ ========================== (၈.၈.၂၀၁၇) ရက်နေ့၊ နံနက်(၁၁:ဝဝ)အချိန်က ရင်ပြည်နယ်သံတောင်ကြီးမြို့၌ ဖာလာစေ့စိုက်ပျိုးထုတ်လုပ်မှုနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုပ်သည်။ အဆိုပါအခမ်းအနားသို့  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်၀င်း၊  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး  ဦးညွန့်ရွှေ၊ မြန်မာ့လယ်ယာဘဏ်မှ ပြည်နယ်/တိုင်းဒေဿကြီး မန်နေဂျာများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read More »

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်

FI

သြဂုတ် ၈ (ပဲခူး) =================================== ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး၌ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက သင်ခန်းစာဘာသာရပ်များအား သင်ကြားပို့ချသည်။ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များ ချမှတ်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး စီမံချက်ပါအတိုင်း ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အမြန်ဆုံးစုစည်းနိုင်ရေးနှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ ဒေသများသို့ အရေးပေါ် ဖြစ်ပွားလာချိန်တွင် …

Read More »