နောက်ဆုံးရသတင်းများ

ဂျပန်နိုင်ငံမှ ODA ချေးငွေအဆင်သင့်ဖြစ်နေ၍ လေဆိပ်နှင့်ပတ်သက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား မြန်မြန်ဆန်ဆန်ပြီးပြတ်အောင် ဆောင်ရွက်ရန် ဒုတိယသမ္မတ(၂)မှ လမ်းညွှန်မှာကြား

3

 ဒီဇင်ဘာ ၁ (ပဲခူး) ===================================      ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းလုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူ လာရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် နောက်ခံသမိုင်းကြောင်းနှင့် စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ တင်ဒါခေါ်ယူမှုနှင့် ရွေးချယ်ခဲ့မှုအခြေနေ၊ ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးမှုကော်မတီနှင့် ဆွေးနွေးခဲ့မှုအခြေအနေ၊ လေဆိပ်ဖွံ့ဖြိုးရေး Infrastructure  အခြေခံလိုအပ်ချက်များ၊ DCA မှ လေယာဉ်ကွင်းဧရိယာအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဌာနပိုင်အမည်ပေါက် ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော်မတီ(၄)ရပ် ဖွဲ့စည်းထားရှိပြီး ကျူးကျော်နေထိုင်သူများအား …

Read More »

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

FI

ဒီဇင်ဘာ ၁ (ပဲခူး) ===================================      ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ရှေးဦးစွာ စည်ပင်သာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က နိုင်ငံတော်၏ အဓိကကျသည့် လူစွမ်းအား အရင်းအမြစ်များကို ထိခိုက်နစ်နာဆုံးရှုံးစေသော ရောဂါဆိုးကြီးအား တိုက်ဖျက်သည့်နေရာတွင် ကာကွယ်တားဆီးရေးလုပ်ငန်းများကို အဓိကထားပြီး ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ AIDS ရောဂါသည် ထိန်းချုပ်ကုသလို့ရသည့် နာတာရှည်ရောဂါဖြစ်သည့်အတွက် ဝေဒနာရှင်များမှ မှန်ကန်သည့်ဆေးဝါး ကုသမှုရအောင်လည်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဆေးဝါးကုသပေး သည့်အပြင် ဝေဒနာရှင်များ မိသားစုဝင်များ၊ မိဘမဲ့ကလေးများကိုလည်း ခွဲခြားဆက်ဆံခြင်းမရှိ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးဘို့လိုအပ်ကြောင်း၊ ဒီလိုအရေးကြီးတဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လက်တွဲပြီး အဖွဲ့အစည်းအသီးသီး အပြင် လူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နောင်အနာဂတ်တွင် AIDS ရောဂါဆိုးကြီး၏ …

Read More »

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်းအတွင်း ပါဝင်သွားသော ရာဘာခြံရှင် များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

 နိုဝင်ဘာ ၃၀ (ပဲခူး) ===================================      နိုဝင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်း အတွင်း ပါဝင်သွားသော ရာဘာခြံရှင်များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယခု လျော်ကြေးငွေ ပေးချေနိုင်ရေးအတွက် မြေပြင်အခြေအနေ ကွဲလွဲချက်များအား ထပ်မံကွင်းဆင်း စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေပေးလျော်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်၍ အလေအလွင့်မရှိ စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လေဆိပ်စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ အကျိုးစီးပွား များစွာဖြစ်ထွန်းနိုင်မည်ဖြစ်၍ ရာဘာခြံရှင်များ အနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ကွင်းဆင်းစိစစ် ခြင်း၊ လျော်ကြေးငွေ ပေးချေခြင်းလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရာဘာပင်အလိုက် သက်တမ်းကွာခြားချက်များအား ရာဘာလုပ်ငန်းရှင်များအသင်း …

Read More »

အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၈ (ပဲခူး) =================================== နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်လွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့သည် တာဝန်ရှိသူများနှင့်အတူ အုတ်ဖိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်နေသော (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ အဆောက်အဦ ဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ (၂)ထပ်ကုသဆောင်သည် (၁၃၄’×၅၆’)ရှိပြီး ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် (၃၁၆၈)သိန်းကျော်ဖြင့်လည်းကောင်း (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာသည် ခွင့်ပြုငွေကျပ် (၅၆၄၂)သိန်းကျော်ဖြင့်လည်းကောင်း SUN SU CONSTRUCTION CO;LTD မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလအကုန်တွင် လုပ်ငန်းအားလုံးပြီး စီးမည်ဖြစ်ကြောင်း သိရသည်။

Read More »

အုတ်ဖိုမြို့ ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲနှင့် ရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၈ (ပဲခူး) ================================== နိုဝင်ဘာလ(၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံ၌ (၂၁)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲ၊ မြတ်စွယ်တော်အား အပူဇော်ခံရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းနှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့လယ်နှစ်ထပ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာန မောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ အမှုးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဌနှင့် သာသနာ့ဗိမာန် သြဝါဒါစရိယ ဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်တော် မဂ္ဂင်သော့များကို နာယကကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဖွင့်လှစ်ပေးပြီး အပူဇော်ခံ ရွှေကြာပလ္လင်ထက်သို့ ဆရာတော်ကြီးများ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် …

Read More »