နောက်ဆုံးရသတင်းများ

တောင်သူလယ်သမားဘ၀ မြင့်မားရေးသည် တိုင်းပြည်၏ အဓိကစီးပွားရေးနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဇူလိုင် ၁၄ (ပဲခူး) ==================================================           ဇူလိုင်လ (၁၄)ရက်နေ့၊ မွန်းလွဲ(၂)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ Tow Step Loam ချေးငွေကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ချေးငွေကိစ္စရပ်များနှင့်ပတ်သက်၍ စာရင်းဇယားမှန်ကန်ရေးသည် အရေးကြီးကြောင်း၊ တောင်သူလယ်သမားဘဝ မြင့်မားရေးအတွက် ချေးငွေများ ရရှိအောင် အစိုးရမှ အခွင့်လမ်းများ ဖန်တီးပေးနေသလို၊ တောင်သူများဘက်မှလည်း မှန်ကန်တိကျစွာ ပြန်လည်ပေးချေ ရန်လိုအပ်ကြောင်း၊ ရရှိသည့် ချေးငွေအပေါ် အမှန်တကယ် လယ်ယာလုပ်ငန်းခွင်အတွက် အသုံးပြု မှသာ ရေရှည်အတွက် အဆင်ပြေနိုင်ကြောင်း၊ ယခုလို JICA နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပေါင်းစပ်ပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ချေးငွေထုတ်ချေးပေးမည့်အပေါ် မိမိတို့အစိုးရမှ လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင် …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုပေးပွဲကျင်းပပြုလုပ်

FI

ဇူလိုင် ၁၄ (ပဲခူး) ==================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းမှ ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက (၆)ဘာသာဂုဏ်ထူးရှင်များနှင့် (၅)ဘာသာဂုဏ်ထူးရှင်များ၊ တစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူ၊ တိုင်းဒေသကြီးအဆင့် အမှတ်အများဆုံးရရှိသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် မြို့နယ်များ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဘာသာရပ်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများနှင့် ပညာရည်ချွန်ဆုများ …

Read More »

ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

4

ဇူလိုင် ၁၃ (ပဲခူး) ==================================== ဇူလိုင်လ(၁၃)ရက်နေ့၊ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံး ဆိုင်းဘုတ်တင်ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဥပဒေရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေတို့မှ အဖွင့်အမှာစကားပြောကြားကြပြီး ဥပဒေချုပ်ဦးအုန်းမြင့် ရုံးခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း ၊သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှ ဥပဒေဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။ ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံးအား ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ဥပဒေရုံးလမ်းရှိ တိုင်းဒေသကြီး ဥပဒေရုံးအောက်ထပ်တွင် အဖွဲ့ဝင်(၈)ဦးဖြင့် ဖွဲ့စည်းဖွင့်လှစ်ထားရှိပြီး …

Read More »

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

ဇူလိုင် ၁၂ (ပဲခူး) ============================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဇူလှိုင်လ(၁၂)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က Yangon Transformer & Electrical Co., Ltd မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က အမှာစကားပြောကြားကြသည်။ ထို့နောက် အလှူရှင် သီတဂူဦးမောင်သောင်း (Yangon Transformer & Electrical Co.Ltd)မှ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အုတ်ဖိုမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား အလှူရှင် သီတဂူဦးမောင်သောင်းမှ တိုင်းဒေသကြီး …

Read More »