နောက်ဆုံးရသတင်းများ

အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း

FI

စက်တင်ဘာ ၁၅ (ပဲခူး) ===================================== စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးက ဒီမိုကရေစီစနစ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့်အရာသည် ပြည်သူတိုင်း အခွန်ထမ်းဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရန် လိုအပ်ကြောင်း၊ ဒါမှသာ အစိုးရမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများ၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု တည်ဆောက်ရာတွင် အခွန်တာဝန်ကျေပွန်စွာ ပေးဆောင်ခြင်းသည် အစိုးရအတွက် ခွန်အားတစ်ခုဖြစ်စေနိုင်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်း(၄၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ …

Read More »

ထူးခြားမိုးလေဝသ သတင်းထုတ်ပြန်ချက်

Rain

ထူးခြားမိုးလေဝသအခြေအနေ (၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသအခြေအနေအမှတ်စဉ်(၀၄/၂၀၁၇) ———————————- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) သည် (၁၅.၉.၂၀၁၇)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri)သည် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ၎င်းအားကောင်းသော အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် (၁၆.၉.၂၀၁၇) ရက်နေ့မှ (၁၉.၉.၂၀၁၇)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း …

Read More »

ဥပဒေအရာရှိ ကျင့်ဝတ်ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိနိုင်စေရန် ရှင်းလင်းပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၄ (ပဲခူး) ========================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ကျင့်ဝတ်တရားဝင် ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိစေနိုင်ရန် ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကဏ္ဍအသီးသီးမှာ ကျင့်ဝတ်ဆိုတာရှိကြောင်း၊ တပ်မတော်မှာဆိုရင်လည်း စစ်သည်ကျင့်ဝတ်၊ ရဲမှာဆိုရင်ရဲကျင့်ဝတ်၊ ဝန်ထမ်းမှာဆိုရင် ဝန်ထမ်းကျင့်ဝတ်၊ တရားသူကြီးဆိုရင်လည်း တရားသူကြီးကျင့်ဝတ် စသည်ဖြင့် အသီးသီးရှိကြကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ် ထုတ်ပြန်နိုင်တာကို အစိုးရအဖွဲ့အနေဖြင့် ဝမ်းပန်းတသာကြိုဆိုကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်ကို ပြည်သူများသိရှိခြင်းဖြင့် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ဥပဒေအရာရှိတွေအနေဖြင့် ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု အားနည်းခဲ့ရင် အများပြည်သူတို့၏ တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေးကိုအ ထောက်အကူမပြုနိုင်တဲ့အတွက် ထိခိုက်လာနိုင်သည့်အပြင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း၊ ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိရေးအတွက် ဥပဒေအရာရှိများအနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းစံထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက် New Life Koren magazine မှ Chief Editor လာရောက်တွေ့ဆုံ

FI

စက်တင်ဘာ ၁၃ (ပဲခူး) ================================== စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက် New Life Koren magazine မှ Chief Editor, Mr. Shin Sung Hyun မှ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လာရောက်မေးမြန်းသည်။ ရှေးဦးစွာ Mr. Shin Sung Hyun က ပဲခူးတိုင်းဒေသကြီး၏ သဘာဝနှင့်လိုက်လျောညီထွေ မှုဖြစ်စေမည့် ခရီးသွားလုပ်ငန်းများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ ကိုရီးယားနိုင်ငံနှင့် လူမှုရေး စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အနာဂတ်စီမံကိန်းနှင့် ပဲခူးမြို့အတွင်း တစ်ရက်စာ ခရီးသွားလာနိုင်သည့် နေရာများ စသည်တို့ကို မေးမြန်းခဲ့သည်။ ထို့နောက် ဝန်ကြီးက ပဲခူးတိုင်းဒေသကြီးသည် သစ်တောဖုံးလွှမ်းမှု …

Read More »