နောက်ဆုံးရသတင်းများ

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အလိုက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ တင်ဒါခေါ်ယူခြင်း

ပဲခူး ဇန်နဝါရီ ၃ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာာယာရေးအဖွဲ့များမှ အရပ်ရပ်အခွင့်အရေးလိုင်စင် တင်ဒါခေါ်ယူနေမှုများအား သိရှိနိုင်ပါရန် အသိပေး ကြေညာအပ်ပါသည်—— မြို့နယ်အလိုက် အပြည့်အစုံကြည့်ရှုရန်——————————– ပဲခူး သနပ်ပင် ကဝ ဝေါ

Read More »

ပြည်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ တင်ဒါခေါ်ယူခြင်း

ပဲခူး ဇန်နဝါရီ ၃ ပြည်ခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာာယာရေးအဖွဲ့များမှ အရပ်ရပ်အခွင့်အရေးလိုင်စင် တင်ဒါခေါ်ယူနေမှုများအား သိရှိနိုင်ပါရန် အသိပေး ကြေညာအပ်ပါသည်—— မြို့နယ်အလိုက် အပြည့်အစုံကြည့်ရှုရန်——————————– ပြည် ပန်းတောင်း ရွှေတောင် ပေါက်ခေါင်း

Read More »

ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေး အသိပညာပေးစည်းရုံးဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၆ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံများဖြစ်သည့် ပဲအမျိုးမျိုးနှင့် နေကြာများစိုက်ပျိုးရာတွင် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာများရွေးချယ်ခြင်း၊ စိုက်ပျိုးရေ ရရှိရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး လိုအပ်ပါက ဆိုလာရေတင်စနစ်ဖြင့် ချက်ခြင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထား စိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာများအား ကွင်းဆင်းရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာပညာရပ်များ သင်တန်းပေးခြင်းများ ဆောင်ရွက်သည့်အပြင် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း …

Read More »

သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၅ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်း(ပဲတီစိမ်း)စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများအား တောင်သူလက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲပေးရန်နှင့် နွေစပါး စိုက်တောင်သူများအတွက်လည်း အချိန်နှင့်တစ်ပြေးညီ သွင်းအားစုများ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေငန်ဝင်ရောက်သည့် သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် မြေလပ်မရှိ စိုက်ပျိုး နိုင်ရေး ဆားငန်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထားစိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် Packing …

Read More »

ပဲခူးမြို့ ဒီဇင်ဘာလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၂၄ =============        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်များနှင့်အတူ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့သည်။      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့မှစတင်၍ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုလမ်း၊ တောင်ငူလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်အထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)နှင့်(၂)တို့အား စုပေါင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။         အဆိုပါ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား(၃၆၀၀)ဦးကျော် တက်ရောက်ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းများဖြင့် ကျွေးမွေးဧည့်ခံကြ ကြောင်း သတင်းရရှိသည်။

Read More »